Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

ကုိယ္စားလွယ္စာရင္း UEC ထုတ္ျပန္


ေရြးေကာက္ပဲြ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း တင္သြင္းခဲ့ၾကရာမွာ မိဘႏိုင္ငံသားမျဖစ္တာ၊ သတ္မွတ္အသက္ မျပည့္မီွတာနဲ႔ ႏိုင္ငံတြင္း ၁၀ ႏွစ္ ဆက္တိုက္ ေနထိုင္သူေတြ မဟုတ္တာေၾကာင့္ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္လႊာ ၇၀ ေက်ာ္ကို ပယ္ခ်ခဲ့တယ္္လို႔ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ က ေျပာပါတယ္။

ေရြးေကာက္ပဲြေကာ္မရွင္အေနနဲ႔ လာမယ့္ေရြးေကာက္ပဲြအတြက္ ကိုယ္စားလွယ္ေလာင္းစာရင္းကို တရား၀င္ထုတ္ျပန္လိုက္ၿပီး၊ လႊတ္ေတာ္သံုးရပ္အတြက္ ကိုယ္စားလွယ္ေလာင္း ၆ ေထာင္ေက်ာ္ ေရြးေကာက္ပဲြမွာ ပါ၀င္ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။ စံုစမ္းေမးျမန္းထားတဲ့ ဗီြအိုေအ သတင္းေထာက္ မေမခ သတင္းေပးပို႔ထားပါတယ္။

ဒီကေန႔ ေရြးေကာက္ပြဲေကာ္မရွင္ကေန လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း စာရင္းေတြကို အၿပီးသတ္ ဒီကေန႔ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္ထားမႈထဲက ေလွ်ာက္လႊာေပါင္း ၇၀ ေက်ာ္ကို ေကာ္မရွင္က ပယ္ခ်ခဲ့ၿပီး အေယာက္ ၃၀ က မိမိသေဘာအရ ႏႈတ္ထြက္ခဲ့ကာ ၁ ဦးကေတာ့ ေသဆံုးလို႔ ႏႈတ္ထြက္ခဲ့တာ ျဖစ္တယ္လို႔ ေရြးေကာက္ပြဲ ေကာ္မရွင္က ေျပာပါတယ္။

“ျပည္သူ႔လႊတ္ေတာ္က ၁၇၄၅ ေယာက္ပါခင္ဗ်ာ။ အမ်ိဳးသားကေတာ့ ၈၈၆ ဦး ရွိပါမယ္။ တိုင္းေဒသႀကီးက ၃၄၄၉ ဦး ရွိပါမယ္။ အားလံုးက ၆၀၇၄ ဦးရွိပါမယ္။ အားလံုးပယ္တာကေတာ့ ၇၀ ေက်ာ္ပဲ ရွိပါမယ္။ ယခင္တင္ခဲ့တာက ၆၁၈၀ ေက်ာ္ေလး တင္ပါတယ္။ မိမိဆႏၵနဲ႔ မိမိပံုစံ ၉ နဲ႔ ႏႈတ္ထြက္တာကေတာ့ ၃၉ ဦးရွိပါတယ္။ ပယ္လိုက္တာကေတာ့ အားလံုး ၇၅ ဦးရွိပါမယ္။ ၾကားထဲမွာ ေသဆံုးသြားတာ ၁ ဦး ရွိပါတယ္။ ဆိုေတာ့ အားလံုး ၆၀၇၄ ဦး က်န္ပါ့မယ္။”

ေနာက္ဆံုး တရား၀င္ထုတ္ျပန္ထားတဲ့ စာရင္းအရ ျပည္သူ႔လႊတ္ေတာ္အတြက္ ပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္း ၁၆၀၀ေက်ာ္၊ တသီးပုဂၢလအေနနဲ႔ အေယာက္ ၉၀၊ စုစုေပါင္း ၁၇၀၀ ေက်ာ္ ပါ၀င္ပါတယ္။ အမ်ိဳးသားလႊတ္ေတာ္အတြက္ ပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္း ၈၀၀ ေက်ာ္၊ တသီးပုဂၢလအေနနဲ႔ အေယာက္ ၄၀ေက်ာ္ စုစုေပါင္း အေယာက္ ၈၀၀ေက်ာ္ ပါ၀င္ပါတယ္။ တိုင္းေဒသႀကီးအတြက္ ပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္း ၃၂၀၀ ေက်ာ္နဲ႔ တသီးပုဂၢလ အေယာက္ ၁၀၀ ေက်ာ္ ေပါင္း အေယာက္ ၃၀၀၀ ေက်ာ္ စာရင္းထဲမွာ ပါ၀င္ပါတယ္။

ေလွ်ာက္လႊာပယ္ခဲ့ရတဲ့ ကိုယ္စားလွယ္ေလာင္းေတြ အယူခံ၀င္ခဲ့ၿပီးေနာက္၊ အခ်ိဳ႕ကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ေရြးေကာက္ပြဲဝင္ခြင့္ ျပန္လည္ ခြင့္ျပဳခဲ့ပါတယ္။ ဝင္ၿပိဳင္တဲ့ ပါတီကိုယ္စားလွယ္ေလာင္း တဦးကို မိဘျဖစ္သူေတြ ႏိုင္ငံသားမဟုတ္ဘူးဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပယ္ခ်ခံခဲ့ရၿပီး အခုျပန္လည္ဝင္ေရြးခံခြင့္ ရခဲ့တဲ့အေပၚ အမ်ိဳးသား ဒီမိုကေရစီသစ္ ဥကၠဌ ဦးသိန္းညႊန္႔က အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ဆီမွာ တိုင္းေဒသနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစန္းစန္းျမင့္ေပါ့။ ေဒၚစန္းစန္းျမင့္က ၂၀၁၀ တုန္းကလည္း သူ႔အေဖက ႏိုင္ငံသားျဖစ္ေၾကာင္း သူ႔ကိုယ္ပိုင္ ၀န္ခံခ်က္နဲ႔ ခြင့္ျပဳခဲ့တာပါ။ အဲဒီတုန္းက ခြင့္ျပဳၿပီးမွ၊ ဘာေၾကာင့္ခြင့္ျပဳတာလည္း ။ အဲဒါေၾကာင့္ အခုတခါ သူ႔ကို ျငင္းပယ္လိုက္တာဟာ ဟိုတုန္းက မႏိုင္ဘူးလို႔ထင္ၿပီး ခြင့္ျပဳၿပီး၊ အခု ႏိုင္မွန္းသိလို႔ ျငင္းပယ္တာလား၊ ဒါတခ်က္ က်ေနာ္တင္ျပတယ္။ အဲဒါေၾကာင့္ ရန္ကုန္ပိုင္းခ႐ိုင္ ေကာ္မရွင္အဖြဲ႔၀င္ကေလ သူ႔ကို စိစစ္ၿပီးေတာ့ ပယ္ခ်လိုက္တယ္။ က်ေနာ္ ရန္ကုန္တိုင္း ေကာ္မရွင္ အဖြဲ႔ခြဲကို တင္တယ္။ တခါထပ္ၿပီးေတာ့ အယူခံကို ပလပ္တယ္။ အဲဒါေၾကာင့္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ဦးတင္ေအးဆီကို လႊတ္ေတာ္ဆိုင္ရာ ဥပေဒ ပုဒ္မ ၄၅ အရ ကိုယ္စားလွယ္ေလာင္းအျဖစ္ ျပန္လည္ ထည့္သြင္းေပးဖို႔ က်ေနာ္ စာတင္ခဲ့တာပါ။ အဲဒါကို ေကာ္မရွင္က ခြင့္ျပဳေၾကာင္း သိတဲ့အတြက္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကိုလည္း လြန္စြာ ေက်းဇူးတင္ပါတယ္။”

လာမယ့္ ႏို၀င္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ေရြးေကာက္ပဲြအတြက္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္ထားသူ ၆၂၀၀ နီးပါးကေန အေယာက္ ၆၀၀၀ ေက်ာ္ ေရြးခ်ယ္ခဲ့တယ္လို႔ ေရြးေကာက္ပြဲ ေကာ္မရွင္က ေျပာေပမဲ့ ခုခ်ိန္ထိ ဘယ္ပါတီက ဘယ္ႏွစ္ဦး အပယ္ခံထားရၿပီး ဘယ္သူေတြ ႏႈတ္ထြက္သလဲ ဆိုတာကို ထုတ္ေဖာ္ မေျပာေသးပါဘူး။

လူနည္းစု လူမ်ိဳးေတြ အထူးသျဖင့္ မူဆလင္ လူနည္းစု ကိုယ္စားလွယ္ေလာင္းေတြ ေလွ်ာက္လႊာ အပယ္ခံရတဲ့ကိစၥနဲ႔ ပတ္သက္လို႔ လာမယ့္ ေရြးေကာက္ပဲြ တရားမွ်တမႈ အေျခအေနအေပၚ ႏိုင္ငံတကာ လူ႔အခြင့္အေရး အဖဲြ႔အစည္းေတြကေတာ့ စိုးရိမ္မကင္းျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ၾကပါတယ္။ ပယ္ခံရတဲ့ ေလွ်ာက္လႊာေတြ အယူခံကို ျပန္လည္ စိစစ္ေနတာေၾကာင့္ ကိုယ္စားလွယ္ေလာင္းစာရင္း တရား၀င္ထုတ္ျပန္ဖို႔ ေကာ္မရွင္အေနနဲ႔ ၾကန္႔ၾကာမႈေတြ ျဖစ္ခဲ့ရပါတယ္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........................................................................................................


ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တင်သွင်းခဲ့ကြရာမှာ မိဘနိုင်ငံသားမဖြစ်တာ၊ သတ်မှတ်အသက် မပြည့်မှီတာနဲ့ နိုင်ငံတွင်း ၁၀ နှစ် ဆက်တိုက် နေထိုင်သူတွေ မဟုတ်တာကြောင့် ကိုယ်စားလှယ်လောင်း လျှောက်လွှာ ရ၀ ကျော်ကို ပယ်ချခဲ့တယ််လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို တရားဝင်ထုတ်ပြန်လိုက်ပြီး၊ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော် ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ရွေးကောက်ပွဲကော်မရှင်ကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတွေကို အပြီးသတ် ဒီကနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုထဲက လျှောက်လွှာပေါင်း ရ၀ ကျော်ကို ကော်မရှင်က ပယ်ချခဲ့ပြီး အယောက် ၃၀ က မိမိသဘောအရ နှုတ်ထွက်ခဲ့ကာ ၁ ဦးကတော့ သေဆုံးလို့ နှုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

“ပြည်သူ့လွှတ်တော်က ၁၇၄၅ ယောက်ပါခင်ဗျာ။ အမျိုးသားကတော့ ၈၈၆ ဦး ရှိပါမယ်။ တိုင်းဒေသကြီးက ၃၄၄၉ ဦး ရှိပါမယ်။ အားလုံးက ၆၀၇၄ ဦးရှိပါမယ်။ အားလုံးပယ်တာကတော့ ရ၀ ကျော်ပဲ ရှိပါမယ်။ ယခင်တင်ခဲ့တာက ၆၁၈၀ ကျော်လေး တင်ပါတယ်။ မိမိဆန္ဒနဲ့ မိမိပုံစံ ၉ နဲ့ နှုတ်ထွက်တာကတော့ ၃၉ ဦးရှိပါတယ်။ ပယ်လိုက်တာကတော့ အားလုံး ရ၅ ဦးရှိပါမယ်။ ကြားထဲမှာ သေဆုံးသွားတာ ၁ ဦး ရှိပါတယ်။ ဆိုတော့ အားလုံး ၆၀၇၄ ဦး ကျန်ပါ့မယ်။”

