Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

Selena Gomez ရဲ့ အသစ်ထွက်ရှိလာတဲ့သီချင်း “ Same Old Love”



နာမည်ကျော်အဆိုတော် Selena Gomez ရဲ့ အသစ်ထွက်ရှိလာမယ့် တေးအယ်လ်ဘမ် ကာဗာဓါတ်ပုံ ကို ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသပြီးတဲ့နောက်မှာ သူ့ရဲ့သီချင်းအသစ်စက်စက် “ Same Old Love “ ကို ထုတ်လွှင့်ခဲ့ပါတယ်။

ခုနောက်ဆုံးထွက်ရှိလာမယ့် သူရဲ့ Revival တေးစီးရီးမှာ  “Sick of the Same Old Love” သီချင်းအဖြစ် သံစဉ်နဲ့စာသားတွေအလန်းစားတွေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ Disney ရဲ့နာမည်ကျော် ဇာတ်ကောင် Mickey Mouse ရဲ့ ဘာသာစကားတွေကို လူကြီးသံနဲ့ပြောင်းလဲ ရေးသားထားတဲ့ ဒီသံစဉ်စာသားအသစ်ကို မကျေမနပ်ဖြစ်လာနိုင်စရာတော့ ရှိပါတယ်။

ကင်မရာရှေ့မှာ ခြေလိမ်ပြီး အ၀တ်ဗလာနဲ့ထိုင်နေတဲ့ Gomez ရဲ့ အဖြူအမည်းဓါတ်ပုံနဲ့ အယ်လ်ဘမ်ကာဗာအသစ်ကိုလည်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အွန်လိုင်းကနေ ၀ယ်ယူလိုသူတွေအတွက် အောက်တိုဘာ ၉ရက်နေ့မှာ ၀ယ်ယူနိုင်မှာဖြစ်ပြီး ပရိတ်သတ်တွေကတော့ အွန်လိုင်းကနေတစ်ဆင့် ကြိုတင်အော်ဒါမှာယူထားနိုင်တယ်လို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi

No comments:

Post a Comment