Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

Sienna Miller နဲ့ တွဲခုတ်နေပြန်တဲ့ Ben Affleck



အိမ်ထောင် တစ်ခုကို ကွာရှင်းပြီး ကတည်းက တစ်ယောက်ပြီး တစ်ယောက် နဲ့ သတင်းတွေထွက်နေတဲ့ ဟောလီးဝုဒ် မင်းသား Ben Affleckဟာ သူ့ရဲ့ ဘ၀ ကို သူ့ရဲ့တွဲဖက် သရုပ်ဆောင် အသစ် Sienna Miller လက်ထဲ ပေးအပ်လိုက်ပြန်ပြီလို့ သတင်းတွေထွက်ပေါ်လာပြန်ပါတယ်။

Ben Affleck နဲ့ ဗြိတိန် မင်းသမီး Sienna Miller တို့ ၂ ယောက်ဟာ "Live by Night" ဆိုတဲ့ ရုပ်ရှင်ထဲမှာ အတူတကွ ပါဝင်သရုပ်ထားကြပြီး ထို ဇာတ်လမ်း ကိုတော့ Ben Affleck က ဒါရိုက်တာ အဖြစ် ရိုက်ကူးမှာ ဖြစ်ပါတယ်။

သူတို့ ၂ ဦး နဲ့ ရင်းနှီးသူ တစ်ဦးက OK! မဂ္ဂဇင်းကို ပြောပြခဲ့တာကတော့ "သူတို့ ၂ ယောက်ဟာ စတင်ချစ်ကြိုက်နေကြပြီ" လို့ ဆိုပါတယ်။ Affleck ဟာ သူ့ရဲ့ ဇနီးဖြစ်သူ Jennifer Garner နဲ့ ဒီနှစ်အစောပိုင်းကပဲ ကွာရှင်းခဲ့ကြပြီး သူတို့ ရဲ့ အရင်ကလေးထိန်း ဖြစ်တဲ့ Christine Ouzounian နဲ့လည်း တွဲခုတ်ခဲ့ပါသေးတယ်။

တစ်ကယ်တော့ Ben Affleck နဲ့ Sienna Miller တို့ ၂ ယောက်ဟာ သက်တမ်းကြာရှည် အချစ်ရေးတွေကို အဆုံးသတ်ထားကြသူတွေပဲ ဖြစ်ပါတယ်။ Miller ဟာ သရုပ်ဆောင် မင်းသား Tom Sturridge နဲ့ ၄ နှစ်တာ အတူရှိခဲ့ကြတဲ့ စေ့စပ်မှုကို ဇူလိုင်လ မှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ သူမ မှာ အသက် ၃ နှစ်အရွယ် သမီးတစ်ယောက်လည်း ရှိပါတယ်။

ဒီ လ အစောပိုင်းတုန်းက Ben Affleck နဲ့ Jennifer Garner တို့ဟာ အတူတကွ တွေ့မြင်ခဲ့ရတဲ့အတွက် ပရိတ်သတ် အချို့က သူတို့ ၂ ယောက်ကို ပြန်လည် အဆင်ပြေသွားပြီလို ယုံကြည်ခဲ့ကြပေမယ့် ရင်းနှီးသူတွေကတော့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment