Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 17, 2015

ခါးပိုက္ႏိႈက္အဖဲြ ့ဖမ္းမိ


ရန္ကုန္၊ ေအာက္တိုဘာ ၁၇

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုးမွ တပ္ဖြဲ႕၀င္မ်ားသည္ ခါးပိုက္ႏိႈက္မႈ၊ ခိုးမႈ၊ လုယက္မႈမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ သတင္းစံုစမ္းေဆာင္ရြက္ခဲ့ရာ ၿမိဳ႕နယ္မ်ားအတြင္း အငွားယာဥ္ျဖင့္ လွည့္လည္သြားလာကာ ခါးပိုက္ႏိႈက္မႈမ်ား က်ဴးလြန္ေသာအဖဲြ႕ရွိေၾကာင္း သတင္းရရွိသျဖင့္ ဖမ္းဆီးရမိေရးအတြက္ ၁၂.၁၀.၂၀၁၅ရက္ေန႔ ၀၃၃၀ အခ်ိန္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သုဓမၼာလမ္းမႀကီး၊ ကန္သာယာကားမွတ္တိုင္၌ ေစာင့္ၾကည့္စံုစမ္းေနစဥ္ မွတ္တိုင္သို႔ဆိုက္ေရာက္ လာေသာ အမွတ္(၄၃)ယာဥ္လိုင္း ဒိုင္နာခရီးသည္တင္ ယာဥ္ေပၚမွ ခါးပိုက္ႏိႈက္ျပစ္ခ်က္ေဟာင္းရွိသူမ်ားျဖစ္ၾကသည့္ ေရႊျပည္သာၿမိဳ႕နယ္ေန ဆင္ေပါက္(ခ)သိန္း၀င္း၊ (၆၂)ႏွစ္၊ ကုလား(ခ)ေအာင္မင္းခိုင္၊ (၃၄)ႏွစ္၊ လိႈင္သာယာၿမိဳ႕နယ္ေန ေတာေပါက္(ခ)ျပည့္စံု၊ (၂၃)ႏွစ္၊ ၀တုတ္(ခ)ေနမ်ိဳးဦး၊ (၃၂)ႏွစ္၊ အလတ္ေကာင္(ခ)ျမတ္မင္းထြန္း၊ (၃၆)ႏွစ္တို႔ (၅)ဦးမွာ ဆင္းလာၿပီး ဒိုင္နာခရီးသည္တင္ယာဥ္၏ေနာက္မွ ေမာင္းႏွင္လိုက္ပါလာေသာ DD----- Probox အငွားယာဥ္ျဖင့္ ထြက္ခြာသြားသည္ကိုေတြ႕ရွိရသျဖင့္ ၎အငွားယာဥ္အား ရပ္တန္႔စစ္ေဆးခဲ့ပါသည္။


ထိုသို႔စစ္ေဆးခဲ့ရာ ယာဥ္ေမာင္းမွာ ျဖဴတုတ္(ခ)လိႈင္မ်ိဳး၀င္း၊ (၂၂)ႏွစ္၊ လိႈင္သာယာၿမိဳ႕နယ္ ေနသူျဖစ္ၿပီး ဆင္ေပါက္(ခ)သိန္း၀င္းပါ (၅)ဦးတို႔၏ ေက်ာပိုးအိတ္မ်ားအား စစ္ေဆးရွာေဖြရာ ေတာေပါက္(ခ)ျပည့္စံုလြယ္ထားသည့္ ေက်ာပိုးအိတ္အတြင္းမွ ေငြက်ပ္ (၁၁၅၀၀၀)အားေတြ႕ရွိရကာ အဆိုပါေငြမ်ားမွာ အမွတ္(၄၃)ဒိုင္နာယာဥ္ေပၚပါ အသက္(၄၀)ႏွစ္ခန္႔ရွိ ခရီးသည္ အမ်ိဳးသား (၁)ဦး၏ေဘးလြယ္အိတ္အတြင္းမွ ၎တို႔အတူတကြႏိႈက္ယူရရွိခဲ့ေသာ ေငြမ်ားျဖစ္ေၾကာင္း ေပၚေပါက္ခဲ့ပါသည္။


