Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

‘‘ဒီေလာက္ႀကီးတဲ့ Appက ဒါပထမဆံုးေရးျဖစ္ခဲ့တာပါ’’ mVoter App ဖန္တီးသည့္ PopStack အဖြဲ႕ႏွင့္ ေတြ႕ဆံုျခင္း

Byႏိုင္လင္းေအာင္On  Thu, 2015-10-22 16:03Issue No.အတဲြ (၁၄)၊ အမွတ္ (၃၃)

မၾကာမီ က်င္းပေတာ့မည့္ ၂၀၁၅ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ မဲ ေပးမည့္ျပည္သူမ်ား သိသင့္သည့္ အခ်က္အလက္မ်ားကို တစ္ေနရာတည္းတြင္ အလြယ္တကူသိရွိႏုိင္ေစရန္ mVoter အမည္ျဖင့္ ေရြးေကာက္ပြဲဆိုင္ရာအခ်က္အလက္မ်ား စုစည္းေပးထားသည့္ မုိဘုိင္း App တစ္ခုကို အသက္ (၂၀) ခန္႔ ေက်ာင္းသားငါးဦးက PopStackအမည္ျဖင့္အဖြဲ႕တစ္ခုဖြဲ႕စည္းကာ ေရးဆြဲခဲ့ၾကသည္။

mVoterသည္ ဖန္တီးရာႏွင့္ Asia Foundation တုိ႔ပူးေပါင္းလုပ္ေဆာင္သည့္ မဲေပးစုိ႔ Hack  Challengeတြင္ ပထမအေနျဖင့္ အႏိုင္ရရွိခဲ့သည့္ မုိဘုိင္း Appျဖစ္ ၿပီး အသုံးျပဳသူမ်ားကုိ ႐ုိးရွင္းၿပီး သုံးရလြယ္ကူေစရန္ ဖန္တီးေပးထားသည့္ Appတစ္ခုျဖစ္သည္။

Appအတြင္း၌ ေဒသအလိုက္ မဲေပးႏုိင္မည့္ ကုိယ္စားလွယ္ေလာင္းမ်ား၊ ေရြးေကာက္ပြဲတြင္ပါ၀င္သည့္ ပါတီမ်ား၏အခ်က္အလက္မ်ားကို ရွာေဖြၾကည့္႐ႈႏုိင္ျခင္း မဲေပးရမည့္သူမ်ား၏ စာရင္းမ်ားကို စစ္ေဆးႏုိင္ျခင္း၊ မဲေပးသည့္ပုံစံမ်ားကို တစ္ဆင့္ခ်င္းရွင္းျပထားျခင္း၊ ေရြးေကာက္ပြဲ၏အလုပ္လုပ္သည့္ပုံစံမ်ားကို ေဖာ္ျပထားျခင္း၊ ပယ္မဲႏွင့္ ခုိင္လုံမဲမ်ားအေၾကာင္းကို ဥပမာမ်ားျဖင့္ရွင္းျပျခင္းမ်ား ပါ၀င္သည္။

mVoter App ကုိ ေရးဆဲြခဲ့သည့္ PopStack အဖဲြ႕မွ အဖဲြ႕ဝင္ KMD သင္တန္းေက်ာင္း၌ Busi-ness Information Techno-logy ဘာသာရပ္ကို သင္ၾကားေနသည့္ ေက်ာင္းသားတစ္ဦးျဖစ္သူ ကိုျမတ္မင္းစိုးအား 7Day News ဂ်ာနယ္မွ အင္တာဗ်ဴးျပဳလုပ္ခဲ့သည္။

ဒီ App ကို ဘယ္လုိစၿပီး ေရးျဖစ္သြားတာလဲ။

စေရးျဖစ္တာကေတာ့ ဖန္တီးရာနဲ႔ Asia Foundation တုိ႔ ေပါင္းၿပီး လုပ္တဲ့မဲေပးစို႔ ၿပိဳင္ပြဲကေန လိုအပ္တဲ့အခ်က္ေတြကို ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ခ်ိတ္ဆက္ၿပီး ေပးတယ္။ ကြၽန္ေတာ္တုိ႔က အဲဒီအခ်က္အလက္ေတြကုိ သံုးၿပီးေတာ့ App ဒါမွမဟုတ္ ၀က္ဘ္ဆုိက္လုပ္ရတယ္။ အဲဒါကိုသံုးၿပီးေတာ့ ၿပိဳင္ပြဲ၀င္ရတယ္။ အခ်က္အလက္ေတြကို စံုစံုလင္လင္ရတယ္။ က်န္တဲ့ ေလးေယာက္မွာ တစ္ေယာက္က စာေမးပြဲရိွတယ္။ အဲဒီၾကားကေန ၀င္ၿပိဳင္ျဖစ္ခဲ့ပါတယ္။ ၿပိဳင္ပြဲမွာ ၀င္ၿပိဳင္မယ္ဆိုၿပီး PopStack ဆိုတဲ့ အဖဲြ႕ေလးကို သူငယ္ခ်င္းေတြနဲ႔စၿပီး ဖဲြ႕ျဖစ္သြားတာပါ။

သူငယ္ခ်င္းေတြေပါင္းၿပီး ဘယ္လုိ ေပါင္းလုပ္ျဖစ္သြားတာလဲဗ်။

သူငယ္ခ်င္းငါးေယာက္ ေပါင္းလုပ္ျဖစ္သြားတာပါ။ အဲဒီထဲမွာ ကြၽန္ေတာ္က အသက္အႀကီးဆံုး။ က်န္တဲ့ လူေတြက သတင္းအခ်က္အလက္နဲ႔ နည္းပညာတကၠသုိလ္က ႏွစ္ေယာက္၊ ရန္ကုန္တကၠသုိလ္က တစ္ေယာက္၊ ေနာက္တစ္ေယာက္က ကြၽန္ေတာ္နဲ႔အတူ KMD မွာ တက္ပါတယ္။ ရန္ကုန္တကၠသုိလ္က တစ္ေယာက္က (၁၇) ႏွစ္၊ က်န္တဲ့ ႏွစ္ေယာက္က(၁၈) ႏွစ္၊ ကြၽန္ေတာ္က (၂၀)ႏွစ္ ပါ။

App ေရးတဲ့အခါမွာ ဘယ္လိုဆံုၿပီး ေရးခဲ့သလဲ။

ဖန္တီးရာမွာ သူငယ္ခ်င္း ေတြဆံုၿပီး ႏွစ္ရက္ပဲ သြားေရးျဖစ္တယ္။ က်န္တာကို အျပင္မွာ မေတြ႕ေတာ့ဘဲ အြန္လိုင္းကေနပဲ ေရးျဖစ္ပါတယ္။ ပေရာဂ်က္ကုိ လူခဲြလုပ္လုိ႔ရေအာင္ GIT ဆိုတဲ့ နည္းပညာကို သံုးၿပီး အြန္လုိင္းကေန App ကုိ ေရးျဖစ္ခဲ့ပါတယ္။ပ႐ုိဂရမ္ေရးတဲ့ ေနရာမွာ သံုးပါတယ္။

ဒီ App ကို ေရးတဲ့အခါမွာ ဘယ္လုိ အခက္အခဲေတြ ႀကံဳခဲ့ရလဲ။

ဘယ္လုိအခက္အခဲေတြ ႀကံဳရလဲဆိုေတာ့ ကြၽန္ေတာ္တို႔လည္း မဲမေပးဖူးေတာ့ ေရြးေကာက္ပြဲေတြ အေၾကာင္းကုိ အရင္နားလည္ေအာင္ လုပ္ရတာေပါ့။ မဲဆႏၵနယ္ေတြ ဘယ္လုိခြဲရလဲ၊ လႊတ္ေတာ္ေလးခုက ဘာေတြအတြက္လဲဆိုတာ နားလည္ေအာင္ အရင္လုပ္ရတယ္။ အခ်ိန္က ႏွစ္ပတ္အတြင္း လုပ္ရတာဆိုေတာ့ တတ္ႏုိင္သမွ် ၿပီးေအာင္ ျမန္ျမန္လုပ္ရတာရိွတယ္။ ၿပီးေတာ့ ျမန္မာေဖာင့္ကို သူတုိ႔က Unicode နဲ႔ Zawgyi ႏွစ္မ်ိဳးေပးထားတယ္။ အဲဒါေတြကို သံုးၿပီးေတာ့ အသံုးျပဳသူကို ေဖာင့္ေရြးခ်ယ္စရာမလိုဘဲ ႏွစ္မိ်ဳးစလံုး သံုးလုိ႔ရေအာင္ လုပ္ေပးထားပါတယ္။

ဘယ္လိုအေတြ႕အႀကံဳေတြရခဲ့ပါသလဲ။

အဖဲြ႕နဲ႔ အလုပ္လုပ္တာကိုလည္း အေတြ႕အႀကံဳအသစ္အေနနဲ႔ရခဲ့ပါတယ္။ ဒီေလာက္ႀကီးတဲ့ App က ဒါပထမဆံုးေရးျဖစ္ခဲ့တာပါ။အရင္က အဲဒီေလာက္လုပ္ေဆာင္ခ်က္မ်ားတာမ်ိဳးမေရးခ့ဲဖူးဘူး။

mVoter App ထဲမွာ ဘယ္လုိအခ်က္လက္ေတြကုိ ထည့္သြင္းေပးထားလဲ။

mVoter ထဲမွာ ကုိယ္စားလွယ္ေလာင္းစာရင္းေတြ၊ ပါတီစာရင္းေတြ၊ ေရြးေကာက္ပြဲနဲ႔ဆုိင္တဲ့ အေမးအေျဖေတြ၊ ၿပီးေတာ့မဲေပးနည္းရယ္၊မဲစာရင္းစစ္တာရယ္၊ အဓိကပါ၀င္ပါတယ္။ အဲဒါေတြကို တစ္ေနရာတည္းမွာ ေလ့လာလို႔ရပါတယ္။

App နဲ႔ ၀က္ဘ္ဆိုက္ႏွစ္ခုလံုးကုိ ေရးခဲ့တာလား။

App ကုိပဲ Android အတြက္ ေရာ IOS အတြက္ပါ ေရးေပးထားပါတယ္။ ၀က္ဘ္ဆိုက္ကေတာ့ အခုမွ လုပ္ေနတုန္းျဖစ္ပါတယ္။ ၿပီးရင္ေတာ့ တရား၀င္အြန္လုိင္းမွာ တင္ေပးပါမယ္။

mVoter ကို သံုးတဲ့လူ ဘယ္ေလာက္ထိရိွလာၿပီလဲ။

ဒီေန႔ေအာက္တိုဘာ ၁၇ ရက္ စစ္တမ္းအရဆုိရင္ mVoter App ကုိ Android နဲ႔ IOS ဖုန္းေတြမွာသံုးတဲ့ လူေပါင္း တစ္သိန္း ေက်ာ္အထိ ရိွသြားပါၿပီ။ ေရြးေကာက္ပဲြမတိုင္ခင္ သံုးၾကမွာျဖစ္ တဲ့အတြက္ လူတစ္သန္းအထိ သံုးၾကလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

ၿပီးေတာ့ App ကို သံုးခ်င္တဲ့ လူေတြအတြက္ Google Play Store မွာ တင္ေပးထားပါတယ္။ ၿပီးေတာ့ www.mvoter2015.com မွာလည္း App ကို ရယူႏုိင္ဖို႔ တင္ေပးထားပါတယ္။

အခု mVoter မွာပါတဲ့ အခ်က္ေတြက ျပည့္စံုမႈရိွၿပီလား။ ထပ္ၿပီးေတာ့ျဖည့္စြက္ျပင္ဆင္ဖို႔ ရိွေသးလား။

ဒီအခ်က္ေတြက ကြၽန္ေတာ္ တုိ႔ကုိ ေရြးေကာက္ပဲြေကာ္မရွင္က ေပးတာျဖစ္တဲ့အတြက္ မွားေနတာေတြလည္း ပါတယ္။ ၿပီးေတာ့ ေကာ္မရွင္ကေပးတဲ့အခ်က္အလက္ေတြကုိ Asia Foundation က ကြန္ပ်ဴတာနဲ႔ ျပန္႐ုိက္ၿပီး ေပးတာျဖစ္တဲ့အတြက္ အဲဒီမွာလည္း အမွားအယြင္းေတြရိွတယ္။ အဲဒါကို ကြၽန္ေတာ္တို႔ ကုိယ္စားလွယ္ေလာင္း ဓာတ္ပံုေတြ မွားတာဆိုရင္ေတာ့ သူတို႔ကုိ ေျပာၿပီး ျပင္ေပးလုိ႔ရတယ္။ မဲစာရင္းကေတာ့ ေကာ္မရွင္က တိုက္႐ုိက္ယူရတာ ဆိုေတာ့ သူတုိ႔ Update လုပ္ေပးမွပဲ ရမွာျဖစ္ပါတယ္။ သူတို႔ Update လုပ္လုိက္တာနဲ႔ ကြၽန္ ေတာ္တို႔ App ထဲမွာ တစ္ခါတည္း ျပင္ၿပီးသားျဖစ္သြားမွာပါ။ အခု ကြၽန္ေတာ္တို႔ကုိ ေရြးေကာက္ပြဲ မတိုင္ခင္ မဲ႐ံုနဲ႔ ေနရာေတြေပးမယ္လို႔ေျပာတယ္။ အဲဒါေၾကာင့္ မဲ႐ံုေနရာေတြ သံုးၿပီးေတာ့ ေျမပံုကေန ျပႏုိင္ေအာင္ လုပ္သြားဖို႔ စီစဥ္ေနပါတယ္။ လုပ္ေဆာင္ခ်က္ တစ္ခုအေနနဲ႔ ထပ္ထည့္ေပးသြားမွာျဖစ္ပါတယ္။

mVoter App ကို ေရးဖုိ႔ အခ်ိန္ဘယ္ေလာက္ယူခဲ့ရသလဲ။

ဒီ App ကို ေရးဖုိ႔ အခ်ိန္သံုး ပတ္ယူခဲ့ရပါတယ္။ ဒုိင္ေတြကို ျပရတာကေတာ့ ႏွစ္ပတ္အၾကာမွ ျပရတာပါ။ ႏွစ္ပတ္အၾကာမွာ ၉၀  ရာခိုင္ႏႈန္းၿပီးခဲ့ၿပီး သံုးပတ္အၾကာမွ အၿပီးသတ္ခဲ့ပါတယ္။

App ေရးနည္းေတြကို ေက်ာင္းကပဲ ေလ့လာခဲ့တာလား၊ အျပင္ကပဲ ကုိယ္တုိင္ေလ့လာခဲ့တာလား။

အျပင္ကပဲ ကုိယ္တုိင္ေလ့လာခဲ့တာပါ။ အြန္လုိင္းကေန App ေရးနည္း စာအုပ္ေတြ၊ Tu-torial ေတြကုိ ၾကည့္ၿပီး ေလ့လာမႈေတြ လုပ္ခဲ့တာပါ။ ကုိယ္တိုင္ေလ့လာၿပီး ကုိယ္တုိင္စမ္းၿပီးေရးၾကည့္ခဲ့တာေတြ လုပ္ခဲ့ပါတယ္။

အရင္ကေကာ ဘယ္လို App ေတြ ေရးခဲ့လဲ။

အရင္က Unicode-Zawgyi Converter ၿပီးေတာ့ အူရီးဒူးဖုန္း သံုးတဲ့လူေတြအတြက္ Quick ORD ဆိုတဲ့ App ကိုလည္း ေရးခဲ့ တယ္။ ျမန္မာကီးဘုတ္တစ္ခုလည္း ေရးခဲ့တယ္။ မိုဘုိင္း App ကုိးခုေလာက္ ေရးခဲ့ပါတယ္။

App နဲ႔ ပတ္သက္ၿပီး ျဖည့္စြက္ေျပာခ်င္တာမ်ိဳးရိွလား။

mVoter ကိုေတာ့ လူတုိင္း သံုးေစခ်င္ပါတယ္။ မဲေပးနည္းကုိ ေသခ်ာသိရေအာင္ရယ္၊ ၿပီးေတာ့ ပယ္မဲ၊ ခုိင္လံုမဲေတြလည္း ၾကည့္လို႔ရတယ္။ အေမးအေျဖေတြလည္း ပါတယ္။ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး သိခ်င္တာေတြ သိလုိ႔ရတယ္။ ၿပီးေတာ့ လူတုိင္းလည္း မဲေပးသင့္ပါတယ္။

ေက်းဇူးတင္ပါတယ္
http://7daydaily.com/story/49220
........................
‘‘ဒီလောက်ကြီးတဲ့ Appက ဒါပထမဆုံးရေးဖြစ်ခဲ့တာပါ’’
mVoter App ဖန်တီးသည့် PopStack အဖွဲ့နှင့် တွေ့ဆုံခြင်း

Byနိုင်လင်းအောင်On  Thu, 2015-10-22 16:03Issue No.အတွဲ (၁၄)၊ အမှတ် (၃၃)

မကြာမီ ကျင်းပတော့မည့် ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲ ပေးမည့်ပြည်သူများ သိသင့်သည့် အချက်အလက်များကို တစ်နေရာတည်းတွင် အလွယ်တကူသိရှိနိုင်စေရန် mVoter အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ စုစည်းပေးထားသည့် မိုဘိုင်း App တစ်ခုကို အသက် (၂၀) ခန့် ကျောင်းသားငါးဦးက PopStackအမည်ဖြင့်အဖွဲ့တစ်ခုဖွဲ့စည်းကာ ရေးဆွဲခဲ့ကြသည်။

mVoterသည် ဖန်တီးရာနှင့် Asia Foundation တို့ပူးပေါင်းလုပ်ဆောင်သည့် မဲပေးစို့ Hack  Challengeတွင် ပထမအနေဖြင့် အနိုင်ရရှိခဲ့သည့် မိုဘိုင်း Appဖြစ် ပြီး အသုံးပြုသူများကို ရိုးရှင်းပြီး သုံးရလွယ်ကူစေရန် ဖန်တီးပေးထားသည့် Appတစ်ခုဖြစ်သည်။

Appအတွင်း၌ ဒေသအလိုက် မဲပေးနိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲတွင်ပါ၀င်သည့် ပါတီများ၏အချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်ခြင်း မဲပေးရမည့်သူများ၏ စာရင်းများကို စစ်ဆေးနိုင်ခြင်း၊ မဲပေးသည့်ပုံစံများကို တစ်ဆင့်ချင်းရှင်းပြထားခြင်း၊ ရွေးကောက်ပွဲ၏အလုပ်လုပ်သည့်ပုံစံများကို ဖော်ပြထားခြင်း၊ ပယ်မဲနှင့် ခိုင်လုံမဲများအကြောင်းကို ဥပမာများဖြင့်ရှင်းပြခြင်းများ ပါ၀င်သည်။

mVoter App ကို ရေးဆွဲခဲ့သည့် PopStack အဖွဲ့မှ အဖွဲ့ဝင် KMD သင်တန်းကျောင်း၌ Busi-ness Information Techno-logy ဘာသာရပ်ကို သင်ကြားနေသည့် ကျောင်းသားတစ်ဦးဖြစ်သူ ကိုမြတ်မင်းစိုးအား 7Day News ဂျာနယ်မှ အင်တာဗျူးပြုလုပ်ခဲ့သည်။

ဒီ App ကို ဘယ်လိုစပြီး ရေးဖြစ်သွားတာလဲ။

စရေးဖြစ်တာကတော့ ဖန်တီးရာနဲ့ Asia Foundation တို့ ပေါင်းပြီး လုပ်တဲ့မဲပေးစို့ ပြိုင်ပွဲကနေ လိုအပ်တဲ့အချက်တွေကို ရွေးကောက်ပွဲကော်မရှင်နဲ့ ချိတ်ဆက်ပြီး ပေးတယ်။ ကျွန်တော်တို့က အဲဒီအချက်အလက်တွေကို သုံးပြီးတော့ App ဒါမှမဟုတ် ၀က်ဘ်ဆိုက်လုပ်ရတယ်။ အဲဒါကိုသုံးပြီးတော့ ပြိုင်ပွဲဝင်ရတယ်။ အချက်အလက်တွေကို စုံစုံလင်လင်ရတယ်။ ကျန်တဲ့ လေးယောက်မှာ တစ်ယောက်က စာမေးပွဲရှိတယ်။ အဲဒီကြားကနေ ၀င်ပြိုင်ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ၀င်ပြိုင်မယ်ဆိုပြီး PopStack ဆိုတဲ့ အဖွဲ့လေးကို သူငယ်ချင်းတွေနဲ့စပြီး ဖွဲ့ဖြစ်သွားတာပါ။

သူငယ်ချင်းတွေပေါင်းပြီး ဘယ်လို ပေါင်းလုပ်ဖြစ်သွားတာလဲဗျ။

သူငယ်ချင်းငါးယောက် ပေါင်းလုပ်ဖြစ်သွားတာပါ။ အဲဒီထဲမှာ ကျွန်တော်က အသက်အကြီးဆုံး။ ကျန်တဲ့ လူတွေက သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ်က နှစ်ယောက်၊ ရန်ကုန်တက္ကသိုလ်က တစ်ယောက်၊ နောက်တစ်ယောက်က ကျွန်တော်နဲ့အတူ KMD မှာ တက်ပါတယ်။ ရန်ကုန်တက္ကသိုလ်က တစ်ယောက်က (၁၇) နှစ်၊ ကျန်တဲ့ နှစ်ယောက်က(၁၈) နှစ်၊ ကျွန်တော်က (၂၀)နှစ် ပါ။

App ရေးတဲ့အခါမှာ ဘယ်လိုဆုံပြီး ရေးခဲ့သလဲ။

ဖန်တီးရာမှာ သူငယ်ချင်း တွေဆုံပြီး နှစ်ရက်ပဲ သွားရေးဖြစ်တယ်။ ကျန်တာကို အပြင်မှာ မတွေ့တော့ဘဲ အွန်လိုင်းကနေပဲ ရေးဖြစ်ပါတယ်။ ပရောဂျက်ကို လူခွဲလုပ်လို့ရအောင် GIT ဆိုတဲ့ နည်းပညာကို သုံးပြီး အွန်လိုင်းကနေ App ကို ရေးဖြစ်ခဲ့ပါတယ်။ပရိုဂရမ်ရေးတဲ့ နေရာမှာ သုံးပါတယ်။

ဒီ App ကို ရေးတဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ။

ဘယ်လိုအခက်အခဲတွေ ကြံုရလဲဆိုတော့ ကျွန်တော်တို့လည်း မဲမပေးဖူးတော့ ရွေးကောက်ပွဲတွေ အကြောင်းကို အရင်နားလည်အောင် လုပ်ရတာပေါ့။ မဲဆန္ဒနယ်တွေ ဘယ်လိုခွဲရလဲ၊ လွှတ်တော်လေးခုက ဘာတွေအတွက်လဲဆိုတာ နားလည်အောင် အရင်လုပ်ရတယ်။ အချိန်က နှစ်ပတ်အတွင်း လုပ်ရတာဆိုတော့ တတ်နိုင်သမျှ ပြီးအောင် မြန်မြန်လုပ်ရတာရှိတယ်။ ပြီးတော့ မြန်မာဖောင့်ကို သူတို့က Unicode နဲ့ Zawgyi နှစ်မျိုးပေးထားတယ်။ အဲဒါတွေကို သုံးပြီးတော့ အသုံးပြုသူကို ဖောင့်ရွေးချယ်စရာမလိုဘဲ နှစ်မျိုးစလုံး သုံးလို့ရအောင် လုပ်ပေးထားပါတယ်။

ဘယ်လိုအတွေ့အကြံုတွေရခဲ့ပါသလဲ။

အဖွဲ့နဲ့ အလုပ်လုပ်တာကိုလည်း အတွေ့အကြံုအသစ်အနေနဲ့ရခဲ့ပါတယ်။ ဒီလောက်ကြီးတဲ့ App က ဒါပထမဆုံးရေးဖြစ်ခဲ့တာပါ။အရင်က အဲဒီလောက်လုပ်ဆောင်ချက်များတာမျိုးမရေးခဲ့ဖူးဘူး။

mVoter App ထဲမှာ ဘယ်လိုအချက်လက်တွေကို ထည့်သွင်းပေးထားလဲ။

mVoter ထဲမှာ ကိုယ်စားလှယ်လောင်းစာရင်းတွေ၊ ပါတီစာရင်းတွေ၊ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အမေးအဖြေတွေ၊ ပြီးတော့မဲပေးနည်းရယ်၊မဲစာရင်းစစ်တာရယ်၊ အဓိကပါ၀င်ပါတယ်။ အဲဒါတွေကို တစ်နေရာတည်းမှာ လေ့လာလို့ရပါတယ်။

App နဲ့ ၀က်ဘ်ဆိုက်နှစ်ခုလုံးကို ရေးခဲ့တာလား။

App ကိုပဲ Android အတွက် ရော IOS အတွက်ပါ ရေးပေးထားပါတယ်။ ၀က်ဘ်ဆိုက်ကတော့ အခုမှ လုပ်နေတုန်းဖြစ်ပါတယ်။ ပြီးရင်တော့ တရားဝင်အွန်လိုင်းမှာ တင်ပေးပါမယ်။

mVoter ကို သုံးတဲ့လူ ဘယ်လောက်ထိရှိလာပြီလဲ။

ဒီနေ့အောက်တိုဘာ ၁၇ ရက် စစ်တမ်းအရဆိုရင် mVoter App ကို Android နဲ့ IOS ဖုန်းတွေမှာသုံးတဲ့ လူပေါင်း တစ်သိန်း ကျော်အထိ ရှိသွားပါပြီ။ ရွေးကောက်ပွဲမတိုင်ခင် သုံးကြမှာဖြစ် တဲ့အတွက် လူတစ်သန်းအထိ သုံးကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးတော့ App ကို သုံးချင်တဲ့ လူတွေအတွက် Google Play Store မှာ တင်ပေးထားပါတယ်။ ပြီးတော့ www.mvoter2015.com မှာလည်း App ကို ရယူနိုင်ဖို့ တင်ပေးထားပါတယ်။

အခု mVoter မှာပါတဲ့ အချက်တွေက ပြည့်စုံမှုရှိပြီလား။ ထပ်ပြီးတော့ဖြည့်စွက်ပြင်ဆင်ဖို့ ရှိသေးလား။

ဒီအချက်တွေက ကျွန်တော် တို့ကို ရွေးကောက်ပွဲကော်မရှင်က ပေးတာဖြစ်တဲ့အတွက် မှားနေတာတွေလည်း ပါတယ်။ ပြီးတော့ ကော်မရှင်ကပေးတဲ့အချက်အလက်တွေကို Asia Foundation က ကွန်ပျူတာနဲ့ ပြန်ရိုက်ပြီး ပေးတာဖြစ်တဲ့အတွက် အဲဒီမှာလည်း အမှားအယွင်းတွေရှိတယ်။ အဲဒါကို ကျွန်တော်တို့ ကိုယ်စားလှယ်လောင်း ဓာတ်ပုံတွေ မှားတာဆိုရင်တော့ သူတို့ကို ပြောပြီး ပြင်ပေးလို့ရတယ်။ မဲစာရင်းကတော့ ကော်မရှင်က တိုက်ရိုက်ယူရတာ ဆိုတော့ သူတို့ Update လုပ်ပေးမှပဲ ရမှာဖြစ်ပါတယ်။ သူတို့ Update လုပ်လိုက်တာနဲ့ ကျွန် တော်တို့ App ထဲမှာ တစ်ခါတည်း ပြင်ပြီးသားဖြစ်သွားမှာပါ။ အခု ကျွန်တော်တို့ကို ရွေးကောက်ပွဲ မတိုင်ခင် မဲရုံနဲ့ နေရာတွေပေးမယ်လို့ပြောတယ်။ အဲဒါကြောင့် မဲရုံနေရာတွေ သုံးပြီးတော့ မြေပုံကနေ ပြနိုင်အောင် လုပ်သွားဖို့ စီစဉ်နေပါတယ်။ လုပ်ဆောင်ချက် တစ်ခုအနေနဲ့ ထပ်ထည့်ပေးသွားမှာဖြစ်ပါတယ်။

mVoter App ကို ရေးဖို့ အချိန်ဘယ်လောက်ယူခဲ့ရသလဲ။

ဒီ App ကို ရေးဖို့ အချိန်သုံး ပတ်ယူခဲ့ရပါတယ်။ ဒိုင်တွေကို ပြရတာကတော့ နှစ်ပတ်အကြာမှ ပြရတာပါ။ နှစ်ပတ်အကြာမှာ ၉၀  ရာခိုင်နှုန်းပြီးခဲ့ပြီး သုံးပတ်အကြာမှ အပြီးသတ်ခဲ့ပါတယ်။

App ရေးနည်းတွေကို ကျောင်းကပဲ လေ့လာခဲ့တာလား၊ အပြင်ကပဲ ကိုယ်တိုင်လေ့လာခဲ့တာလား။

အပြင်ကပဲ ကိုယ်တိုင်လေ့လာခဲ့တာပါ။ အွန်လိုင်းကနေ App ရေးနည်း စာအုပ်တွေ၊ Tu-torial တွေကို ကြည့်ပြီး လေ့လာမှုတွေ လုပ်ခဲ့တာပါ။ ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင်စမ်းပြီးရေးကြည့်ခဲ့တာတွေ လုပ်ခဲ့ပါတယ်။

အရင်ကကော ဘယ်လို App တွေ ရေးခဲ့လဲ။

အရင်က Unicode-Zawgyi Converter ပြီးတော့ အူရီးဒူးဖုန်း သုံးတဲ့လူတွေအတွက် Quick ORD ဆိုတဲ့ App ကိုလည်း ရေးခဲ့ တယ်။ မြန်မာကီးဘုတ်တစ်ခုလည်း ရေးခဲ့တယ်။ မိုဘိုင်း App ကိုးခုလောက် ရေးခဲ့ပါတယ်။

App နဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာမျိုးရှိလား။

mVoter ကိုတော့ လူတိုင်း သုံးစေချင်ပါတယ်။ မဲပေးနည်းကို သေချာသိရအောင်ရယ်၊ ပြီးတော့ ပယ်မဲ၊ ခိုင်လုံမဲတွေလည်း ကြည့်လို့ရတယ်။ အမေးအဖြေတွေလည်း ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သိချင်တာတွေ သိလို့ရတယ်။ ပြီးတော့ လူတိုင်းလည်း မဲပေးသင့်ပါတယ်။

ကျေးဇူးတင်ပါတယ်

No comments:

Post a Comment