Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

ခလောက်မြွေပွေးနဲ့ selfie ရိုက်ကူးခဲ့ပြီးနောက် လက်ပါ ဖြတ်ပစ်ရတော့မယ့် အမျိုးသား




အသက် ၃၆ နှစ်အရွယ် Alex Gomez ဆိုသူဟာ လက်မောင်းကို လေးပေအရှည်ရှိတဲ့ မြွေပွေးအကိုက် ခံခဲ့ရပြီးနောက် လက်တစ်ဖက်လုံးအဆိပ်တွေပျံ့ နှံ့ ပြီး ဆေးရုံရောက်ရှိခဲ့ပါတယ်။ Alex Gomez ဟာ သူတို့ မိသားစုခြံဘေးက ကွင်းပြင်ထဲမှာ လေးပေရှိတဲ့ခလောက်မြွှေကို တွေ့ ခဲ့ပြီးနောက် အရူးမိုက်ဆုံးအမှားကို ကျူးလွန်ခဲ့ပါတယ်။
“ သူ့ လည်ပင်းမှာ အဲ့မြွေကိုပတ်ထားတာမြင်တော့ ကျွန်မ မှင်တက်သွားတယ်။ သူ့ လည်ပင်းကို ကိုက်လိုက်နိုင်ပါတယ်။ ဒါဟာရူးမိုက်တာပဲ” လို့ အမေဖြစ်သူ Deborah က ပြောပြပါတယ်။ Alex ရဲ့ တူဖြစ်သူ Ronnie ကလည်း မြွေကို စတင်တွေ့ တဲ့အချိန်မှာ Alex နဲ့ တူတူရှိနေပြီး မြွေက သူတို့ ကို ရန်လိုမှုတွေလုပ်နေခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် Alex Gomez ဟာ မြွေကို ကောက်ကိုင်ပြီး selfie ရိုက်ကူးဖို့ ကြိုးစားခဲ့ပါတယ်။ ကလေးသုံးယောက်အဖေ Gomez ဟာ မြွေကိုက်ခံရပြီးနောက် ပြင်းထန်တဲ့နာကျင်မှုကို ခံစားခဲ့ရပြီး ဒေသတွင်းဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ သူ့ ရဲ့လက်ဟာ ဖောင်းမို့ လာပြီး တစ်ကိုယ်လုံးတုန်ခါနေတယ် လို့ ဆိုပါတယ်။ Gomez ကို အချိန်မီမြွေဆိပ်ဖြေဆေးထိုးပေးလိုက်နိုင်ပေမယ့် လက်ကိုတော့ ဆုံးရှုံးရဖွယ်ရှိပါတယ်။ “ သူ့ လက်အရေပြားက ပုပ်ကြွေနေပြီ” လို့ Deborah က ပြောပြပါတယ်။  
Gomez ရဲ့ အမေဖြစ်သူဟာ သူ့ သားရဲ့ အရှက်ရစရာဇာတ်လမ်းကို လူသိအောင်ပြောပြတာက သူ့ သားကို အကောင်းဆုံးသင်ခန်းစာပေးရာရောက်တယ်လို့ ဆိုပါတယ်။
Ref: cbslocal 
http://www.trend.com.mm/2015/08/26/news-7505

No comments:

Post a Comment