Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

နံရံဖောက်ထွင်း ထောက်လှမ်းနိုင်သော Rainbow 5 မောင်းသူမဲ့လေယာဉ်သစ် တရုတ်ထုတ်ဖော်ပြသ



ပေကျင်း ၊ ၁-၉-၂၀၁၅

တရုတ်စစ်ဘက် သည် နံရံကို ဖောက်ထွင်း ထောက်လှမ်းနိုင်သော ရေဒါတပ်ဆင် ထားသည့် Rainbow 5 အမည်ရှိ လက်နက် တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်သစ် တစ်မျိုးကို ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရ သည်။

အဆိုပါ လေယာဉ်သည် လေကြောင်း တိုက်ခိုက်မှု များအား အပြောင်းအလဲ ဖြစ်စေမည် ဖြစ်ကြောင်း တာဝန်ရှိသူ များက သြဂုတ် ၃၁ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

အကြမ်းဖက် သမားများတွင် ပုန်းခိုရာ နေရာများ ရှိကြောင်း၊ ၄င်းတို့ အနေဖြင့် ချုံပုတ်တစ်ခု သို့မဟုတ် အိမ်တစ်လုံး ထဲတွင်ပုန်းခို နိုင်သောကြောင့် ယင်း ပုန်းခိုရာ နေရာအတွင်း သို့ ဖောက်ထွင်း မြင်နိုင်ရန်နှင့် အတွင်းရှိ အရာဝတ္ထု များအား ခွဲခြားသိရှိ နိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း အဆိုပါ မောင်းသူမဲ့ လေယာဉ် ပုံစံရေးဆွဲရေး အကြီးအကဲ အော်ကျွန်းမင် က ထုတ်ဖော် ပြောကြား ထားသည်ဟု ဗန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြ ထားသည်။

Rainbow 5  မောင်းသူမဲ့ လေယာဉ်သည် အမေရိကန် နိုင်ငံလုပ်ျွနစေနမ မောင်းသူမဲ့ လေယာဉ်နှင့် ဆင်တူသည့် တောင်ပံတစ်စုံ ဖြင့် တည်ဆောက် ထားပြီး ဒုံးကျည် ခြောက်စင်းအား သယ်ဆောင်ကာ လေထဲတွင် နာရီ ၃ဝ ကျော်ကြာ ပျံသန်း နိုင်ကြောင်း သိရသည်။

နံရံဖောက်ထွင်း ထောက်လှမ်း နိုင်သော ရေဒါအား အမေရိကန် စစ်ဘက်တွင်လည်း အသုံးပြုလျက် ရှိကြောင်း သိရသည်။

Built to kill: China unveils its latest heavyweight contender in military drone race

#PyiChitThar

No comments:

Post a Comment