နောက်ဆုံး တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းအရ ပြည်သူ့လွှတ်တော်အတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၁၆၀၀ကျော်၊ တသီးပုဂ္ဂလအနေနဲ့ အယောက် ၉၀၊ စုစုပေါင်း ၁၇၀၀ ကျော် ပါ၀င်ပါတယ်။ အမျိုးသားလွှတ်တော်အတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၈၀၀ ကျော်၊ တသီးပုဂ္ဂလအနေနဲ့ အယောက် ၄၀ကျော် စုစုပေါင်း အယောက် ၈၀၀ကျော် ပါ၀င်ပါတယ်။ တိုင်းဒေသကြီးအတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၃၂၀၀ ကျော်နဲ့ တသီးပုဂ္ဂလ အယောက် ၁၀၀ ကျော် ပေါင်း အယောက် ၃၀၀၀ ကျော် စာရင်းထဲမှာ ပါ၀င်ပါတယ်။

လျှောက်လွှာပယ်ခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေ အယူခံဝင်ခဲ့ပြီးနောက်၊ အချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့် ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ ဝင်ပြိုင်တဲ့ ပါတီကိုယ်စားလှယ်လောင်း တဦးကို မိဘဖြစ်သူတွေ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ပယ်ချခံခဲ့ရပြီး အခုပြန်လည်ဝင်ရွေးခံခွင့် ရခဲ့တဲ့အပေါ် အမျိုးသား ဒီမိုကရေစီသစ် ဥက္ကဌ ဦးသိန်းညွှန့်က အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာ တိုင်းဒေသနဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်ပေါ့။ ဒေါ်စန်းစန်းမြင့်က ၂၀၁၀ တုန်းကလည်း သူ့အဖေက နိုင်ငံသားဖြစ်ကြောင်း သူ့ကိုယ်ပိုင် ၀န်ခံချက်နဲ့ ခွင့်ပြုခဲ့တာပါ။ အဲဒီတုန်းက ခွင့်ပြုပြီးမှ၊ ဘာကြောင့်ခွင့်ပြုတာလည်း ။ အဲဒါကြောင့် အခုတခါ သူ့ကို ငြင်းပယ်လိုက်တာဟာ ဟိုတုန်းက မနိုင်ဘူးလို့ထင်ပြီး ခွင့်ပြုပြီး၊ အခု နိုင်မှန်းသိလို့ ငြင်းပယ်တာလား၊ ဒါတချက် ကျနော်တင်ပြတယ်။ အဲဒါကြောင့် ရန်ကုန်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ဝင်ကလေ သူ့ကို စိစစ်ပြီးတော့ ပယ်ချလိုက်တယ်။ ကျနော် ရန်ကုန်တိုင်း ကော်မရှင် အဖွဲ့ခွဲကို တင်တယ်။ တခါထပ်ပြီးတော့ အယူခံကို ပလပ်တယ်။ အဲဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးဆီကို လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅ အရ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည် ထည့်သွင်းပေးဖို့ ကျနော် စာတင်ခဲ့တာပါ။ အဲဒါကို ကော်မရှင်က ခွင့်ပြုကြောင်း သိတဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း လွန်စွာ ကျေးဇူးတင်ပါတယ်။”

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၆၂၀၀ နီးပါးကနေ အယောက် ၆၀၀၀ ကျော် ရွေးချယ်ခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပေမဲ့ ခုချိန်ထိ ဘယ်ပါတီက ဘယ်နှစ်ဦး အပယ်ခံထားရပြီး ဘယ်သူတွေ နှုတ်ထွက်သလဲ ဆိုတာကို ထုတ်ဖော် မပြောသေးပါဘူး။

လူနည်းစု လူမျိုးတွေ အထူးသဖြင့် မူဆလင် လူနည်းစု ကိုယ်စားလှယ်လောင်းတွေ လျှောက်လွှာ အပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ရွေးကောက်ပွဲ တရားမျှတမှု အခြေအနေအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ ပယ်ခံရတဲ့ လျှောက်လွှာတွေ အယူခံကို ပြန်လည် စိစစ်နေတာကြောင့် ကိုယ်စားလှယ်လောင်းစာရင်း တရားဝင်ထုတ်ပြန်ဖို့ ကော်မရှင်အနေနဲ့ ကြန့်ကြာမှုတွေ ဖြစ်ခဲ့ရပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment