Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

တြဲလက္တုိ႔ ခုိင္ခုိင္မာမာ ျမဲျပီး ျဖစ္တည္မွဳ မဖ်က္ ၊ ခ်စ္ၾကည္မွဳ မပ်က္၊ ဖက္ဒရယ္စနစ္ကို ေရွးရွဳ ခ်ီတက္လုိလ်ွင္

တြဲလက္တုိ႔ ခုိင္ခုိင္မာမာ ျမဲျပီး ျဖစ္တည္မွဳ မဖ်က္ ၊ ခ်စ္ၾကည္မွဳ မပ်က္၊ ဖက္ဒရယ္စနစ္ကို ေရွးရွဳ ခ်ီတက္လုိလွ်င္
 ခရီး နီးသလား။ ၅ နာရီလာရ၏။ မ နီးပါ။ပန္းတုိင္သုိ႔ ပုိ ပင္ ေ၀းပါေသးသသည္။ နတ္တုိ႔၏ နာရီမွာ လူျပည္တြင္ ဘယ္ေလာက္ၾကာမည္ေတာ့ မသိ။ ေသခ်ာတာကေတာ့ လူကေလး အဖ်ား၀င္ေနသည္။ ေနပူထဲ မသြားရ၊ ဟမ္ဘာဂါစားပါ ( ပ်ားရည္ကုိ ရွားနုိင္တယ္)၊ ဘီယာေသာက္ပါ (ငါးၾကီးဆီက ခေလးေတြကုိ အခု မေ၀နုိင္ေသးလုိ႔) က်န္းမာလာမည္လုိ႔ ဘဲ ေျပာရေတာ့မယ္ ထင္ရဲ႔။
သုိ႔ နွင့္ ဗက ေသာက္မ်ား၊ လူ႔ ေဘာင္ေသာက္မ်ား။ မဘေသာက္မ်ား . . မ်ားခဲ႔ ရသည္။.ဒုတိယ လြတ္လပ္ေရး နွင့္ ရုိးရာ ဂိမ္းအေဟာင္းမွာ Ideology မ်ား မ်ိဳးဆက္ ျပတ္ျပီး ေလွ်ာ့ရုိက္ ကုထုံးနဲ႔ ေဆးျမီးတုိကုိ သုံးၾကရင္း ဒစ္စကုိ လမုန္း နဲ႔ တုိင္ပတ္က ေနၾကရတယ္ ဆိုတာပါဘဲ။ ဟုိေကြ႔ ဟိုတက္ ဒီေကြ႔ ဒီတက္ ေလွာ္ျကရင္း
ကလန္႔ ေတြၾကား(မိသားစုမ်ားအျကား) ျဖစ္တဲ႔ ပဋိပကၡ ဟာနုိင္ငံေရး ျပသနာ ျဖစ္ေနတဲ႔ ဆုိမာလီယာ လုိေတာင္ ျဖစ္လာဖုိ႔ ေတြးပူလာရတယ္။
လစ္ဘရယ္ ထြက္ေပါက္က အလြယ္တကူ၂၀၀၈ မွာ ထြက္လုိက္ျကေပမယ့္ တုိင္းေျပမွာေတာ့ ရွင္းစရာ ျပသနာ တပုံၾကီးနဲ႔ က်န္ေနခဲ႔ ပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္တုိ႔ နုိင္ငံမွာ အာဏာရွင္ ရဲ႔ အင္နားရွား ဟာအေရြ႔ သေဘာကုိ ေဆာင္ခဲ႔ ပါျပီ။ ဒါဟာ ေကာင္းမြန္တဲ႔ တုိးတက္ေျပာင္းလဲမွဳပါ။
၄၃၆ ကုိ မျပင္နုိင္ခဲ့ဘူး။ အနည္းဆုံးဒီေလာက္ေတာ့ ေအာင္ျမင္သင့္တယ္။ဒီတခါ ေရြးေကာက္ပြဲမွာ ဒါကုိ ျပင္ခ်င္စိတ္ရွိတဲ႔ လူေတြအာဏာရလာဖုိ႔ လုိတယ္။

ကုိယ့္ သမုိင္း ကုိယ္ မသိရင္ အိမ္ရွင္ကုိ ေမ်ာက္လုိက္ခံရမည္
ရခုိင္ျပည္နယ္ေတာင္ပုိင္းသားမ်ား ဘယ္လုိမဲေပးၾကမလဲ။ ေနပူေတာင္ကိစၥ ျကေတာ့ အေတာ္မ်ားမ်ား ဆႏၵ ျပလုိက္ျကပါတယ္။ အစုိးရ ဘတ္ဂ်က္ ေတာင္ပုိင္းမွာ တျပားမွ မသုံးတဲ႔ ကိစၥ၊ ကုလားစကားေလယူေလသိမ္းမ်ား၊ ေ၀ါဟာမ်ားျဖင့္ ျမန္မာစာျဖင့္ေရးထားေသာစာကုိ (ရကၡ ၀ ျဖင့္ မဟုတ္ဘဲ) ေရးျပီး ေတာင္ပုိင္းတြင္ သင္သည္။ အခ်င္းခ်င္းၾကား ေျကာက္စရာ ေကာင္းသည့္ ျပစ္မွဳ တစ္ခုကုိ က်ဴးလြန္ျခင္းသာတည္း။ လူမမယ္ ခေလးမ်ားကုိသင္သည္ဆုိျပီး မိဘမ်ားကုိ ေတာင္းပန္ဖုိ ႔ စိတ္ကူးရွိပုံမရ။ တကယ္ေတာ့ ဒါဟာ ခေလးမုဒိန္းမွဳ က်ဴးလြန္တာလုိ႔ ေတာင္ စြပ္စြဲခ်င္ပါတယ္။
ယခင္ ျဖတ္သြားျဖတ္လာ၊ အတူေဘာ္လုံးကန္ ၊ အတူ ေက်ာင္းတက္ခဲ႔ ျကသည့္နယ္ေျမတြင္ လုံျခဳံေရး ကုိ အေၾကာင္းျပ ျပီး ညမထြက္ရ။ ညမျဖတ္ရ မရုတ္သိမ္းဘဲ ကာလမည္မွ်ျကာခဲ့သနည္း။ ဒါက ေတာင္ပုိင္းသားတုိ႔ စီးပြါးေရးကုိ သြယ္၀ုိက္ တုိက္ခုိက္ျခင္းသာ။ အခ်င္းခ်င္း စိတ္ခ်လုိ႔ မရေတာ့။
ဒီကိစၥဟာ ဖက္ဒရယ္ ခရီး (ရွစ္ျပည္နယ္ဟု တုိင္းရင္းသားတုိ ႔စဥ္းစားထားသည့္မူ)အတြက္ အလြန္တရာ အေရးတျကီး စဥ္းစားစရာ ျဖစ္လာေနသည္။
တကယ္ရွစ္ျပည္နယ္ ျဖစ္မွ ရမည္ေလာ။ ၾကားတြင္ အျခားအဆင့္မ်ားလည္း ရွိနုိင္ပါေသးသည္။ အဓိက က ဖက္ဒရယ္ ျဖစ္ေရးပါ။ ၁၀ ျပည္နယ္။ ၁၁ ျပည္နယ္ စသျဖင့္ ျဖစ္တည္မွဳ အရ လည္း ျဖစ္နုိင္ပါေသးသည္။ အေရးအၾကီးဆုံးကေတာ့ ဒီကိစၥကုိ ပါလီမန္က ေျဖရွင္းနုိင္ေရးပါ။ ဒီေတာ့ကာ အခ်င္းခ်င္းၾကားအျပဳအမူ သေဘာထားတုိ႔ကုိ စနစ္တက် ဆန္းစစ္ရန္ လုိအပ္ လာျကေပျပီ။ ပါ၀ါ ထိမ္းညွိရန္ လုိအပ္လာပါျပီ။
ဖက္ဒရယ္ ဆုိတာက အေျခခံအားျဖင့္ ျဖစ္တည္မွဳ မ်ား မေပ်ာက္ကြယ္ေအာင္ ကုိယ္ပုိင္ျပဌန္းခြင့္မ်ားျဖင့္ အတူတကြ ေပါင္းစည္းေ နထုိင္ျခင္းသာ။ ဒီေတာ့ အထက္မွာ ေဖာ္ျပခဲ႔ တဲ႔ အတုိင္းပါဘဲ လြန္ခဲ႔ တဲ႔ ၅ နွစ္က ေအအင္ပီ အေနနဲ႔ အခ်င္းခ်င္း ၾကား အနီကဒ္ နွစ္ခု ရထားတယ္ ဆုိတာပါ။ တစ္ခုက ဘတ္ဂ်တ္ခြဲေ၀ မွဳ။ ေနာက္တစ္ခုက ရခုိင္စာ ဆုိျပီး ေျမာက္ပုိင္းေလသံကုိ ေတာင္ပုိင္းတြင္ လာသင္ျခင္း။
အင္အယ္ဒီကုိ ေ၀ဖန္ျကည့္ျကပါဦးစုိ႔။ အင္အယ္ဒီ အနုတ္ ေဒၚ ေအာင္ဆန္းစုျကည္ ညီမွ်ျခင္း သုည ျဖစ္ပါတယ္။ ရခုိင္ျပည္ေတာင္ပုိင္းတြင္ သာ ဆုိလုိပါသည္။ သုိ႔ ေသာ္ အင္အယ္ဒီ အေပါငး္ ေဒၚစု ျဖစ္ေအာင္ ရပ္တည္နုိင္ခဲ႔တာကုိ ေတြ ႔ရမွာပါ။ အေျဖက အတုိင္းအတာ မရွိပါဘူး။ နုိင္ငံျပသနာ အားလုံးကုိ ရွင္းဖုိ႔ အေရးၾကီးတဲ႔ ဘုံ ဆုိင္တဲ့ အင္အားစုျကီးနွစ္ရပ္ ေပါင္းစည္းမွဳ လုိ႔ေတာင္ေျပာလုိ႔ ရပါတယ္။
ရခုိင္ျပည္ေတာင္ပုိင္းဟာ ဗမာ မဟုတ္ေသာ၊ အျခား ယဥ္ေက်းမွဳ နွင့္ လူဦးေရ အရ မ်ားျပားေသာ ညီအကုိေတြ နဲ႔ ဒုိးတူ ေပါင္ဖက္ ေနထုိင္ခဲ႔ျကတဲ႔ သက္ဆုိင္မွဳေတြ ရွိေနခဲ႔ပါတယ္။ ဂ ဃ စနစ္နဲ႔ အုပ္ခ်ဳပ္ခဲ႔တဲ႔ နယ္ေျမ တစ္ခုပါ။ဒြါရာ၀တီ ေခတ္ဟာ ပ်ဴ၊ ကမ္းယံ၊သက္တုိ႔ ရွိခဲ႔ အဏုျမဴဗုံးခါးမွာ ပတ္ျပီး ေျပာရမယ့္ အေနအထားပါ။ အနီးဆုံးအေနနဲ႔ တလုိင္းေခၚ မြန္ႏြယ္ စု ေတြ တည္ရွိခဲ့တယ္။ အဂၤလိပ္ နဲ႔ ရခုိင္ တပ္ေတြ မႏၱေလး နဲ႔ တုိက္တဲ႔ ပထမ စစ္မွာ အမ္းေစာ္ဘြား ဟာ ရွမ္း လုိ႔ မွတ္သားဘူးတယ္။ အဲဒီအရင္ နွစ္ ၄၀ က ဘုရားပင့္တဲ႔ မွတ္တမ္းမွာ(ေမွာ္ဘီ ဆရာသိန္း၊ ပါးစပ္ရာဇ၀င္) မွာ တလုိင္းနဲ႔ ပ်ဴ မျကည္ျဖူလုိ ႔ေက်ာသားေပါင္သား လုိက္ဖဲ႔ တယ္လုိ ႔ ေတြ႔ရတယ္။ရခုိင္ဘက္က မွတ္တမ္းမွာေတာ့ ရုပ္ရွင္ေတာ္ဟာ ေတာင္ကုတ္ရုိး မွာ သုံးရက္ နားသြားတယ္လုိ႔ ဖတ္ရတယ္။ ဘုရားနဲ႔ လူကုိ လုိက္လုတဲ႔ ျဖစ္စဥ္ျဖစ္ပြါးခဲ႔ တယ္လုိ႔ ဘဲ ယုံျကည္ရမွာပါ။ ပါးစပ္ရာဇ၀င္ က ေတာ့ ဒီလူေတြကုိ တလုိင္းနဲ႔ ပ်ဴ အျဖစ္ေဖာ္ျပထားတယ္။
ေတာင္ကုတ္ျမိဳ႔ ေဟာင္းေက်ာက္စာ အပုိင္းအစ၊ ျမေစတီ ေက်ာက္စာ နဲ႔ အုိးထိမ္းဘုရားအနီး ေတြ ႔ရေသာ ေက်ာက္စာ အပုိင္းအစမ်ားမွ ာ ဆက္စပ္မွဳ ရွိနုိင္သည္ဟု စာေရးသူ အေနျဖင့္ထင္ျမင္မိပါသည္။ စာေရးသူဟာ ပညာ ရွင္ တစ္ေယာက္ မဟုတ္တဲ႔ အတြက္ ဆက္စပ္ စဥ္းစားမွဳကုိ တင္ျပျခင္းသာျဖစ္ပါတယ္။
အဓိက ေျပာခ်င္တာကေတာ့ ဒီလူေတြဟာ ရခုိင္ရွင္ဘုရင္ ဘက္က တုိက္ပြဲ ၀င္ခဲ႔ ျကျပီး နယ္ေျမက်ဥ္းက်ဥ္းတြင္ မ်ိဳးႏြယ္စုံ စနစ္တစ္ခုျဖင့္ေနထိုင္ေပါင္းစည္းခဲ႔ ျကလုိ႔ ေလယူေလသိမ္းနဲ႔ ျဖစ္တည္မွဳဟာ ေျမာက္ပုိင္းနဲ႔ မတူပါဘူး။ ဒီလူေတြဟာ
Indignous (ဌာေနတုိင္းရင္းသား မ်ိဳးႏြယ္စုမ်ားရဲ႔ အေရာ) သာလွ်င္ ျဖစ္တယ္လုိ႔ ဆုိလုိခ်င္တာပါ။
ဒါကုိ ရခုိင္စာ ဆုိျပီး ျမန္မာစာ နွင့္ ေျမာက္ပုိင္း ေလသံကုိ ျပဌ္းေစျခင္းဟာ ခေလးမုဒိမ္း မွဳ သာလွ်င္ျဖစ္တယ္ လုိ႔ ထင္ျမင္မိပါတယ္။
ကြ်န္ေတာ္တုိ႔ ဆရာ ဦးစီးေတြဟာ မသိတာေတာ့ မျဖစ္နုိင္ပါဘူး။ ၀န္ထမ္းဆုိတဲ႔ ဘ၀ မွာ ခုိင္းတာလုပ္ရတဲ့ လူတစ္ေယာက္အျဖစ္ အရက္ေသာက္ေနတာဘဲ ျဖစ္မွာပါ။
က်ြန္ေတာ္လည္း ျဖစ္လာတဲ့ အခင္းအက်င္းမွာ ဘာမွ ေျပာလုိ႔ ဆုိလုိ႔ မရေတာ့တဲ႔ အဆုံး
ပက္ခုံးထက္တက္လာတာကုိ ႏြားတစ္ေကာင္လုိ႔ နုိင္သေလာက္ ရွင္း။ မရွင္းနုိင္ ရွင္းခြင့္ မရွိရင္ အရက္ေသာက္။ အရက္ေသာက္တတ္တဲ႔ ႏြားတစ္ေကာင္လုိ႔ ဘဲ ေျပာရေတာ့မွာေပါ့။ ဦး စီးေတြလည္း က်ြန္ေတာ႔ လုိဘဲ ေ န ေန တာနဲ႔ တူပါတယ္။
အဲေတာ့ျပည္နယ္ လြတ္ေတာ္မွာ ေတာင္ပုိင္း ရဲ ႔ ျဖစ္တည္မွဳကို ထိမ္းဖုိ႔ ရခုိင္ပါတီမ်ား မဟုတ္တဲ႔ နုိင္ငံေရး အားေကာင္းတဲ႔ ပါတီမ်ိဳးကုိ မဲေပးဖုိ႔ လိုပါတယ္။ အားလုံး ေသာ ကုိယ္စားလွယ္ေတြက လည္း ရခုိင္ေတြပါဘဲ။ အမ်ိဳးအႏြယ္ကုိ ေစာင့္ေရွာက္ပါမွ ရခုိင္မည္တာပါ။ တရုတ္ေပၚလစီ အတုိင္း ၀ါးမ်ိဳပစ္ဖုိ႔ ျကုိးစားျကေလသမွ် ဘယ္မွာ လာ ရခုိင္ မည္ပါေတာ့အံ့ နည္း။ ရွင္ဘု၇င္ေတြ ဘက္ က စစ္နုိင္ခဲ႔ ေသာ္လည္း အေနာ္ရထာ က်န္စစ္သား အေလာင္းစည္သူ တုိ႔ ၏ ပုဂံသည္ လည္းေကာင္း မင္းဘာျကီး ၊စုိင္းျႏၵား အစ ရွိေသာ ဘုရင္တုိ႔ သည္ လည္းေကာင္း စစ္နုိင္ခဲ႔ေသာ္လည္း ထုိသူတုိ႔၏ နယ္ေျမတုိ႔ ကား ပ်က္သုဥ္းျခင္းကုိ ရင္ဆုိင္ျကရကုန္၏။ ဂါဃ (ဂါမ) ၏ အေငြ႔ အသက္တုိ႔ ကား ယေန႔ တုိင္ တည္ရွိဆဲ။ ေရရွည္ တုိက္ပြဲမွာ အာဏာရွင္ကုိ ဒီမုိကေရစီက နုိင္တယ္ ဆုိတဲ႔ အေကာင္းဆုံး သက္ေသအျဖစ္ ဒြါရာ၀တီေခတ္ ဟာ ဆက္လက္ အသက္ရွင္ေနခဲ႔ပါတယ္။ဒီ ဂဃ စစ္ေအာက္မွာ ဘဲ ကမံတုိ႔ နဲ႔ ျငိမ္းခ်မ္းစြာ အတူ ယွဥ္တြဲ ေနထုိင္ နုိင္ခဲ႔ ပါတယ္။
ေဟာင္းႏြမ္းလွ ျပီျဖစ္တဲ႔ ဒီစနစ္ကုိ ဒီမုိကေရစီ အသြင္ေျပာင္းကာလမ်ားနွင့္ အစားထုိးျခင္းဟု လက္ရွိအေျခအေကုိ သုံးသပ္ ပါတယ္။ ဒီမွာတင္ ဟုိးေရွးကမျဖစ္ခဲ႔တဲ႔ ဘာသာေရး ၊ လူ မိ်ဳးေရးအေရးအခင္းကုိ တျကိမ္ျပန္လည္ ရင္ ဆုိင္ခဲ႔ရပါတယ္။ ဒါေၾကာင့္ဘဲ စီးပြါးေရးဟာ ေရွ႔ ကုိ ေရြ႔ သင့္သေလာက္ မေရြ႔ နုိင္။ ဘူးသီးေတာင္ ။ ေမာင္းေတာ တြင္ ျဖစ္ေပၚခဲ႔ေသာကိစၥအတြက္ မိမိတုိ႔ လုပ္စရာ၊ ရင္ဆုိင္စရာ ရွိတာကုိ ရင္ဆုိင္ျခင္းလုိ႔ ေျပာလုိေသာ္လည္း သံတြဲလုိေနရာတြင္ အလားတူစုိးရိမ္ေနရျခင္းမွာ မိမိတုိ႔ ၏ ညံ့ဖ်င္းမွဳ ဟုသာခံစားရပါသည္။
ပုလဲသြယ္ အႏၱရာယ္
ကားလမ္းေတြကုိ ျဖတ္သြားရင္ ပုလဲသြယ္ စုိက္ခင္း ဆုိတဲ႔ ဆုိင္းဘုတ္ေတြကုိ ေတြ႔ ျကရမွာပါ။ကြ်န္ေတာ္ကေတာ့ အဲဒီ ဆုိင္းဘုတ္ေတြကုိ ျမင္ရတုိင္း ျကက္သီး ေမြးညွင္း ထသလုိခံစားရပါတယ္။ လြန္ခဲ႔ ေသာ ၆ နွစ္ေက်ာ္ခန္႔ က ပုလဲသြယ္ နွင့္ ပတ္သက္သည့္ ေဆာင္းပါးတုိေလး တပုဒ္ သူရိယ အြန္လုိင္း ဂ်ာနယ္တြင္ ေရးခဲ႔ ဘူးပါသည္။ ျမိဳ႔ကုိ ျပန္ေရာက္ေတာ့ ပုလဲသြယ္ က ေဘးနားက ကြင္းကုိ ေရာက္ေနျပီ။
ပုလဲသြယ္ဆုိတာ ၀မ္းခ်ိဳင္င္းနား ေပၚလစီ ဆုိတာကုိ သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရးမွဳ မ်ား မသိဘဲေတာ့ ေနမည္ေကာမဟုတ္။လြယ္လြယ္ရလုိ ႔ယူျကတာလား။ ဘာေတြ ျပန္ေပးရမည္လဲ။မခန္႔ မွန္းတတ္ေတာ့။ သိမွီ သမွ် တရုတ္က ျမန္မာျပည္က အျမတ္ မရ ရင္ ဘာမွ မလုပ္တာဘဲ သိတယ္။
လြန္ခဲ႔ ေသာ နွစ္ေပါင္း တစ္ေထာင္ခန္႔ က ေဆြမ်ိဳးေ ပါက္ေဖာ္၀ါဒ ကုိ လက္ခံပါသည္။ သုိ႔ပါေသာ္လည္း က်ြန္ေတာ္တုိ႔ ၏သမုိင္းေရး၊ ယဥ္ေက်းမွဳ နွင့္ နုိင္ငံေရးမွာ အိႏၵိယ နွင့္သာ ပုိ ျပီး နီးစပ္ပါလိမ့္မည္။ အတူေန ကမံတုိ႔ အား စုိးရိမ္စရာအျဖစ္ရခုိင္အမ်ိဳးသား၀ါဒီတုိ႔ ေတြးထင္ေနျကခ်ိန္တြင္ ပုလဲသြယ္ကား အနီးဆုံးလယ္ကြင္းထဲကုိ ေရာက္ေနခဲ႔ ေခ်ျပီတည္း။
အစုိးရတစ္ခုတည္းကုိ အျပစ္တင္လုိ႔ ရနုိင္ပါမည္လား။ ၄၈။၂၈ ဗမာျပည္ကြန္ျမဴနစ္ပါတီ ေတာခုိ။ ၄၈၊၂၉ ကရင္လက္နက္ကုိင္ေတာ္လွန္ေရးေတြ စတင္ခ်ိန္ကတည္းက အတုိက္အခံ အေတာ္မ်ားမ်ားဟာ တရုတ္တပည့္ေတြပါ။ ျပည္ခ်စ္ အင္အားစုမွ လြဲျပီး က်န္သူတုိ႔မွာ ၀မ္း ရွဳိင္းနား ၏ သားေကာင္အျဖစ္ တတိတိ နဲ႔ ျဖစ္ေနျကရတာပါ။အမ်ိဳးသားေရး စိတ္ဓါတ္ေတြ မွန္မွန္ကန္ကန္ အရွိန္ျမင့္လာတာေကာင္းပါတယ္။ ဒါေပမယ့္ တရဂူ ရြာ နားက ေရြွဘဳံသာ မုနိ တုိက္ကြက္ ဟာ အရုပ္ဆုိးပါတယ္။ ဒီအခ်ိန္မွာ ဖက္ ဒရယ္ အတြက္ အဓိက မဟာ မိတ္ပါတီ အေပၚသုိ႔ မဟုတ္ ည့္သည္အေပၚ ရုိင္းျပ ရာလည္း ေရာက္သည္လုိ႔ ခံစားမိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႔ ေတာင္ကုတ္ခရီးစဥ္အေပၚတြင္ အေ၀းမွ ဆင္ျခင္ျကည့္ျခင္း
ကြ်န္ေတာ္တုိ႔ အားလုံးလုိခ်င္ေမ်ွာ္မွန္းျကတဲ႔ ဖက္ဒရယ္ ဒီမုိကေရစီ တုိင္းေျပကုိ ေသြးထြက္သံယုိမွဳနည္းနည္း ၊ ဘယ္လင့္ ညီညီ ျဖင့္ဦးေဆာင္ေခၚယူနုိင္သူမွာ ေဒၚေအာင္ဆန္းစုၿကည္ ဆုိတာကုိ က်ြန္ေတာ္တုိ႔ ယုံၾကည္ပါတယ္။ သုိ႔ပါေသာ္လည္း တစ္ဦးတစ္ေယာက္တည္းအေပၚတြင္ ပုံထားလုိ႔ေကာမရ။ ဒါေၾကာင္႔ အမ်ိဳးသားလြတ္ေတာ္အတြက္ ေအအင္ပီ သုိ႔ မဟုတ္ အျခား ရခုိင္ပါတီ တစ္ခုခု ၊ သုိ႔ မဟုတ္ နုိင္ငံေရး ေရခ်ိန္ျမွင့္ တဲ့ ပါတီ တစ္ခုကုိ မဲေပးသင့္တယ္ လုိ ႔ က်ြန္ေတာ္ ထင္ပါတယ္။
သမၼတရဲ႔ ကတိစကား အရ တပ္မေတာ္ အေနနဲ႔လည္း ျပည္သူအားကုိး အားထား ျပုလုိတဲ႔ အဖြဲ႔ အစည္း ျဖစ္လာဖုိ႔လာ အခြင့္အေရးတစ္ခုပါ။
အျခားပါတီ အဖြဲ႔ အစည္း တစ္ခု ၊ ေခါင္းေဆာင္တစ္ေယာက္ဟာ ေဒၚ စု ရထားတဲ႔ ျပည္သူအားကိုး ယုံျကည္မွဳကုိ ရမထားခဲ႔ပါဘူး။ ေတာင္ကုတ္ရဲ႔ နုိင္ငံေရးဟာ ေရ ခ်ိန္ မက်ခဲ႔ပါ။ဒါေပမယ့္ ဖက္ဒရယ္ ဆုိတဲ႔ ခရီးဟာ နီးနီးေလးေတာ့ မျဖစ္တန္ရာ။ အထူးသျဖင့္ ဒီလာမယ့္ ၅ နွစ္မွာ ျဖစ္လာမယ္လုိ႔ ေမွ်ာ္လင့္လုိကုိ မရနုိင္ေသးပါဘူး။
ေဒၚစု မရွိေတာ့ရင္ ဆုိတာကုိ ပါ ထည့္တြက္ စဥ္းစား ျပင္ ဆင္ထားရမွာပါ။လြန္ခဲ႔ေသာ ၁၃ နွစ္ကာ လ ေဒၚ စု ေရာက္လာစဥ္ ပရိသတ္ဟာ လမ္းမွာ တျခမ္းထုိင္ျပီး နားေထာင္ခဲ့ျကပါတယ္။မုိက္ သံုးခြင့္မရွိလုိ႔ေအာ္လံ ေလး နဲ႔ ေျပာခဲ႔ရတယ္ လုိ႔ ထင္ပါတယ္။ပရိသတ္ဟာ ယခု ပရိသတ္ တ၀က္ေတာ့ ရွိမွာပါ။အားလုံးက ထုိင္ျပီးေသေသ၀ပ္၀ပ္အားေပးျကပါတယ္။ ေနာက္က လူေတြ မျကားရလုိ႔ ေရွ႔ ေနာက္လူေတြ ေနရာ လွယ္ေပးျကပါတယ္။ကားလမ္းက်ဥ္းက်ဥ္းေလးမွာ ေဘး နားက ကားသြားလုိ႔ ရေအာင္ ေနရာ တ၀က္ေပးထားျကပါတယ္။ ျကံ့ ခုိင္ေရး ကား တစ္စီး နွစ္ စီး ျဖတ္ေမာင္းပါတယ္။ သူတုိ႔ လည္း မလုပ္လုိျကပါဘူး။ ေဟာ ေျပာပြဲံ ျပီးေတာ့ထျပန္ျကတဲ့ အခ်ိန္မွာ အမွဳိက္ တစ မက်န္ခဲ႔ ပါဘူး။ အခုကြင္းက ေတာင္ကုတ္လမ္းမ နဲ႔ ဆုိရင္အမ်ားျကီးက်ယ္ပါတယ္။ တုိးလုိ႔ မေပါက္ဘူး။ ေဒၚစုကုိ စတိတ္ရွဳိးျကည့္သလုိ ျကည့္သြားျကတယ္ ဆုိရင္ လြန္မလား မေျပာတတ္ဘူး။ တုိးတက္ျခင္းလား ဆုတ္ယုတ္ျခင္းလား ေ၀ခြဲ ရ ခက္ခဲ႔ ပါျပီ။

အရင္ တခါ လုိ Illusion ေတြျပီးလုိ ႔ Pressure ျပန္လာမယ္ ဆုိရင္ အဲဒီကြင္းျပည့္ ပရိတ္သတ္ဘယ္ေလာက္မ်ား က်န္နုိင္မွာလဲ လုိ႔ လဲ စဥ္းစားမိပါရဲ႔။
စစ္မွန္ေသာ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္ ဆီ သုိ႔ ေအာင္ျမင္စြာ ခ်ီတက္နုိင္ျကပါေစ။
မိတ္ေဆြ။
Soe Min Naing

...........................
Soe Min Naing


တွဲလက်တို့ ခိုင်ခိုင်မာမာ မြဲပြီး ဖြစ်တည်မှု မဖျက် ၊ ချစ်ကြည်မှု မပျက်၊ ဖက်ဒရယ်စနစ်ကို ရှေးရှု ချီတက်လိုလျှင်
ိ ခရီး နီးသလား။ ၅ နာရီလာရ၏။ မ နီးပါ။ပန်းတိုင်သို့ ပို ပင် ဝေးပါသေးသသည်။ နတ်တို့၏ နာရီမှာ လူပြည်တွင် ဘယ်လောက်ကြာမည်တော့ မသိ။ သေချာတာကတော့ လူကလေး အဖျားဝင်နေသည်။ နေပူထဲ မသွားရ၊ ဟမ်ဘာဂါစားပါ ( ပျားရည်ကို ရှားနိုင်တယ်)၊ ဘီယာသောက်ပါ (ငါးကြီးဆီက ခလေးတွေကို အခု မဝေနိုင်သေးလို့) ကျန်းမာလာမည်လို့ ဘဲ ပြောရတော့မယ် ထင်ရဲ့။
သို့ နှင့် ဗက သောက်များ၊ လူ့ ဘောင်သောက်များ။ မဘသောက်များ . . များခဲ့ ရသည်။.ဒုတိယ လွတ်လပ်ရေး နှင့် ရိုးရာ ဂိမ်းအဟောင်းမှာ Ideology များ မျိုးဆက် ပြတ်ပြီး လျှော့ရိုက် ကုထုံးနဲ့ ဆေးမြီးတိုကို သုံးကြရင်း ဒစ်စကို လမုန်း နဲ့ တိုင်ပတ်က နေကြရတယ် ဆိုတာပါဘဲ။ ဟိုကွေ့ ဟိုတက် ဒီကွေ့ ဒီတက် လှော်ကြရင်း
ကလန့် တွေကြား(မိသားစုများအကြား) ဖြစ်တဲ့ ပဋိပက္ခ ဟာနိုင်ငံရေး ပြသနာ ဖြစ်နေတဲ့ ဆိုမာလီယာ လိုတောင် ဖြစ်လာဖို့ တွေးပူလာရတယ်။
လစ်ဘရယ် ထွက်ပေါက်က အလွယ်တကူ၂၀၀၈ မှာ ထွက်လိုက်ကြပေမယ့် တိုင်းပြေမှာတော့ ရှင်းစရာ ပြသနာ တပုံကြီးနဲ့ ကျန်နေခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ အာဏာရှင် ရဲ့ အင်နားရှား ဟာအရွေ့ သဘောကို ဆောင်ခဲ့ ပါပြီ။ ဒါဟာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုပါ။
၄၃၆ ကို မပြင်နိုင်ခဲ့ဘူး။ အနည်းဆုံးဒီလောက်တော့ အောင်မြင်သင့်တယ်။ဒီတခါ ရွေးကောက်ပွဲမှာ ဒါကို ပြင်ချင်စိတ်ရှိတဲ့ လူတွေအာဏာရလာဖို့ လိုတယ်။

ကိုယ့် သမိုင်း ကိုယ် မသိရင် အိမ်ရှင်ကို မျောက်လိုက်ခံရမည်
ရခိုင်ပြည်နယ်တောင်ပိုင်းသားများ ဘယ်လိုမဲပေးကြမလဲ။ နေပူတောင်ကိစ္စ ကြတော့ အတော်များများ ဆန္ဒ ပြလိုက်ကြပါတယ်။ အစိုးရ ဘတ်ဂျက် တောင်ပိုင်းမှာ တပြားမှ မသုံးတဲ့ ကိစ္စ၊ ကုလားစကားလေယူလေသိမ်းများ၊ ဝေါဟာများဖြင့် မြန်မာစာဖြင့်ရေးထားသောစာကို (ရက္ခ ၀ ဖြင့် မဟုတ်ဘဲ) ရေးပြီး တောင်ပိုင်းတွင် သင်သည်။ အချင်းချင်းကြား ကြောက်စရာ ကောင်းသည့် ပြစ်မှု တစ်ခုကို ကျူးလွန်ခြင်းသာတည်း။ လူမမယ် ခလေးများကိုသင်သည်ဆိုပြီး မိဘများကို တောင်းပန်ဖို ့ စိတ်ကူးရှိပုံမရ။ တကယ်တော့ ဒါဟာ ခလေးမုဒိန်းမှု ကျူးလွန်တာလို့ တောင် စွပ်စွဲချင်ပါတယ်။
ယခင် ဖြတ်သွားဖြတ်လာ၊ အတူဘော်လုံးကန် ၊ အတူ ကျောင်းတက်ခဲ့ ကြသည့်နယ်မြေတွင် လုံခြုံရေး ကို အကြောင်းပြ ပြီး ညမထွက်ရ။ ညမဖြတ်ရ မရုတ်သိမ်းဘဲ ကာလမည်မျှကြာခဲ့သနည်း။ ဒါက တောင်ပိုင်းသားတို့ စီးပွါးရေးကို သွယ်ဝိုက် တိုက်ခိုက်ခြင်းသာ။ အချင်းချင်း စိတ်ချလို့ မရတော့။
ဒီကိစ္စဟာ ဖက်ဒရယ် ခရီး (ရှစ်ပြည်နယ်ဟု တိုင်းရင်းသားတို ့စဉ်းစားထားသည့်မူ)အတွက် အလွန်တရာ အရေးတကြီး စဉ်းစားစရာ ဖြစ်လာနေသည်။
တကယ်ရှစ်ပြည်နယ် ဖြစ်မှ ရမည်လော။ ကြားတွင် အခြားအဆင့်များလည်း ရှိနိုင်ပါသေးသည်။ အဓိက က ဖက်ဒရယ် ဖြစ်ရေးပါ။ ၁၀ ပြည်နယ်။ ၁၁ ပြည်နယ် စသဖြင့် ဖြစ်တည်မှု အရ လည်း ဖြစ်နိုင်ပါသေးသည်။ အရေးအကြီးဆုံးကတော့ ဒီကိစ္စကို ပါလီမန်က ဖြေရှင်းနိုင်ရေးပါ။ ဒီတော့ကာ အချင်းချင်းကြားအပြုအမူ သဘောထားတို့ကို စနစ်တကျ ဆန်းစစ်ရန် လိုအပ် လာကြပေပြီ။ ပါ၀ါ ထိမ်းညှိရန် လိုအပ်လာပါပြီ။
ဖက်ဒရယ် ဆိုတာက အခြေခံအားဖြင့် ဖြစ်တည်မှု များ မပျောက်ကွယ်အောင် ကိုယ်ပိုင်ပြဌန်းခွင့်များဖြင့် အတူတကွ ပေါင်းစည်းေ နထိုင်ခြင်းသာ။ ဒီတော့ အထက်မှာ ဖော်ပြခဲ့ တဲ့ အတိုင်းပါဘဲ လွန်ခဲ့ တဲ့ ၅ နှစ်က အေအင်ပီ အနေနဲ့ အချင်းချင်း ကြား အနီကဒ် နှစ်ခု ရထားတယ် ဆိုတာပါ။ တစ်ခုက ဘတ်ဂျတ်ခွဲဝေ မှု။ နောက်တစ်ခုက ရခိုင်စာ ဆိုပြီး မြောက်ပိုင်းလေသံကို တောင်ပိုင်းတွင် လာသင်ခြင်း။
အင်အယ်ဒီကို ဝေဖန်ကြည့်ကြပါဦးစို့။ အင်အယ်ဒီ အနုတ် ဒေါ် အောင်ဆန်းစုကြည် ညီမျှခြင်း သုည ဖြစ်ပါတယ်။ ရခိုင်ပြည်တောင်ပိုင်းတွင် သာ ဆိုလိုပါသည်။ သို့ သော် အင်အယ်ဒီ အပေါငး် ဒေါ်စု ဖြစ်အောင် ရပ်တည်နိုင်ခဲ့တာကို တွေ ့ရမှာပါ။ အဖြေက အတိုင်းအတာ မရှိပါဘူး။ နိုင်ငံပြသနာ အားလုံးကို ရှင်းဖို့ အရေးကြီးတဲ့ ဘုံ ဆိုင်တဲ့ အင်အားစုကြီးနှစ်ရပ် ပေါင်းစည်းမှု လို့တောင်ပြောလို့ ရပါတယ်။
ရခိုင်ပြည်တောင်ပိုင်းဟာ ဗမာ မဟုတ်သော၊ အခြား ယဉ်ကျေးမှု နှင့် လူဦးရေ အရ များပြားသော ညီအကိုတွေ နဲ့ ဒိုးတူ ပေါင်ဖက် နေထိုင်ခဲ့ကြတဲ့ သက်ဆိုင်မှုတွေ ရှိနေခဲ့ပါတယ်။ ဂ ဃ စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ နယ်မြေ တစ်ခုပါ။ဒွါရာဝတီ ခေတ်ဟာ ပျူ၊ ကမ်းယံ၊သက်တို့ ရှိခဲ့ အဏုမြူဗုံးခါးမှာ ပတ်ပြီး ပြောရမယ့် အနေအထားပါ။ အနီးဆုံးအနေနဲ့ တလိုင်းခေါ် မွန်နွယ် စု တွေ တည်ရှိခဲ့တယ်။ အင်္ဂလိပ် နဲ့ ရခိုင် တပ်တွေ မန္တလေး နဲ့ တိုက်တဲ့ ပထမ စစ်မှာ အမ်းစော်ဘွား ဟာ ရှမ်း လို့ မှတ်သားဘူးတယ်။ အဲဒီအရင် နှစ် ၄၀ က ဘုရားပင့်တဲ့ မှတ်တမ်းမှာ(မှော်ဘီ ဆရာသိန်း၊ ပါးစပ်ရာဇဝင်) မှာ တလိုင်းနဲ့ ပျူ မကြည်ဖြူလို ့ကျောသားပေါင်သား လိုက်ဖဲ့ တယ်လို ့ တွေ့ရတယ်။ရခိုင်ဘက်က မှတ်တမ်းမှာတော့ ရုပ်ရှင်တော်ဟာ တောင်ကုတ်ရိုး မှာ သုံးရက် နားသွားတယ်လို့ ဖတ်ရတယ်။ ဘုရားနဲ့ လူကို လိုက်လုတဲ့ ဖြစ်စဉ်ဖြစ်ပွါးခဲ့ တယ်လို့ ဘဲ ယုံကြည်ရမှာပါ။ ပါးစပ်ရာဇဝင် က တော့ ဒီလူတွေကို တလိုင်းနဲ့ ပျူ အဖြစ်ဖော်ပြထားတယ်။
တောင်ကုတ်မြို့ ဟောင်းကျောက်စာ အပိုင်းအစ၊ မြစေတီ ကျောက်စာ နဲ့ အိုးထိမ်းဘုရားအနီး တွေ ့ရသော ကျောက်စာ အပိုင်းအစများမှ ာ ဆက်စပ်မှု ရှိနိုင်သည်ဟု စာရေးသူ အနေဖြင့်ထင်မြင်မိပါသည်။ စာရေးသူဟာ ပညာ ရှင် တစ်ယောက် မဟုတ်တဲ့ အတွက် ဆက်စပ် စဉ်းစားမှုကို တင်ပြခြင်းသာဖြစ်ပါတယ်။
အဓိက ပြောချင်တာကတော့ ဒီလူတွေဟာ ရခိုင်ရှင်ဘုရင် ဘက်က တိုက်ပွဲ ၀င်ခဲ့ ကြပြီး နယ်မြေကျဉ်းကျဉ်းတွင် မျိုးနွယ်စုံ စနစ်တစ်ခုဖြင့်နေထိုင်ပေါင်းစည်းခဲ့ ကြလို့ လေယူလေသိမ်းနဲ့ ဖြစ်တည်မှုဟာ မြောက်ပိုင်းနဲ့ မတူပါဘူး။ ဒီလူတွေဟာ
Indignous (ဌာနေတိုင်းရင်းသား မျိုးနွယ်စုများရဲ့ အရော) သာလျှင် ဖြစ်တယ်လို့ ဆိုလိုချင်တာပါ။
ဒါကို ရခိုင်စာ ဆိုပြီး မြန်မာစာ နှင့် မြောက်ပိုင်း လေသံကို ပြဌ်းစေခြင်းဟာ ခလေးမုဒိမ်း မှု သာလျှင်ဖြစ်တယ် လို့ ထင်မြင်မိပါတယ်။
ကျွန်တော်တို့ ဆရာ ဦးစီးတွေဟာ မသိတာတော့ မဖြစ်နိုင်ပါဘူး။ ၀န်ထမ်းဆိုတဲ့ ဘဝ မှာ ခိုင်းတာလုပ်ရတဲ့ လူတစ်ယောက်အဖြစ် အရက်သောက်နေတာဘဲ ဖြစ်မှာပါ။
ကျွန်တော်လည်း ဖြစ်လာတဲ့ အခင်းအကျင်းမှာ ဘာမှ ပြောလို့ ဆိုလို့ မရတော့တဲ့ အဆုံး
ပက်ခုံးထက်တက်လာတာကို နွားတစ်ကောင်လို့ နိုင်သလောက် ရှင်း။ မရှင်းနိုင် ရှင်းခွင့် မရှိရင် အရက်သောက်။ အရက်သောက်တတ်တဲ့ နွားတစ်ကောင်လို့ ဘဲ ပြောရတော့မှာပေါ့။ ဦး စီးတွေလည်း ကျွန်တော့ လိုဘဲ ေ န နေ တာနဲ့ တူပါတယ်။
အဲတော့ပြည်နယ် လွတ်တော်မှာ တောင်ပိုင်း ရဲ ့ ဖြစ်တည်မှုကို ထိမ်းဖို့ ရခိုင်ပါတီများ မဟုတ်တဲ့ နိုင်ငံရေး အားကောင်းတဲ့ ပါတီမျိုးကို မဲပေးဖို့ လိုပါတယ်။ အားလုံး သော ကိုယ်စားလှယ်တွေက လည်း ရခိုင်တွေပါဘဲ။ အမျိုးအနွယ်ကို စောင့်ရှောက်ပါမှ ရခိုင်မည်တာပါ။ တရုတ်ပေါ်လစီ အတိုင်း ၀ါးမျိုပစ်ဖို့ ကြိုးစားကြလေသမျှ ဘယ်မှာ လာ ရခိုင် မည်ပါတော့အံ့ နည်း။ ရှင်ဘုရင်တွေ ဘက် က စစ်နိုင်ခဲ့ သော်လည်း အနော်ရထာ ကျန်စစ်သား အလောင်းစည်သူ တို့ ၏ ပုဂံသည် လည်းကောင်း မင်းဘာကြီး ၊စိုင်းန္ဒြား အစ ရှိသော ဘုရင်တို့ သည် လည်းကောင်း စစ်နိုင်ခဲ့သော်လည်း ထိုသူတို့၏ နယ်မြေတို့ ကား ပျက်သုဉ်းခြင်းကို ရင်ဆိုင်ကြရကုန်၏။ ဂါဃ (ဂါမ) ၏ အငွေ့ အသက်တို့ ကား ယနေ့ တိုင် တည်ရှိဆဲ။ ရေရှည် တိုက်ပွဲမှာ အာဏာရှင်ကို ဒီမိုကရေစီက နိုင်တယ် ဆိုတဲ့ အကောင်းဆုံး သက်သေအဖြစ် ဒွါရာဝတီခေတ် ဟာ ဆက်လက် အသက်ရှင်နေခဲ့ပါတယ်။ဒီ ဂဃ စစ်အောက်မှာ ဘဲ ကမံတို့ နဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင် နိုင်ခဲ့ ပါတယ်။
ဟောင်းနွမ်းလှ ပြီဖြစ်တဲ့ ဒီစနစ်ကို ဒီမိုကရေစီ အသွင်ပြောင်းကာလများနှင့် အစားထိုးခြင်းဟု လက်ရှိအခြေအကေို သုံးသပ် ပါတယ်။ ဒီမှာတင် ဟိုးရှေးကမဖြစ်ခဲ့တဲ့ ဘာသာရေး ၊ လူ မျိုးရေးအရေးအခင်းကို တကြိမ်ပြန်လည် ရင် ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်ဘဲ စီးပွါးရေးဟာ ရှေ့ ကို ရွေ့ သင့်သလောက် မရွေ့ နိုင်။ ဘူးသီးတောင် ။ မောင်းတော တွင် ဖြစ်ပေါ်ခဲ့သောကိစ္စအတွက် မိမိတို့ လုပ်စရာ၊ ရင်ဆိုင်စရာ ရှိတာကို ရင်ဆိုင်ခြင်းလို့ ပြောလိုသော်လည်း သံတွဲလိုနေရာတွင် အလားတူစိုးရိမ်နေရခြင်းမှာ မိမိတို့ ၏ ညံ့ဖျင်းမှု ဟုသာခံစားရပါသည်။
ပုလဲသွယ် အန္တရာယ်
ကားလမ်းတွေကို ဖြတ်သွားရင် ပုလဲသွယ် စိုက်ခင်း ဆိုတဲ့ ဆိုင်းဘုတ်တွေကို တွေ့ ကြရမှာပါ။ကျွန်တော်ကတော့ အဲဒီ ဆိုင်းဘုတ်တွေကို မြင်ရတိုင်း ကြက်သီး မွေးညှင်း ထသလိုခံစားရပါတယ်။ လွန်ခဲ့ သော ၆ နှစ်ကျော်ခန့် က ပုလဲသွယ် နှင့် ပတ်သက်သည့် ဆောင်းပါးတိုလေး တပုဒ် သူရိယ အွန်လိုင်း ဂျာနယ်တွင် ရေးခဲ့ ဘူးပါသည်။ မြို့ကို ပြန်ရောက်တော့ ပုလဲသွယ် က ဘေးနားက ကွင်းကို ရောက်နေပြီ။
ပုလဲသွယ်ဆိုတာ ၀မ်းရှိုင်းနား ပေါ်လစီ ဆိုတာကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှု များ မသိဘဲတော့ နေမည်ကောမဟုတ်။လွယ်လွယ်ရလို ့ယူကြတာလား။ ဘာတွေ ပြန်ပေးရမည်လဲ။မခန့် မှန်းတတ်တော့။ သိမှီ သမျှ တရုတ်က မြန်မာပြည်က အမြတ် မရ ရင် ဘာမှ မလုပ်တာဘဲ သိတယ်။
လွန်ခဲ့ သော နှစ်ပေါင်း တစ်ထောင်ခန့် က ဆွေမျိုးေ ပါက်ဖော်ဝါဒ ကို လက်ခံပါသည်။ သို့ပါသော်လည်း ကျွန်တော်တို့ ၏သမိုင်းရေး၊ ယဉ်ကျေးမှု နှင့် နိုင်ငံရေးမှာ အိန္ဒိယ နှင့်သာ ပို ပြီး နီးစပ်ပါလိမ့်မည်။ အတူနေ ကမံတို့ အား စိုးရိမ်စရာအဖြစ်ရခိုင်အမျိုးသားဝါဒီတို့ တွေးထင်နေကြချိန်တွင် ပုလဲသွယ်ကား အနီးဆုံးလယ်ကွင်းထဲကို ရောက်နေခဲ့ ချေပြီတည်း။
အစိုးရတစ်ခုတည်းကို အပြစ်တင်လို့ ရနိုင်ပါမည်လား။ ၄၈။၂၈ ဗမာပြည်ကွန်မြူနစ်ပါတီ တောခို။ ၄၈၊၂၉ ကရင်လက်နက်ကိုင်တော်လှန်ရေးတွေ စတင်ချိန်ကတည်းက အတိုက်အခံ အတော်များများဟာ တရုတ်တပည့်တွေပါ။ ပြည်ချစ် အင်အားစုမှ လွဲပြီး ကျန်သူတို့မှာ ၀မ်း ရှိုင်းနား ၏ သားကောင်အဖြစ် တတိတိ နဲ့ ဖြစ်နေကြရတာပါ။အမျိုးသားရေး စိတ်ဓါတ်တွေ မှန်မှန်ကန်ကန် အရှိန်မြင့်လာတာကောင်းပါတယ်။ ဒါပေမယ့် တရဂူ ရွာ နားက ရွှေဘုံသာ မုနိ တိုက်ကွက် ဟာ အရုပ်ဆိုးပါတယ်။ ဒီအချိန်မှာ ဖက် ဒရယ် အတွက် အဓိက မဟာ မိတ်ပါတီ အပေါ်သို့ မဟုတ် ည့်သည်အပေါ် ရိုင်းပြ ရာလည်း ရောက်သည်လို့ ခံစားမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကုတ်ခရီးစဉ်အပေါ်တွင် အဝေးမှ ဆင်ခြင်ကြည့်ခြင်း
ကျွန်တော်တို့ အားလုံးလိုချင်မျှော်မှန်းကြတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြေကို သွေးထွက်သံယိုမှုနည်းနည်း ၊ ဘယ်လင့် ညီညီ ဖြင့်ဦးဆောင်ခေါ်ယူနိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ သို့ပါသော်လည်း တစ်ဦးတစ်ယောက်တည်းအပေါ်တွင် ပုံထားလို့ကောမရ။ ဒါကြောင့် အမျိုးသားလွတ်တော်အတွက် အေအင်ပီ သို့ မဟုတ် အခြား ရခိုင်ပါတီ တစ်ခုခု ၊ သို့ မဟုတ် နိုင်ငံရေး ရေချိန်မြှင့် တဲ့ ပါတီ တစ်ခုကို မဲပေးသင့်တယ် လို ့ ကျွန်တော် ထင်ပါတယ်။
သမ္မတရဲ့ ကတိစကား အရ တပ်မတော် အနေနဲ့လည်း ပြည်သူအားကိုး အားထား ပြုလိုတဲ့ အဖွဲ့ အစည်း ဖြစ်လာဖို့လာ အခွင့်အရေးတစ်ခုပါ။
အခြားပါတီ အဖွဲ့ အစည်း တစ်ခု ၊ ခေါင်းဆောင်တစ်ယောက်ဟာ ဒေါ် စု ရထားတဲ့ ပြည်သူအားကိုး ယုံကြည်မှုကို ရမထားခဲ့ပါဘူး။ တောင်ကုတ်ရဲ့ နိုင်ငံရေးဟာ ရေ ချိန် မကျခဲ့ပါ။ဒါပေမယ့် ဖက်ဒရယ် ဆိုတဲ့ ခရီးဟာ နီးနီးလေးတော့ မဖြစ်တန်ရာ။ အထူးသဖြင့် ဒီလာမယ့် ၅ နှစ်မှာ ဖြစ်လာမယ်လို့ မျှော်လင့်လိုကို မရနိုင်သေးပါဘူး။
ဒေါ်စု မရှိတော့ရင် ဆိုတာကို ပါ ထည့်တွက် စဉ်းစား ပြင် ဆင်ထားရမှာပါ။လွန်ခဲ့သော ၁၃ နှစ်ကာ လ ဒေါ် စု ရောက်လာစဉ် ပရိသတ်ဟာ လမ်းမှာ တခြမ်းထိုင်ပြီး နားထောင်ခဲ့ကြပါတယ်။မိုက် သုံးခွင့်မရှိလို့အော်လံ လေး နဲ့ ပြောခဲ့ရတယ် လို့ ထင်ပါတယ်။ပရိသတ်ဟာ ယခု ပရိသတ် တဝက်တော့ ရှိမှာပါ။အားလုံးက ထိုင်ပြီးသေသေဝပ်ဝပ်အားပေးကြပါတယ်။ နောက်က လူတွေ မကြားရလို့ ရှေ့ နောက်လူတွေ နေရာ လှယ်ပေးကြပါတယ်။ကားလမ်းကျဉ်းကျဉ်းလေးမှာ ဘေး နားက ကားသွားလို့ ရအောင် နေရာ တဝက်ပေးထားကြပါတယ်။ ကြံ့ ခိုင်ရေး ကား တစ်စီး နှစ် စီး ဖြတ်မောင်းပါတယ်။ သူတို့ လည်း မလုပ်လိုကြပါဘူး။ ဟော ပြောပွဲံ ပြီးတော့ထပြန်ကြတဲ့ အချိန်မှာ အမှိုက် တစ မကျန်ခဲ့ ပါဘူး။ အခုကွင်းက တောင်ကုတ်လမ်းမ နဲ့ ဆိုရင်အများကြီးကျယ်ပါတယ်။ တိုးလို့ မပေါက်ဘူး။ ဒေါ်စုကို စတိတ်ရှိုးကြည့်သလို ကြည့်သွားကြတယ် ဆိုရင် လွန်မလား မပြောတတ်ဘူး။ တိုးတက်ခြင်းလား ဆုတ်ယုတ်ခြင်းလား ဝေခွဲ ရ ခက်ခဲ့ ပါပြီ။

အရင် တခါ လို Illusion တွေပြီးလို ့ Pressure ပြန်လာမယ် ဆိုရင် အဲဒီကွင်းပြည့် ပရိတ်သတ်ဘယ်လောက်များ ကျန်နိုင်မှာလဲ လို့ လဲ စဉ်းစားမိပါရဲ့။
စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် ဆီ သို့ အောင်မြင်စွာ ချီတက်နိုင်ကြပါစေ။
မိတ်ဆွေ။

No comments:

Post a Comment