Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, September 19, 2015
ပလောင် PSLF/TNLA အဖွဲ့နဲ့ MPC ဆွေးနွေး
 ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရတို့ကြား ပဏာမအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အခု စက်တင်ဘာလ မကုန်ခင် နှစ်ဘက်ကိုယ်စားလှယ်တွေ စတင်တွေ့ဆုံဆွေးနွေးဖို့ စက်တင်ဘာ ၁၈ ရက်နေ့က MPC မြန်မာ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အစိုးရနဲ့တွေ့ဆုံမယ့်ရက်ကို ဒီရက်ပိုင်းအတွင်း အကြောင်းပြန်မယ်လို့ PSLF အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော် က ပြောပါတယ်။
အဲဒီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးမှာ လက်ငင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေးကိစ္စတွေကို အဓိက ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပြီး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချူပ်နဲ့ ပတ်သက်လို့ကတော့ အရင်ချမှတ်ထားတဲ့ မူအတိုင်းစွဲကိုင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
PSLF အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ၂ဝ၁၃ ဇူလိုင် ၃၁ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးပါဘူး။
RFA Burmese
.................................................................
 တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်။ Photo: Kan Thar/RFA
 ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရတို့ကြား ပဏာမအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အခု စက်တင်ဘာလ မကုုန်ခင် နှစ်ဘက်ကိုယ်စားလှယ်တွေ စတင်တွေ့ဆုံဆွေးနွေးဖို့ စက်တင်ဘာ ၁၈ ရက်နေ့က MPC မြန်မာ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ငြိမ်းချမ်းရေး စတင်ဆွေးနွေးနိုင်ဖို့အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ဗဟိုဌာနချူပ်မှာ မနေ့က အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ပါတယ်။
အစိုးရနဲ့တွေ့ဆုံမယ့်ရက်ကို ဒီရက်ပိုင်းအတွင်း အကြောင်းပြန်မယ်လို့ PSLF အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာ့ဘုုန်းကျော် က ပြောပါတယ်။
အဲဒီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးမှာ လက်ငင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေးကိစ္စတွေကိုု အဓိက ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပြီး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချူပ်နဲ့ ပတ်သက်လို့ကတော့ အရင်ချမှတ်ထားတဲ့ မူအတိုင်းစွဲကိုင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
PSLF အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုုနှစ် နိုုဝင်ဘာလက ပြည်တောင်စုု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုုပ်ငန်းကော်မတီ ဒုုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနဲ့ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့မှာ အလွတ်သဘော တွေ့ဆုုံခဲ့ပြီး ၂ဝ၁၃ ဇူလုုိင် ၃၁ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုုင်း မူဆယ်မြို့မှာ ပြည်နယ်အဆင့် တွေ့ဆုံုဆွေးနွေးခဲ့ကြပေမဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးပါဘူး။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment