Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

မေလးရွားေရာက္ ျမန္မာ ၄၀၀ ခန္႔ ႀကိဳတင္မဲေပး


မေလးရွားေရာက္ ျမန္မာမ်ား မဲေပးရန္ ေစာင့္ဆုိင္းေနၾကစဥ္ (ဓာတ္ပုံ−ကိုဆန္းဝင္း)
မေလးရွားေရာက္ ျမန္မာမ်ား ႀကိဳတင္မဲစတင္ေပး သည့္ ေအာက္တိုဘာ ၁၈ ရက္ တြင္ မဲေပးရန္ ေလွ်ာက္ထားသူ ၄၄၀ အနက္ ၃၆၀ ခန္႔သာ မဲေပး ခဲ့ေၾကာင္း သတင္းရရွိသည္။
ေအာက္တိုဘာ ၁၈ ရက္တြင္ မေလးရွားေရာက္ ျမန္မာ မ်ား ႀကိဳတင္မဲမ်ားေပးၾကရာ မဲ ေပးခြင့္ရွိသူ ၄၄၀ အနက္ ၃၆၀ ဦးခန္႔သာ လာေရာက္မဲေပး ေၾကာင္း မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးမွ တာ၀န္ရွိသူတစ္ဦး က ေျပာသည္။
‘‘မဲေပးတာ ေအးေအးေဆး ေဆးပဲ ၿပီးသြားပါတယ္။ ဒါေပမဲ့ အကုန္လုံးလာၿပီး မဲမေပးၾကဘူး။ ၃၆၀ ေလာက္ပဲ လာေပးၾက တယ္’’ဟု ၎ကေျပာသည္။
မေလးရွားတြင္ ျမန္မာႏုိင္ငံ သား ကိုးသိန္းခန္႔ရွိၿပီး မဲေပးခြင့္ရွိ သူ သုံးသိန္းခန္႔ရွိသည့္အနက္မွ  ၄၈၀ ဦးသာ မဲေပးရန္ စာရင္းေပးသြင္းထားေၾကာင္း သတင္းရရွိသည္။ မဲေပးရန္ စာရင္းေပး သြင္းထားသူမ်ားအနက္ ၄၄၀ ဦးသာ မဲေပးခြင့္ရရွိေၾကာင္း ေကာ္မရွင္ကေပးပို႔ လာသည္ဟု မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးက သတင္းထုတ္ျပန္ထား သည္။
‘‘မဲေပးရတာ အဆင္ေျပပါ တယ္။ ကြၽန္မတို႔ဆိုိ မဲျပားသုံးခုေပးတယ္။ တုိင္းရင္းသားေတြဆို ရင္ ေလးခုေပးတယ္’’ဟု ျမန္မာသံ႐ုံးတြင္ မဲလာေပးသူ မအိမြန္ ၀င္းက ေျပာသည္။
မေလးရွားေရာက္ ျမန္မာ မ်ား မဲေပးခြင့္ကို ေအာက္တိုဘာ ၁၈ ရက္ တစ္ရက္တည္းသာ ျပဳလုပ္ခဲ့ၿပီး ညေန ၄ နာရီတြင္ မဲ႐ုံပိတ္ခဲ့သည္။
ၿဗိတိန္ႏုိင္ငံေရာက္ ျမန္မာမ်ား မဲေပးမႈကို ေအာက္တုိဘာ ၁၈ ရက္တြင္ စတင္ရာ ျမန္မာ ၂၀၀ ခန္႔ လာေရာက္ မဲေပးရာတြင္ ၂၅ ဦးခန္႔သည္ အမည္မပါ၍  မဲမေပးခဲ့ရေၾကာင္း သတင္းရရွိ သည္။
http://www.7daydaily.com/story/48967
...................................................................

မလေးရှားရောက် မြန်မာ ၄၀၀ ခန့် ကြိုတင်မဲပေး

မလေးရှားရောက် မြန်မာများ ကြိုတင်မဲစတင်ပေး သည့် အောက်တိုဘာ ၁၈ ရက် တွင် မဲပေးရန် လျှောက်ထားသူ ၄၄၀ အနက် ၃၆၀ ခန့်သာ မဲပေး ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၈ ရက်တွင် မလေးရှားရောက် မြန်မာ များ ကြိုတင်မဲများပေးကြရာ မဲ ပေးခွင့်ရှိသူ ၄၄၀ အနက် ၃၆၀ ဦးခန့်သာ လာရောက်မဲပေး ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
‘‘မဲပေးတာ အေးအေးဆေး ဆေးပဲ ပြီးသွားပါတယ်။ ဒါပေမဲ့ အကုန်လုံးလာပြီး မဲမပေးကြဘူး။ ၃၆၀ လောက်ပဲ လာပေးကြ တယ်’’ဟု ၎င်းကပြောသည်။
မလေးရှားတွင် မြန်မာနိုင်ငံ သား ကိုးသိန်းခန့်ရှိပြီး မဲပေးခွင့်ရှိ သူ သုံးသိန်းခန့်ရှိသည့်အနက်မှ  ၄၈၀ ဦးသာ မဲပေးရန် စာရင်းပေးသွင်းထားကြောင်း သတင်းရရှိသည်။ မဲပေးရန် စာရင်းပေး သွင်းထားသူများအနက် ၄၄၀ ဦးသာ မဲပေးခွင့်ရရှိကြောင်း ကော်မရှင်ကပေးပို့ လာသည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထား သည်။
‘‘မဲပေးရတာ အဆင်ပြေပါ တယ်။ ကျွန်မတို့ဆိို မဲပြားသုံးခုပေးတယ်။ တိုင်းရင်းသားတွေဆို ရင် လေးခုပေးတယ်’’ဟု မြန်မာသံရုံးတွင် မဲလာပေးသူ မအိမွန် ၀င်းက ပြောသည်။
မလေးရှားရောက် မြန်မာ များ မဲပေးခွင့်ကို အောက်တိုဘာ ၁၈ ရက် တစ်ရက်တည်းသာ ပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီတွင် မဲရုံပိတ်ခဲ့သည်။
ဗြိတိန်နိုင်ငံရောက် မြန်မာများ မဲပေးမှုကို အောက်တိုဘာ ၁၈ ရက်တွင် စတင်ရာ မြန်မာ ၂၀၀ ခန့် လာရောက် မဲပေးရာတွင် ၂၅ ဦးခန့်သည် အမည်မပါ၍  မဲမပေးခဲ့ရကြောင်း သတင်းရရှိ သည်။
http://www.7daydaily.com/story/48967

No comments:

Post a Comment