ျမန္မာ သံဃာေတာ္မ်ား |
ဒီမနက္မွာပဲ ထုတ္ျပန္တဲ့ လူထုသို အသိေပးျခင္း ဆိုတဲ့ ေၾကညာခ်က္ထဲမွာ မဘသကေန ဘာသာေရးကို အသုံးခ်ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ကို ပုတ္ခတ္ေနတာက မလုပ္ထိုက္တဲ့ အလုပ္အျဖစ္လို႔ ျမင္တဲ့အတြက္ အျပင္းအထန္ ကန္႔ကြက္ရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ျပည္သူေတြအေနနဲ႔ ေျပာတိုင္းမယုံပဲ ျပည္သူကိုသာ အက်ဳိးျပဳမယ့္ NLD ပါတီကိုသာ ေရြးခ်ယ္ၾကဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။
အခုေလာေလာဆယ္ မဘသ အဖြဲ႔က NLD သာ အာဏာရရင္ မြတ္စလင္ႏိုင္ငံ ျဖစ္မယ္ဆိုၿပီး ေျပာဆိုမႈေတြ ရွိေနပါတယ္။
NLD ကို ေထာက္ခံသူေတြကလည္း မြတ္စလင္ေတြ မ်ားျပားေနတာက NLD ေၾကာင့္မဟုတ္ပဲ လက္ရွိအစိုးရကေန ေနထိုင္ခြင့္ေပးလို႔ မ်ားျပားရတာ ဆိုၿပီး တုန္႔ျပန္ေနၾကပါတယ္။
တဆက္တည္းမွာပဲ NLD ပါတီရဲ့ နာယက ဦးတင္ဦးဟာ မေန႔တုန္းက မႏၱေလးၿမိဳ႕ မစိုးရိမ္ေက်ာင္းတိုက္က ဆရာေတာ္ ဦးဝီရသူနဲ႔ ေတြ႔ဆုံခဲ့ပါတယ္။
ဦးဝီရသူက ျပည္သူခ်စ္တဲ့ NLD ပါတီကေန ျပည္သူ ခ်ဥ္တဲ့ NLD ပါတီမျဖစ္ေအာင္ လုပ္ေဆာင္ဖို႔ မိန္႔ၾကားလိုက္ပါတယ္။
NLD ရဲ့ ေတာင္းဆိုမႈေတြကို မကန္႔ကြက္လိုေပမယ့္ ၅၉ (စ) လို ဥပေဒကို ျပင္ဆင္ဖို႔ ႀကိဳးစားတာကို ကန္႔ကြက္တယ္လို႔ ေျပာပါတယ္။
၅၉ (စ) လုံးကေတာ့ ႏိုင္ငံျခားသား မိသားစုဝင္ရွိသူေတြကို သမၼတ ျဖစ္ခြင့္ ပိတ္ပင္ထားတဲ့ ဥပေဒျဖစ္ၿပီး အဲဒီ ဥပေဒေၾကာင့္ ေရြးေကာက္ပြဲမွာ NLD ပါတီ အႏိုင္ရရင္ေတာင္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သမၼတ ျဖစ္ခြင့္မရွိတဲ့ ဥပေဒမ်ဳိး ျဖစ္ပါတယ္။
ဦးဝီရသူကေတာ့ အဲဒီ ဥပေဒက ႏိုင္ငံရဲ့ အခ်ဳပ္အျခာနဲ႔ အမ်ဳိးသား လုံၿခဳံေရးအတြက္ အကာအကြယ္ေပးထားတာေၾကာင့္ အဲဒီ ဥပေဒမ်ဳိးကို ဆက္ထားလိုတာလို႔ မိန္႔ပါတယ္။
ဒါေပမဲ့ လႊတ္ေတာ္မွာ ရွိေနတဲ့ စစ္တပ္ေတြ ေနာက္ပိုင္းမွာ လႊတ္ေတာ္ထဲ မေနသင့္ဘူးဆိုတာကေတာ့ NLD နဲ႔ အျမင္တူေၾကာင္းလည္း မိန္႔ၾကားခဲ့ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
..............................................
မြန်မာ သံဃာတော်များ
မန္တလေးတိုင်း အမရပူရမြို့ မဟာကန္ဓာကျောင်းတိုက် ဆရာတော် ဦးသူရိယက မဘသ ဘုန်းကြီး တချို့နဲ့ မဘသ ဗဟိုတို့ကနေ ပြည်သူတွေကို ဇဝေဇဝါ ဖြစ်အောင် ဘာသာရေးကို နိုင်ငံရေးလက်နက်အဖြစ် သုံးပြီး ဟောပြောစည်းရုံးတဲ့အပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီမနက်မှာပဲ ထုတ်ပြန်တဲ့ လူထုသို အသိပေးခြင်း ဆိုတဲ့ ကြေညာချက်ထဲမှာ မဘသကနေ ဘာသာရေးကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပုတ်ခတ်နေတာက မလုပ်ထိုက်တဲ့ အလုပ်အဖြစ်လို့ မြင်တဲ့အတွက် အပြင်းအထန် ကန့်ကွက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ပြောတိုင်းမယုံပဲ ပြည်သူကိုသာ အကျိုးပြုမယ့် NLD ပါတီကိုသာ ရွေးချယ်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အခုလောလောဆယ် မဘသ အဖွဲ့က NLD သာ အာဏာရရင် မွတ်စလင်နိုင်ငံ ဖြစ်မယ်ဆိုပြီး ပြောဆိုမှုတွေ ရှိနေပါတယ်။
NLD ကို ထောက်ခံသူတွေကလည်း မွတ်စလင်တွေ များပြားနေတာက NLD ကြောင့်မဟုတ်ပဲ လက်ရှိအစိုးရကနေ နေထိုင်ခွင့်ပေးလို့ များပြားရတာ ဆိုပြီး တုန့်ပြန်နေကြပါတယ်။
တဆက်တည်းမှာပဲ NLD ပါတီရဲ့ နာယက ဦးတင်ဦးဟာ မနေ့တုန်းက မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဦးဝီရသူက ပြည်သူချစ်တဲ့ NLD ပါတီကနေ ပြည်သူ ချဉ်တဲ့ NLD ပါတီမဖြစ်အောင် လုပ်ဆောင်ဖို့ မိန့်ကြားလိုက်ပါတယ်။
NLD ရဲ့ တောင်းဆိုမှုတွေကို မကန့်ကွက်လိုပေမယ့် ၅၉ (စ) လို ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတာကို ကန့်ကွက်တယ်လို့ ပြောပါတယ်။
၅၉ (စ) လုံးကတော့ နိုင်ငံခြားသား မိသားစုဝင်ရှိသူတွေကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ဥပဒေဖြစ်ပြီး အဲဒီ ဥပဒေကြောင့် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရင်တောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ခွင့်မရှိတဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။
ဦးဝီရသူကတော့ အဲဒီ ဥပဒေက နိုင်ငံရဲ့ အချုပ်အခြာနဲ့ အမျိုးသား လုံခြုံရေးအတွက် အကာအကွယ်ပေးထားတာကြောင့် အဲဒီ ဥပဒေမျိုးကို ဆက်ထားလိုတာလို့ မိန့်ပါတယ်။
ဒါပေမဲ့ လွှတ်တော်မှာ ရှိနေတဲ့ စစ်တပ်တွေ နောက်ပိုင်းမှာ လွှတ်တော်ထဲ မနေသင့်ဘူးဆိုတာကတော့ NLD နဲ့ အမြင်တူကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment