Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 19, 2015

Zayn Malik ဟာ ပါရမီရှင် တစ်ယောက်ဖြစ်တယ်လို့ ဂရမ်မီဆုရ ပရိုဂျူဆာ ဆို




One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ဟာ ပါရမီရှင်တစ်ယောက်ဖြစ်တယ်လို့ ဂရမ်မီဆု ရ ပရိုဂျူဆာ တစ်ယောက်ဖြစ်တဲ့ Malay က ဆိုလိုက်ပါတယ်။

Malay ဟာ R&B အဆိုတော် Frank Ocean ရဲ့ "Channel Orange" ဆိုတဲ့ အယ်လ်ဘမ် ကို ထုတ်လုပ်ဖို့ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ Twitter အကောင့်ကတဆင့် Zayn Malik နဲ့ အလုပ်တွဲလုပ်နေတဲ့အကြောင်းနဲ့ Zayn ဟာ ပါရမီရှင် တစ်ယောက်ဖြစ်တဲ့အကြောင်းတွေကို ရေးသားဖော်ပြခဲ့ပါတယ်။

Malay ဟာ John Legend နဲ့ Alicia Keys တို့ရဲ့ အယ်လ်ဘမ် တွေကိုလည်း ထုတ်လုပ်ခဲ့ဖူးပါတယ်။

Zayn Malik ဟာ Little Mix အဖွဲ့ရဲ့ Perrie Edwards နဲ့ စေ့စပ်ထားမှု ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် သူ့ရဲ့ Instagram မှာ ဆယ်လ်ဖီ ဓါတ်ပုံတွေ ဆက်တိုက်တင်ထားခဲ့ပါတယ်။အဲဒီဓါတ်ပုံတွေထဲက အဖြူအမည်း ဓါတ်ပုံ တစ်ပုံဟာ သူ စီးကရက်သောက်နေတဲ့ပုံဖြစ်တဲ့အတွက် ပရိတ်သတ် တွေက Zayn ရဲ့ ကျန်းမာရေး အတွက် စိတ်ပူနေခဲ့ကြပါသေးတယ်။

Zayn ဟာ လွန်ခဲ့တဲ့ ၁၈ လ တုန်းကလည်း သူ့ရဲ့ သူငယ်ချင်းဖြစ်သူ Louis Tomlinson နဲ့ ဆေးခြောက်သောက်နေတာကို တွေ့ခဲ့ရဖူးပါတယ်။ Zayn ဟာ လက်ရှိမှာ ပရိုဂျူဆာ Malay ထုတ်လုပ်မယ့် သူ့ရဲ့ တစ်ကိုယ်တော်အခွေ အတွက် လှုပ်ရှားနေပြီး သူ့ရဲ့ အခွေက ၂၀၁၆ ခုနှစ်မှာ ထွက်မယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment