Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 28, 2015

နောက်ဆုံး မဲဆန္ဒရှင် စာရင်း နိုဝင်ဘာ ၂ ရက် ထုတ်ပြန်မည်


27.10.2015 21:50

    မေခ

မဲစာရင်းကြည့်ရှု့နေသည့်ပြည်သူများ။

မဲစာရင်းကြည့်ရှု့နေသည့်ပြည်သူများ။
လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ့် လူဦးရေစာရင်းကို နိုဝင်ဘာ ၂ ရက်နေ့မှာ နောက်ဆုံးထား ထုတ်ပြန်ပေးမယ် လို့ ရွေးကောက်ပွဲကော်မရှင် က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လက တနိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာရာမှာ သေဆုံးသူများ၊ မိသားစုဝင် မဟုတ်တဲ့အမည်စာရင်း ပါဝင်နေတာမှာလည်း တာဝန်ခံနိုင်ပါက ပယ်ဖျက်ခွင့် လျှောက်ထားနိုင် တယ်လို့လည်းပြောဆိုလိုက်ပါတယ်။ ဒီအပြင် မဲပေးနိုင်တဲ့ အခွင့်အရေးရရှိသူ တဦးအနေနဲ့ မဲစာရင်းမှာမပါလို့ လျှောက်ထားရာမှာလည်း ထပ်မံမပါတာကို အတိအကျတင်ပြပါက ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ကို အရေးယူပေးမယ် လို့လည်း ပြောဆိုလိုက်ပါ တယ်။ သတင်းအပြည့်အစုံ ကို နေပြည်တော်မှာရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် မေခကပေးပို့ထားပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာမဲပေးနိုင်မယ့် လူဦးရေစာရင်းကို နိုဝင်ဘာ ၂ ရက်နေ့မှာ နောက်ဆုံးထား ထုတ်ပြန်ပေးမယ် လို့ ရွေးကောက်ပွဲကော်မရှင် က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှုးချုပ် ဦးတင်ထွန်းက ခုလိုပြောဆိုလိုက်တာပါ။ တပ်နယ်မြေများ အတွင်း မဲပေးခွင့် စာရင်းကိုလည်း သက်ဆိုင်ရာ တပ်များတွင် ကပ်ထားမယ်လို့လည်းပြောပါ တယ်။

“မဲပေးပိုင်ခွင့်ရှိသူစာရင်းကတော့ ကျနော်တို့ ၂ ရက်နေ့ကနေစပြီးတော့ သက်ဆိုင်ရာ ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ရုံးတွေမှာ မဲရုံတိုင်းမှာ ကပ်ပေးမယ်။ ၂ ရက် နေ့ကို ကျနော်တို့ မဲစာရင်းတွေက ရပ်ကျေးကနေထုတ်တာ။ ဘာကြောင့်အတိအကျ မပြောနိုင်သလဲဆိုတော့ ကျနော်တို့က ပထမအကြိမ်ကျနော်တို့ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့ ကြေညာလိုက်တာရှိတယ်။ အဲဒီမှာ ဘာတွေ တိုးလာသလဲဆိုတော့ ကျန်ခဲ့တဲ့လူတွေက ပုံစံ ၃ နဲ့ ထပ်လျှောက်ထားတာရှိတယ်။ နော်တခါ တခြား မဲဆန္ဒနယ်ကနေပြီးတော့မှ ပြောင်းလာတာတွေရှိတယ်။ အဲဒါတွေက ၃ (က) နဲ့ ကျနော်တို့ လက်ခံထားတာရှိတယ်။ အခုဒီ ပုံစံ၃ တွေ ၃ (က)တွေ တင်တဲ့ဟာတွေ အားလုံးကို ကျနော်တို့ ပြန်ပြီးတော့ ရိုက်နေပါပြီ။ ဆိုတော့ ၂ ရက်နေ့မှာ ကျနော်တို့ ရပ်ကွက်ကော်မရှင်ရုံးမှာ ကပ်ပါမယ်။ ၆၊ ၇ မှာတော့ မဲရုံမှာ ကပ်ပေးပါမယ်။”

မဲပေးနိုင်တဲ့ အခွင့်အရေးရရှိသူတဦးအနေနဲ့ မဲစာရင်းမှာမပါလို့လျှောက် ထားရာမှာလည်း ထပ်မံ မပါတာကို အတိအကျ တင်ပြပါက ရပ်ကွက်၊ကျေးရွာကော်မရှင် အဖွဲ့ကို အရေးယူပေးမယ်လို့ ညွန်ကြားရေးမှူး ဦးသောင်းဟန်က ခုလိုပြောပါတယ်။

“မပါလို့ လျှောက်လို့ရှိရင် လျှောက်တဲ့လူကိုလည်း ကျနော်တို့ register လုပ်မှာ ။ အခုနောက်ဆုံးကြေညာလို့ရှိရင်။ ကျနော်တို့ ကော်မရှင်ကလည်း လက်ခံကြောင်း လက်မှတ်ထိုးသလို၊ ကာယကံရှင်ကလည်း လာတင်ကြောင်း လက်မှတ်ထိုးပါမယ်။ အဲဒီတော့မှ ကျနော်တို့ စီစစ်မှာပါ။ စိစစ်တဲ့အခါမှာ in line မဖြစ်တာတွေ မပါနိုင်တော့ပါဘူး။ ကျန်တဲ့လူတွေက ပါမှာပါ။ မပါဘူးဆိုရင် ခုနက ကျနော်တို့ ပြော သလို ရွေးကောက်ပွဲရဲ့ ပြစ်မှုဆိုင်ရာ ၊ အခန်း ၁၄ ရဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသား တယောက်ကို မဲပေးပိုင်ခွင့် ဆုံးရှုံးအောင် ဘယ်သူကပဲလုပ်လုပ် ၊ ဒါ ရဲအရေးပိုင်တဲ့အမှုဖြစ်တာကြောင့် တရားစွဲဖို့ရှိပါတယ်။ တိတိကျကျ အမည်နဲ့ ဖော်ထုတ်မှာပါ။ သူ့ဘက် ကိုယ့်ဘက် အငြင်းပွားမှာစိုးလို့။ အဲဒီလို အထောက်အထားတွေနဲ့ တင်ပြပြီးတော့မှ ပါသင့်တာ မပါလို့ရှိရင် ဒါကျနော်တို့ ဆက်ပြီးတော့ action ယူလို့ရပါတယ်။”

ဒီပြင် အိမ်ထောင်စုစာရင်းဝင်၊ မိသားစု မဟုတ်တဲ့ အမည်စာရင်းများ ပါဝင်နေသည်ကို တွေ့ရှိနေရသည်ဟု မဲဆန္ဒရှင်များက ပြောဆိုနေမှုများအပေါ် ညွန်ကြားရေးမှူး ဦးသောင်းဟန်က ခုလိုထပ်မံ ပြောဆိုလိုက်ပါသေးတယ်။

“အဲဒီလူတွေက မရှိတော့ဘူးလို့ သေချာရင် ကျနော်တို့ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲကို တရားဝင် စာနဲ့ သွားတင်လို့ ရပါတယ်။ ဘာနဲ့ သွားတင်လို့ ရသလဲဆိုတော့ ဖြတ်လို့ရတဲ့ ပုံစံလေးနဲ့ သွားတင်လို့ရပါတယ်။ ချက်ခြင်း ဖျက်ပေးမယ်။ ကြိုက်တဲ့ အဖွဲ့အစည်းကနေ ပါတီတွေ တင်လို့ရတယ်။ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကနေ တင်လို့ရပါတယ်။ တင်တဲ့လူကတော့ တာဝန်ယူရမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က မဲပေးပိုင်ခွင့်ရှိတဲ့ လူတယောက်ကို သွားဖျက်မိရင်၊ ဒါသူ့ရဲ့ မဲဆန္ဒရှင်ရဲ့ Right ကို သွားထိခိုက်သွားမယ်။ ခင်ဗျားတို့ ခုနက တာဝန်ခံပြီးတော့ ဒီလူတွေ ပိုတယ်ဆိုတဲ့အကြောင်း အထောက်အထား တင်ပြပြီးသွားရှိရင် ကျနော်တို့က အဲဒီအထောက်အထားပေါ်မှာ ယှဉ်ပြုပြီးတော့ ဖျက်ပေးမယ်။ ကော်မရှင်သည် အဲဒီ ၁၄ (ခ) မှာ အဲဒါပါတယ်။ လုပ်လို့ရတယ်။ ဒါ တင်ပြဖို့ပဲလိုတယ်။ ကျနော်တို့ကော်မရှင်ကတော့ ခုနလို entry လုပ်ရတဲ့ စာရင်းက ဒီ ၆၆ ကြောင့် officially ရှိနေတာကို ကျနော်တို့ ဖျက်လို့မရဘူး။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အတွင်း ထုတ်ပြန်ကြေညာခဲ့တဲ့ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းမှာ မပါဝင်သူများက ပုံစံ ၃ ဖြင့် ထပ်မံလျှောက် ထားလာကြတာကြောင့် မဲစာရင်း အရေအတွက်တွေထပ် တိုးမြင့်လာတယ် လို့လည်း ကော်မရှင်ကပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွင်းမှာမြန်မာနိုင်ငံ အနှံ့ရှိ မဲရုံများ ရလဒ် အခြေအနေများကို ထုတ်ပြန် ပေးဖို့ သတင်း အချက်အလက် စင်တာနှစ်ခု ဖွင့်လှစ်သွားမယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောပါတယ်။

နောက်ဆုံးရလဒ်ကိုတော့ ရွေးကောက်ပွဲ ကျင်းပပြီးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ကြေညာမှာဖြစ်ပြီးအဲဒီ တိုင်းဒေသကြီး နှင့် ပြည်နယ်များက ကြေညာချက်များကို စုစည်း စစ်ဆေးကာ ၂ ပတ် အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပေးမယ်လို့ကော်မရှင်ကပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်က မြို့နယ် ၁၁ ခုက မဲရုံအချို့၊ ကရင်ပြည်နယ်က မြို့နယ် ၇ခုက မဲရုံအချို့၊ ပဲခူးတိုင်း ကမြို့နယ် ၂မြို့နယ်က မဲရုံအချို့၊ မွန်ပြည်နယ်က မြို့နယ် ၁ခုက မဲရုံအချို့နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၁၃ခုက မဲရုံအချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း ရှမ်းပြည်နယ် အတွင်းရှိ မိုင်းရှူးမြို့နယ် တစ်ခုလုံး၊ ကျေးသီးမြို့နယ် တစ်ခုလုံး၊ တန့်ယန်းမြို့နယ် ရှိ ကျေးရွာအုပ်စု တချို့ နှင့် ဟိုပန် မြို့နယ်ရှိ ၈ အုပ်စု၊ ဟိုပန်မြို့နယ်မှာ ကျေးရွာအုပ်စုနဲ့ ရပ်ကွက်ပေါင်း ၄၂ ခု တို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ဒီကနေ့မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
VOA
....................
နာက္ဆုံး မဲဆန္ဒရွင် စာရင်း နိုဝင္ဘာ ၂ ရက် ထုတ်ျပန္မည်
27.10.2015 21:50

    မေခ

မဲစာရင်းကြည့်ရှု့နေသည့်ျပည်သူမ်ား။

မဲစာရင်းကြည့်ရှု့နေသည့်ျပည်သူမ်ား။
လာမယ့်ရြေးကောက္ပြဲမွာ မဲပေးနိုင္မယ့် လူဦးရေစာရင်းကို နိုဝင္ဘာ ၂ ရက်နေ့မွာ နောက္ဆုံးထား ထုတ်ျပန်ပေးမယ် လို့ ရြေးကောက္ပြဲက္မောရွင် ကျေပာဆိုလိုက္ပါတယ်။ ပြီးခဲ့တဲ့လက တနိုင်ငံလုံးအဆင့် မဲဆန္ဒရွင္စာရင်း ထုတ်ျပန်ကြေညာရာမွာ သေဆုံးသူမ်ား၊ မိသားစုဝင် မဟုတ္တဲ့အမည္စာရင်း ပါဝင်နေတာမွာလည်း တာဝန္ခံနိုင္ပါက ပယ္ဖ်က္ခြင့် လွော်က္ထားနိုင် တယ္လို့လည်ျးေပာဆိုလိုက္ပါတယ်။ ဒီအျပင် မဲပေးနိုင္တဲ့ အခြင့်အေရးရရွိသူ တဦးအေနနဲ့ မဲစာရင်းမွာမပါလို့ လွော်က္ထားရာမွာလည်း ထပ္မံမပါတာကို အတိအက်တင်ျပပါက ရပ္ကြက်ကေ်းရြာက္မောရွင်အဖြဲ့ကို အေရးယူပေးမယ် လို့လည်းျေပာဆိုလိုက္ပါ တယ်။ သတင်းအျပည့်အစုံ ကို နျေပည်တ္မေွာာရောက်ရွိနေတဲ့ ဗီအြိုအေ သတင်းထောက် မေခကေပးပို့ထားပါတယ်။

လာမယ့်ရြေးကောက္ပြဲမွာမဲပေးနိုင္မယ့် လူဦးရေစာရင်းကို နိုဝင္ဘာ ၂ ရက်နေ့မွာ နောက္ဆုံးထား ထုတ်ျပန်ပေးမယ် လို့ ရြေးကောက္ပြဲက္မောရွင် က နျေပည်တ္မေွာာ လုပ္တဲ့ သတင်းစာရွင်းလင်းပြဲမွာ ညွှန်ကြားရေးမှုးခ်ုပ် ဦးတင္ထြန်းက ခုလိျုေပာဆိုလိုက္တာပါ။ တပ္နယ်ျေမမ်ား အတြင်း မဲပေးခြင့် စာရင်းကိုလည်း သက္ဆိုင်ရာ တပ္မ်ားတြင် ကပ္ထားမယ္လို့လည်ျးေပာပါ တယ်။

“မဲပေးပိုင္ခြင့်ရွိသူစာရင်းကေတာ့ က်န္တောို့ ၂ ရက်နေ့ကေနစပြီးတော့ သက္ဆိုင်ရာ ၊ ရပ္ကြက်က္မောရွင်အဖြဲ့ရုံးတြေမွာ မဲရုံတိုင်းမွာ ကပ်ပေးမယ်။ ၂ ရက် နေ့ကို က်န္တောို့ မဲစာရင်းတြေက ရပ်ကေ်းကေနထုတ္တာ။ ဘာကြောင့်အတိအက် မျေပာနိုင်သလဲဆိုတော့ က်န္တောို့က ပထမအကြိမ္က်န္တောို့ ၁၄ ရက်နေ့ကေန ၂၇ ရက်နေ့ ကြေညာလိုက္တာရွိတယ်။ အဲဒီမွာ ဘာတြေ တိုးလာသလဲဆိုတော့ က်န္ခဲ့တဲ့လူတြေက ပုံစံ ၃ နဲ့ ထပ်လွော်က္ထားတာရွိတယ်။ န္တောခါ တျခား မဲဆန္ဒနယ္ကေနပြီးတော့မွျေပာင်းလာတာတြေရွိတယ်။ အဲဒါတြေက ၃ (က) နဲ့ က်န္တောို့ လက္ခံထားတာရွိတယ်။ အခုဒီ ပုံစံ၃ တြေ ၃ (က)တြေ တင္တဲ့ဟာတြေ အားလုံးကို က်န္တောိျု့ပန်ပြီးတော့ ရိုက်နေပါပြီ။ ဆိုတော့ ၂ ရက်နေ့မွာ က်န္တောို့ ရပ္ကြက်က္မောရွင်ရုံးမွာ ကပ္ပါမယ်။ ၆၊ ၇ မွာတော့ မဲရုံမွာ ကပ်ပေးပါမယ်။”

မဲပေးနိုင္တဲ့ အခြင့်အေရးရရွိသူတဦးအေနနဲ့ မဲစာရင်းမွာမပါလို့လွော်က် ထားရာမွာလည်း ထပ္မံ မပါတာကို အတိအက် တင်ျပပါက ရပ္ကြက်၊ကေ်းရြာက္မောရွင် အဖြဲ့ကို အေရးယူပေးမယ္လို့ ညြန်ကြားရေးမွူး ဦးသောင်းဟန္က ခုလိျုေပာပါတယ်။

“မပါလို့ လွော်က္လို့ရွိရင် လွော်က္တဲ့လူကိုလည်း က်န္တောို့ register လုပ္မွာ ။ အခုနောက္ဆုံးကြေညာလို့ရွိရင်။ က်န္တောို့ က္မောရွင္ကလည်း လက္ခံကြောင်း လက္မွတ္ထိုးသလို၊ ကာယကံရွင္ကလည်း လာတင်ကြောင်း လက္မွတ္ထိုးပါမယ်။ အဲဒီတော့မွ က်န္တောို့ စီစစ္မွာပါ။ စိစစ္တဲ့အခါမွာ in line မျဖစ္တာတြေ မပါနိုင်တော့ပါဘူး။ က်န္တဲ့လူတြေက ပါမွာပါ။ မပါဘူးဆိုရင် ခုနက က်န္တောို့ျေပာ သလို ရြေးကောက္ပြဲရျဲ့ပစ္မှုဆိုင်ရာ ၊ အခန်း ၁၄ ရဲ့ မဲပေးပိုင္ခြင့်ရွိတဲ့ နိုင်ငံသား တေယာက္ကို မဲပေးပိုင္ခြင့် ဆုံးရှုံးအောင် ဘယ်သူကပဲလုပ္လုပ် ၊ ဒါ ရဲအေရးပိုင္တဲ့အမျှုဖစ္တာကြောင့် တရားစဲဖြို့ရွိပါတယ်။ တိတိက်က် အမည္နဲ့ ဖ္ထောုတ္မွာပါ။ သူ့ဘက် ကိုယ့်ဘက် အျငင်းပြားမွာစိုးလို့။ အဲဒီလို အေထာက်အထားတြေနဲ့ တင်ျပပြီးတော့မွ ပါသင့်တာ မပါလို့ရွိရင် ဒါက်န္တောို့ ဆက်ပြီးတော့ action ယူလို့ရပါတယ်။”

ဒျီပင် အိမ်ထောင္စုစာရင်းဝင်၊ မိသားစု မဟုတ္တဲ့ အမည္စာရင်းမ်ား ပါဝင်နေသည္ကို တြေ့ရွိနေရသည်ဟု မဲဆန္ဒရွင္မ်ားကျေပာဆိုနေမှုမ်ားအေပါ် ညြန်ကြားရေးမှူး ဦးသောင်းဟန္က ခုလိုထပ္မံျေပာဆိုလိုက္ပါသေးတယ်။

“အဲဒီလူတြေက မရွိတော့ဘူးလို့ သေခ်ာရင် က်န္တောို့ သက္ဆိုင်ရာ က္မောရွင် အဖြဲ့ခြဲကို တရားဝင် စာနဲ့ သြားတင္လို့ ရပါတယ်။ ဘာနဲ့ သြားတင္လို့ ရသလဲဆိုတေျာ့ဖတ္လို့ရတဲ့ ပုံစံလေးနဲ့ သြားတင္လို့ရပါတယ်။ ခ်က်ျခင်း ဖ်က်ပေးမယ်။ ကြိုက္တဲ့ အဖြဲ့အစည်းကေန ပါတီတြေ တင္လို့ရတယ်။ လူပုဂ္ဂိုလ်အဖြဲ့အစည်းတြေကေန တင္လို့ရပါတယ်။ တင္တဲ့လူကေတာ့ တာဝန်ယူရမယ်။ ဘာလို့လဲဆိုတော့ က်န္တောို့က မဲပေးပိုင္ခြင့်ရွိတဲ့ လူတေယာက္ကို သြားဖ်က္မိရင်၊ ဒါသူ့ရဲ့ မဲဆန္ဒရွင်ရဲ့ Right ကို သြားထိခိုက်ြသားမယ်။ ခင္ဗ်ားတို့ ခုနက တာဝန္ခံပြီးတော့ ဒီလူတြေ ပိုတယ္ဆိုတဲ့အေကြာင်း အေထာက်အထား တင်ျပပြီးသြားရွိရင် က်န္တောို့က အဲဒီအေထာက်အထားပေါ်မွာ ယွဉ်ျပုပြီးတော့ ဖ်က်ပေးမယ်။ က္မောရွင်သည် အဲဒီ ၁၄ (ခ) မွာ အဲဒါပါတယ်။ လုပ္လို့ရတယ်။ ဒါ တင်ျပဖို့ပဲလိုတယ်။ က်န္တောို့က္မောရွင္ကေတာ့ ခုနလို entry လုပ်ရတဲ့ စာရင်းက ဒီ ၆၆ ကြောင့် officially ရွိနေတာကို က်န္တောို့ ဖ်က္လို့မရဘူး။”

ျပည်ထောင္စု ရြေးကောက္ပြဲ က္မောရွင္က စက္တင္ဘာ ၁၄ ရက္မွ ၂၇ ရက်အတြင်း ထုတ်ျပန်ကြေညာခဲ့တဲ့ ဆန္ဒမဲပေးခြင့်ရွိသူ စာရင်းမွာ မပါဝင်သူမ်ားက ပုံစံ ၃ျဖင့် ထပ္မံလွော်က် ထားလာကြတာကြောင့် မဲစာရင်း အေရအတြက်တြေထပ် တိုျးမင့်လာတယ် လို့လည်း က္မောရွင္ကျေပာပါတယ်။

လာမယ့်ရြေးကောက္ပြဲအတြင်းမျွာမန္မာနိုင်ငံ အနွံ့ရွိ မဲရုံမ်ား ရလဒ် အျေခအေနမ်ားကို ထုတ်ျပန် ပေးဖို့ သတင်း အခ်က်အလက် စင္တာနွစ္ခု ဖြင့်လွစ်ြသားမယ္လို့လည်း ညွှန်ကြားရေးမွူးခ်ုပ် ဦးတင္ထြန်းကျေပာပါတယ်။

နောက္ဆုံးရလဒ္ကိုတော့ ရြေးကောက္ပြဲ က်င်းပပြီးမွာ သက္ဆိုင်ရာ တိုင်းဒေသကြီးနွင့်ျပည္နယ္မ်ားက ကြေညာမျွာဖစ်ပြီးအဲဒီ တိုင်းဒေသကြီး နွင့်ျပည္နယ္မ်ားက ကြေညာခ်က္မ်ားကို စုစည်း စစ်ဆေးကာ ၂ ပတ် အတြင်ျးပည်ထောင္စု ရြေးကောက္ပြဲ က္မောရွင္က ရြေးကောက္ပြဲ ရလဒ္ကို ကြေညာပေးမယ္လို့က္မောရွင္ကျေပာပါတယ်။

လာမယ့်ရြေးကောက္ပြဲမွာ ကခ်င်ျပည္နယ္က မြို့နယ် ၁၁ ခုက မဲရုံအခို့၊ ကရင်ျပည္နယ္က မြို့နယ် ၇ခုက မဲရုံအခို့၊ ပဲခူးတိုင်း ကမြို့နယ် ၂မြို့နယ္က မဲရုံအခို့၊ မြန်ျပည္နယ္က မြို့နယ် ၁ခုက မဲရုံအခို့နဲ့ ရွမ်ျးပည္နယ္က မြို့နယ် ၁၃ခုက မဲရုံအခို့မွာ ရြေးကောက္ပြဲ မက်င်းပနိုင်ကြောင်း က္မောရွင္က ထုတ်ျပန္ခဲ့ပါတယ်။ ဒီကေန့မွာလည်း ရွမ်ျးပည္နယ် အတြင်းရွိ မိုင်းရွူးမြို့နယ် တစ္ခုလုံး၊ ကေ်းသီးမြို့နယ် တစ္ခုလုံး၊ တန့်ယန်းမြို့နယ် ရွိ ကေ်းရြာအုပ္စု တခို့ နွင့် ဟိုပန် မြို့နယ်ရွိ ၈ အုပ္စု၊ ဟိုပန်မြို့နယ္မွာ ကေ်းရြာအုပ္စုနဲ့ ရပ္ကြက်ပေါင်း ၄၂ ခု တို့မွာ ရြေးကောက္ပြဲမက်င်းပနိုင္ဘူးလို့ ဒီကေန့မွာ ထပ္မံထုတ်ျပန္လိုက္ပါတယ်။
VOA

No comments:

Post a Comment