Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

Selfie ရိုက်ကူးလေ့ကျင့်ဖို့အတွက် အလုပ်ကထွက်လိုက်တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦး





အသက် ၂၄ နှစ်အရွယ် Bhanu Prakash ဆိုသူဟာ ဆေးရုံတစ်ခုမှာ သုတေသနလက်ထောက်အဖြစ် အချိန်ပြည့်အလုပ်လုပ်ကိုင်နေရာမှ Selfie အရိုက်နိုင်ဆုံးသူအဖြစ် ကမ္ဘာ့အသိမှတ်ပြုခံရဖို့အတွက် အလုပ်ကနေ ရပ်နားလိုက်ပါသတဲ့။

မေလက သုံးမိနစ်အတွင်း Selfie ဓါတ်ပုံပေါင်း ၁၀၅ ပုံတိတိ ရိုက်ကူးပြီး အောင်မြင်မှုတွေရယူခဲ့တဲ့ Dwayne “The Rock” Johnson ကို လေးစားအားကျတဲ့အတွက် ဒီလိုလုပ်တာပါလို့ Prakash က ဆိုပါတယ်။

ခုလက်ရှိ ကမ္ဘာ့စံချိန်တင်ထားသူကတော့ အမေရိကန်ဘောလုံးကစားသမား Patrick Peterson ဖြစ်ပြီး တစ်နာရီအတွင်းပုံပေါင်း ၁၄၄၉ ပုံ ရိုက်ကူးနိုင်သူဖြစ်ပါတယ်။

Selfie ဓါတ်ပုံရိုက်ခြင်းဟာ မိန်းကလေးအတွက်ပဲဆိုတာမဟုတ်ကြောင်း Prakash က ပြသလိုက်တာပဲဖြစ်ပါတယ်။

Prakash က ခုဆိုရင် ပုံပေါင်း ၁၇၀၀ ရှိနေပြီး ၁၈၀၀ အထိရိုက်ကူးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Prakash က သူ့အနေနဲ့ ဖုန်းကိုအကြာကြီးကိုင်ထားနိုင်ဖို့အတွက် လက်နဲ့ လက်ကောက်ဝတ်သန်မာစေမယ့် လေ့ကျင့်ခန်းတွေကိုလည်း အစဉ်တစိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

Prakash ရဲ့မိသားစုကလည်း ခုဆိုရင်သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကူညီထောက်ပံ့ပေးနေပါတယ်။ Prakash ရဲ့ တရားဝင် ကမ္ဘာ့စံချိန်ချိုးမယ့်နေ့ကတော့ စက်တင်ဘာ ၁၈ ရက်နေ့ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

No comments:

Post a Comment