Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 7, 2015

မိန္းမက ႏွင္ခ်ျပီး ေသာ့ခေလာက္ေတြ ေျပာင္းပစ္ခဲ့တာေၾကာင့္ ေဒၚလာ ၁.၃ သန္းတန္ ကုိယ္ပုိင္အိမ္၀င္းထဲက ျမက္ခင္းျပင္ေပၚမွာ ေျခာက္လၾကာ အိမ္ေျခရာမဲ့အျဖစ္ေနထုိင္ခဲ့ရသူ


ဆရာ၀န္ျဖစ္သူမိန္းမက ကန္ခ်ျပီးေနာက္၊ အသက္ ၆၉ ႏွစ္အရြယ္ သူေဌးအဘုိးၾကီးတစ္ေယာက္ဟာ သူပုိင္ဆုိင္တဲ့ ေဒၚလာ ၁.၃ သန္းတန္ အိမ္၀င္းထဲက အိမ္ေရွ ့ျမက္ခင္းျပင္မွာ ေျခာက္လၾကာ ေနထုိင္ခဲ့ရပါတယ္။
Texas ျပည္နယ္၊ Seabrook ျမိဳ ့က Sharafat Khan ဆုိသူ အမ်ိဳးသားဟာ လက္ရွိမွာ အိမ္ေျခရာမဲ့တစ္ဦး ျဖစ္ျပီး ခမ္းနားထည္၀ါတဲ့သူပုိင္အိမ္ၾကီးေရွ ့တံခါးရဲ့ မလွမ္းမကမ္းမွာပဲ အိပ္စက္ေနရသူျဖစ္ပါတယ္။ အသက္ ၆၁ ႏွစ္အရြယ္ ဇနီးျဖစ္သူ Shahnaz နဲ ့စကားမ်ားရန္ျဖစ္အျပီးမွာ ဇနီးျဖစ္သူဟာ အိမ္ရဲ့ ေသာ့ခေလာက္ေတြ အကုန္ ေျပာင္းလဲပစ္လိုက္တာေၾကာင့္ Khan တစ္ေယာက္ အခုလုိ အိပ္စက္ေနရတာျဖစ္ပါတယ္။
ျမိဳ ့ဆင္ေျခဖုံးမွာရွိတဲ့ အိမ္ၾကီးရဲ့တစ္၀က္ကို ပုိင္ဆုိင္တဲ့ Khan ဟာ အခုအခါ လင္မယားႏွစ္ေယာက္ပုိင္တဲ့ ပုိက္ဆံေတြကိုလည္း သုံးခြင့္မရေတာ့သလုိ၊ အ၀တ္ေလွ်ာ္စက္ ပစၥည္းေတြလည္း သုံးခြင့္ပိတ္ခံထားရတယ္လုိ ့ဆုိပါတယ္။ ညဘက္ဆုိ အိမ္ေရွ ့ဆင္၀င္ေအာက္မွာ အိပ္ရာခင္းေလးတစ္ခု ျခဳံအိပ္ရျပီး ေအးေအးေဆးေဆးနားေနခ်င္တဲ့အခါ ေနာက္ေဖးျခံ၀င္းထဲက ေရကူးကန္ေဘးနားသြား နားေနရပါတယ္။ ေန ့လယ္ဘက္ ေနပူတဲ့အခါ အရိပ္ရေအာင္အတြက္ သစ္ပင္ေတြ ေအာက္မွာ ခုိေနရ တယ္လုိ ့သိရပါတယ္။
အိမ္နီးနားခ်င္းေတြဟာ Khan ဟာ သူ ့အိမ္ေရွ ့မွာတင္ သူေသသြားႏိုင္တယ္လုိ ့စိုးရိမ္ေနၾကျပီး အခုအခါ သူဟာ အလြန္အင္အားခ်ည့္နဲ ့ေနျပီး လမ္းေတာင္ေကာင္းေကာင္းမေလွ်ာက္ႏိုင္ေတာ့ဘူးလုိ ့ဆုိပါတယ္။ ရပ္သူရြာသားေတြက သူ ့ကို ေစာင္ေတြ လာေပးထားရင္ေတာင္ မိန္းမျဖစ္သူက ျပန္သိမ္းသြားတယ္လုိ ့ ေဒသခံေတြက ေျပာျပပါတယ္။ မိန္းမျဖစ္သူဟာ Khan ကို အစားအေသာက္မေကၽြးဖုိ ့အတြက္ သတိေပးဆုိင္းဘုတ္ေတြပါ ေထာင္ထားတယ္လုိ ့သိရပါတယ္။
ရဲေတြ အၾကိမ္ ၃၀ ေလာက္ ဆင့္ေခၚျပီး ကူညီခဲ့ၾကေပမယ့္၊ တရားဥပေဒအရ သူ ့မိန္းမက သူ ့ကို အိမ္ထဲ ျပန္လက္ခံေအာင္ မလုပ္ႏိုင္ဘူးလုိ ့ဆုိပါတယ္။ သူတုိ ့ႏွစ္ဦးရန္ျဖစ္ရတဲ့အဓိကျပႆနာဟာ ေငြေၾကးေၾကာင့္ျဖစ္ျပီး မိန္းမျဖစ္သူက သူမပစၥည္းဥစၥာရဲ့ တစ္၀က္ကို မလႊဲေပးခ်င္လုိ ့ျဖစ္ကာ Khan ကလည္း ေရွ ့ေနမဌားရမ္းႏိုင္တဲ့အတြက္ တရား၀င္ကြာရွင္းမွဳ မလုပ္ႏိုင္ဘူးလုိ ့ဆုိပါတယ္။ ဒီအိမ္ျခံေျမနဲ ့ပတ္သက္ျပီး သူရသင္တဲ့ေ၀စုကို လုိခ်င္ေၾကာင္း Khan က ေျပာၾကားခဲ့ပါတယ္။
Khan ဟာ မိသားစုကုမၸဏီ Khan Investments LLC ရဲ့ ဒါရိုက္တာတစ္ဦးျဖစ္ခဲ့ေၾကာင္း အြန္လုိင္းအခ်က္အလက္စာရင္းတစ္ခုမွာ ေဖာ္ျပထားပါတယ္။
Ref: Dailymail
Trend Myanmar
.......................................
မိန်းမက နှင်ချပြီး သော့ခလောက်တွေ ပြောင်းပစ်ခဲ့တာကြောင့် ဒေါ်လာ ၁.၃ သန်းတန် ကိုယ်ပိုင်အိမ်ဝင်းထဲက မြက်ခင်းပြင်ပေါ်မှာ ခြောက်လကြာ အိမ်ခြေရာမဲ့အဖြစ်နေထိုင်ခဲ့ရသူ
ဆရာဝန်ဖြစ်သူမိန်းမက ကန်ချပြီးနောက်၊ အသက် ၆၉ နှစ်အရွယ် သူဌေးအဘိုးကြီးတစ်ယောက်ဟာ သူပိုင်ဆိုင်တဲ့ ဒေါ်လာ ၁.၃ သန်းတန် အိမ်ဝင်းထဲက အိမ်ရှေ ့မြက်ခင်းပြင်မှာ ခြောက်လကြာ နေထိုင်ခဲ့ရပါတယ်။
Texas ပြည်နယ်၊ Seabrook မြို ့က Sharafat Khan ဆိုသူ အမျိုးသားဟာ လက်ရှိမှာ အိမ်ခြေရာမဲ့တစ်ဦး ဖြစ်ပြီး ခမ်းနားထည်ဝါတဲ့သူပိုင်အိမ်ကြီးရှေ ့တံခါးရဲ့ မလှမ်းမကမ်းမှာပဲ အိပ်စက်နေရသူဖြစ်ပါတယ်။ အသက် ၆၁ နှစ်အရွယ် ဇနီးဖြစ်သူ Shahnaz နဲ ့စကားများရန်ဖြစ်အပြီးမှာ ဇနီးဖြစ်သူဟာ အိမ်ရဲ့ သော့ခလောက်တွေ အကုန် ပြောင်းလဲပစ်လိုက်တာကြောင့် Khan တစ်ယောက် အခုလို အိပ်စက်နေရတာဖြစ်ပါတယ်။
မြို ့ဆင်ခြေဖုံးမှာရှိတဲ့ အိမ်ကြီးရဲ့တစ်ဝက်ကို ပိုင်ဆိုင်တဲ့ Khan ဟာ အခုအခါ လင်မယားနှစ်ယောက်ပိုင်တဲ့ ပိုက်ဆံတွေကိုလည်း သုံးခွင့်မရတော့သလို၊ အဝတ်လျှော်စက် ပစ္စည်းတွေလည်း သုံးခွင့်ပိတ်ခံထားရတယ်လို ့ဆိုပါတယ်။ ညဘက်ဆို အိမ်ရှေ ့ဆင်ဝင်အောက်မှာ အိပ်ရာခင်းလေးတစ်ခု ခြုံအိပ်ရပြီး အေးအေးဆေးဆေးနားနေချင်တဲ့အခါ နောက်ဖေးခြံဝင်းထဲက ရေကူးကန်ဘေးနားသွား နားနေရပါတယ်။ နေ ့လယ်ဘက် နေပူတဲ့အခါ အရိပ်ရအောင်အတွက် သစ်ပင်တွေ အောက်မှာ ခိုနေရ တယ်လို ့သိရပါတယ်။
အိမ်နီးနားချင်းတွေဟာ Khan ဟာ သူ ့အိမ်ရှေ ့မှာတင် သူသေသွားနိုင်တယ်လို ့စိုးရိမ်နေကြပြီး အခုအခါ သူဟာ အလွန်အင်အားချည့်နဲ ့နေပြီး လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူးလို ့ဆိုပါတယ်။ ရပ်သူရွာသားတွေက သူ ့ကို စောင်တွေ လာပေးထားရင်တောင် မိန်းမဖြစ်သူက ပြန်သိမ်းသွားတယ်လို ့ ဒေသခံတွေက ပြောပြပါတယ်။ မိန်းမဖြစ်သူဟာ Khan ကို အစားအသောက်မကျွေးဖို ့အတွက် သတိပေးဆိုင်းဘုတ်တွေပါ ထောင်ထားတယ်လို ့သိရပါတယ်။
ရဲတွေ အကြိမ် ၃၀ လောက် ဆင့်ခေါ်ပြီး ကူညီခဲ့ကြပေမယ့်၊ တရားဥပဒေအရ သူ ့မိန်းမက သူ ့ကို အိမ်ထဲ ပြန်လက်ခံအောင် မလုပ်နိုင်ဘူးလို ့ဆိုပါတယ်။ သူတို ့နှစ်ဦးရန်ဖြစ်ရတဲ့အဓိကပြဿနာဟာ ငွေကြေးကြောင့်ဖြစ်ပြီး မိန်းမဖြစ်သူက သူမပစ္စည်းဥစ္စာရဲ့ တစ်ဝက်ကို မလွှဲပေးချင်လို ့ဖြစ်ကာ Khan ကလည်း ရှေ ့နေမဌားရမ်းနိုင်တဲ့အတွက် တရားဝင်ကွာရှင်းမှု မလုပ်နိုင်ဘူးလို ့ဆိုပါတယ်။ ဒီအိမ်ခြံမြေနဲ ့ပတ်သက်ပြီး သူရသင်တဲ့ဝေစုကို လိုချင်ကြောင်း Khan က ပြောကြားခဲ့ပါတယ်။
Khan ဟာ မိသားစုကုမ္ပဏီ Khan Investments LLC ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့ကြောင်း အွန်လိုင်းအချက်အလက်စာရင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
Ref: Dailymail
Trend Myanmar

No comments:

Post a Comment