ေပၚေပါက္ခ်က္မ်ားအရ ၎တို႔(၆)ဦးထံမွ ခါးပိုက္ႏိႈက္ရာတြင္ အသံုးျပဳေသာ ေက်ာပိုးအိတ္မ်ား၊ ႏိႈက္ယူရရွိခဲ့သည့္ေငြက်ပ္ (၁၁၅၀၀၀)ႏွင့္ DD----Probox ယာဥ္တို႔အား သိမ္းဆည္းကာ ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္း(ပ) ၈၀၆/၂၀၁၅၊ ျပစ္မႈပုဒ္မ ၃၇၉(ႏိႈက္)/၅၄ျဖင့္ အေရးယူေဆာင္ရြက္ခဲ့ပါသည္။

၎တို႔အား အျခားခါးပိုက္ႏိႈက္မႈမ်ား က်ဴးလြန္ထားျခင္း ရွိမရွိ စစ္ေဆးခဲ့ရာ ဆင္ေပါက္(ခ) သိန္း၀င္းႏွင့္ အလတ္ေကာင္(ခ)ျမတ္မင္းထြန္းတို႔ (၂)ဦးသည္ ၂၂.၅.၂၀၁၅ရက္ေန႔ ေန႔လယ္အခ်ိန္က ေအာင္မဂၤလာအေ၀းေျပးမွ လိႈင္သာယာၿမိဳ႕နယ္သို႔ေျပးဆဲြသည့္ အမွတ္(၄၃)ယာဥ္လိုင္း ဒိုင္နာခရီးသည္
တင္ယာဥ္ေပၚတြင္ ခရီးသည္အမ်ိဳးသား(၁)ဦး၏ေက်ာပိုးအိတ္အတြင္းမွ ေရႊလက္ေကာက္ (၆)ကြင္းကို ႏိႈက္ယူခဲ့ၿပီး ေပါင္ႏွံထားေၾကာင္းေပၚေပါက္ခဲ့ ပါသည္။

ယင္းသို႔ေပၚေပါက္ခ်က္အရ အဆိုပါေန႔က ဧရာ၀တီတိုင္းေဒသႀကီးေန ဦးသန္းျမင့္သည္ အမွတ္(၄၃) ယာဥ္လိုင္းဒိုင္နာခရီးသည္တင္ယာဥ္အား စီးနင္းလာစဥ္ ၎၏ ေရႊလက္ေကာက္(၆)ကြင္းကို ခါးပိုက္ႏိႈက္ခံရ၍
ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းတြင္ တိုင္တန္းထားရွိေသာ (ပ)၄၀၂/၂၀၁၅၊ ျပစ္မႈပုဒ္မ ၃၇၉(ႏိႈက္)အမႈအား က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္ႏုိင္ခဲ့ၿပီး သက္ေသခံေရႊ လက္ေကာက္(၆)ကြင္းကို ျပန္လည္သိမ္းဆည္းႏိုင္ခဲ့ကာ အမႈျဖင့္ ဆက္လက္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice
.............................

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်မှု၊ ခိုးမှု၊ လုယက်မှုများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ မြို့နယ်များအတွင်း အငှားယာဉ်ဖြင့် လှည့်လည်သွားလာကာ ခါးပိုက်နှိုက်မှုများ ကျူးလွန်သောအဖွဲ့ရှိကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးရမိရေးအတွက် ၁၂.၁၀.၂၀၁၅ရက်နေ့ ၀၃၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ ကန်သာယာကားမှတ်တိုင်၌ စောင့်ကြည့်စုံစမ်းနေစဉ် မှတ်တိုင်သို့ဆိုက်ရောက် လာသော အမှတ်(၄၃)ယာဉ်လိုင်း ဒိုင်နာခရီးသည်တင် ယာဉ်ပေါ်မှ ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူများဖြစ်ကြသည့် ရွှေပြည်သာမြို့နယ်နေ ဆင်ပေါက်(ခ)သိန်းဝင်း၊ (၆၂)နှစ်၊ ကုလား(ခ)အောင်မင်းခိုင်၊ (၃၄)နှစ်၊ လှိုင်သာယာမြို့နယ်နေ တောပေါက်(ခ)ပြည့်စုံ၊ (၂၃)နှစ်၊ ၀တုတ်(ခ)နေမျိုးဦး၊ (၃၂)နှစ်၊ အလတ်ကောင်(ခ)မြတ်မင်းထွန်း၊ (၃၆)နှစ်တို့ (၅)ဦးမှာ ဆင်းလာပြီး ဒိုင်နာခရီးသည်တင်ယာဉ်၏နောက်မှ မောင်းနှင်လိုက်ပါလာသော DD----- Probox အငှားယာဉ်ဖြင့် ထွက်ခွာသွားသည်ကိုတွေ့ရှိရသဖြင့် ၎င်းအငှားယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ပါသည်။



ထိုသို့စစ်ဆေးခဲ့ရာ ယာဉ်မောင်းမှာ ဖြူတုတ်(ခ)လှိုင်မျိုးဝင်း၊ (၂၂)နှစ်၊ လှိုင်သာယာမြို့နယ် နေသူဖြစ်ပြီး ဆင်ပေါက်(ခ)သိန်းဝင်းပါ (၅)ဦးတို့၏ ကျောပိုးအိတ်များအား စစ်ဆေးရှာဖွေရာ တောပေါက်(ခ)ပြည့်စုံလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ငွေကျပ် (၁၁၅၀၀၀)အားတွေ့ရှိရကာ အဆိုပါငွေများမှာ အမှတ်(၄၃)ဒိုင်နာယာဉ်ပေါ်ပါ အသက်(၄၀)နှစ်ခန့်ရှိ ခရီးသည် အမျိုးသား (၁)ဦး၏ဘေးလွယ်အိတ်အတွင်းမှ ၎င်းတို့အတူတကွနှိုက်ယူရရှိခဲ့သော ငွေများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။



ပေါ်ပေါက်ချက်များအရ ၎င်းတို့(၆)ဦးထံမှ ခါးပိုက်နှိုက်ရာတွင် အသုံးပြုသော ကျောပိုးအိတ်များ၊ နှိုက်ယူရရှိခဲ့သည့်ငွေကျပ် (၁၁၅၀၀၀)နှင့် DD----Probox ယာဉ်တို့အား သိမ်းဆည်းကာ မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ) ၈၀၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၎င်းတို့အား အခြားခါးပိုက်နှိုက်မှုများ ကျူးလွန်ထားခြင်း ရှိမရှိ စစ်ဆေးခဲ့ရာ ဆင်ပေါက်(ခ) သိန်းဝင်းနှင့် အလတ်ကောင်(ခ)မြတ်မင်းထွန်းတို့ (၂)ဦးသည် ၂၂.၅.၂၀၁၅ရက်နေ့ နေ့လယ်အချိန်က အောင်မင်္ဂလာအဝေးပြေးမှ လှိုင်သာယာမြို့နယ်သို့ပြေးဆွဲသည့် အမှတ်(၄၃)ယာဉ်လိုင်း ဒိုင်နာခရီးသည်
တင်ယာဉ်ပေါ်တွင် ခရီးသည်အမျိုးသား(၁)ဦး၏ကျောပိုးအိတ်အတွင်းမှ ရွှေလက်ကောက် (၆)ကွင်းကို နှိုက်ယူခဲ့ပြီး ပေါင်နှံထားကြောင်းပေါ်ပေါက်ခဲ့ ပါသည်။

ယင်းသို့ပေါ်ပေါက်ချက်အရ အဆိုပါနေ့က ဧရာဝတီတိုင်းဒေသကြီးနေ ဦးသန်းမြင့်သည် အမှတ်(၄၃) ယာဉ်လိုင်းဒိုင်နာခရီးသည်တင်ယာဉ်အား စီးနင်းလာစဉ် ၎င်း၏ ရွှေလက်ကောက်(၆)ကွင်းကို ခါးပိုက်နှိုက်ခံရ၍
မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် တိုင်တန်းထားရှိသော (ပ)၄၀၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)အမှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး သက်သေခံရွှေ လက်ကောက်(၆)ကွင်းကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment