Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

ဖေ့စ်ဘွတ်ခ်နှင့် Viber မှ တစ်ဆင့် တိုင်ကြားသော စည်းကမ်းမဲ့ယာဉ် ၇၀၀ ကျော်ကို စတင်အရေးယူ

Byဖိုးတုတ်

အွန်လိုင်းမှ တိုင်ကြားချက်များကို စောင့်ကြည့်နေသည့် တာဝန်ကျ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ − ဖိုးတုတ်)
ရန်ကုန်တိုင်းအတွင်း စည်းကမ်းမဲ့မောင်းနှင်နေသည့် ယာဉ်များကို Yangon Traffic Police Facebook Page နှင့် Viber မှတစ်ဆင့် တိုင်ကြားမှု လက်ခံရရှိပြီးနောက် မော်တော် ယာဉ်အစီးရေ ၇၀၀ ကျော်ကို စတင်အရေးယူနေပြီး လမ်း ပြောင်းပြန်မောင်းနှင်သည့် မော် တော်ယာဉ်မှာ အများဆုံးဖြစ် ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့အတွင်း စည်း ကမ်းမဲ့မောင်းနှင်နေသည့် ယာဉ် များကို အဆိုပါဖေ့စ်ဘွတ်ခ်စာ မျက်နှာနှင့် သတ်မှတ် Viber ဖုန်းနံပါတ်များမှ ဓာတ်ပုံမှတ် တမ်းဖြင့် တိုင်ကြားမှုများရှိနေပြီး အရေးယူမှုများ ပြုလုပ်ထား ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲရုံးမှ ဒုရဲမှူးဇော်မျိုးထွန်း  က ပြောသည်။

‘‘Viber ကနေလည်း တိုင် ကြားထားတာတွေ ရှိပါတယ်။ ယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေကိုလည်း ယာဉ်အမျိုးအ စား၊ ယာဉ်နံပါတ်၊ အချိန်၊ နေ ရာ၊ ပြစ်မှုကျူးလွန်တဲ့ရက်တွေကို လည်း မှတ်ထားပါတယ်။ တိုင် တာတွေကတော့ များတယ်။ သေ ချာမှုမရှိတဲ့ယာဉ်တွေကိုတော့ အ ရေးယူလို့မရပါဘူး’’ဟု ၎င်းက ပြောသည်။

Yangon Traffic Police Facebook Page မှတစ်ဆင့် ၂၀၁၄ ဇွန်လမှ တိုင်ကြားမှုလက် ခံခဲ့ပြီး Viber မှတစ်ဆင့် တိုင်ကြား မှုကို သြဂုတ် ၁၂ ရက်မှ စတင် လက်ခံခဲ့ခြင်းဖြစ်သည်။ ယခုနှစ်  စက်တင်ဘာ ၁၇ ရက်ထိ တိုင် ကြားမှု ၁,၀၀၀ ကျော်တွင် အမှု ပေါင်း ၇၀၀ ကျော်၌ မော်တော် ယာဉ် ဥပဒေအရ ကွန်ပျူတာ မှတ်တမ်းတွင် ထည့်သွင်းအရေး ယူထားပြီး ဖြစ်ကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ ယာဉ်ထိန်း ရဲအရာရှိ ရဲအုပ်ဝင်း ဌေးက ပြော သည်။

‘‘အခုပြစ်မှုကျူးလွန်ထားတဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေကို ဆင့်ခေါ်စာတွေပို့နေပါပြီ။ စာပို့ လို့ ရုံးကိုမလာလည်းရပါတယ်။ သူတို့ ကားတွေ လိုင်စင်ဝင်တဲ့ အခါမှာတော့ ပြစ်မှုကင်းရှင်း ကြောင်း လာယူရမှာဖြစ်လို့ ပြစ်မှု ကျူးလွန်တဲ့သူတွေ လွတ်မှာမ ဟုတ်ပါဘူး။ ရန်ကုန်မြို့နယ်အ ပြင်က ကားတွေကိုလည်း သက် ဆိုင်ရာ ကညနရုံးတွေနဲ့ ချိတ် ဆက်အရေးယူမှာဖြစ်လို့ ပြစ်မှု ကျူးလွန်ထားရင် မလွတ်နိုင်ပါ ဘူး’’ဟု ယာဉ်ထိန်းရဲအရာရှိ ရဲအုပ်ဝင်းဌေးက ပြောသည်။

စည်းကမ်းဖောက်ဖျက် သည့် ယာဉ်များကို တိုင်ကြားလို ပါက Yangon Traffic Police Facebook Page အပြင် +95973093226, +95997-9120328, +959795254730, +959971220950 စသည့်နံပါတ်များသို့ Viber မှတစ်ဆင့် ပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment