Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 12, 2015

သင်မသိသေးတဲ့ Penas Ciudad Barrios ထောင်က အကျဉ်းသားတွေ အကြောင်း




နိုင်ငံတကာ ရာဇဝတ်လူဆိုးဂိုဏ်းဖြစ်တဲ့ The Mara Salvatrucha (MS-13) ဟာ ကြောက်စရာကောင်းလွန်းတာကြောင့် ယင်းလူဆုံးဂိုဏ်းကို အပြင်ဘက်မှာသာ ကင်းလှည့်အစောင့်တွေနဲ့ သူ့ကိုယ်ပိုင် အကျဉ်းထောင်ကို စီမံကွပ်ကဲဖို့ ခွင့်ပြုထားပါတယ်။
El Salvador နိုင်ငံ Penas Ciudad Barrios အကျဉ်းထောင်မှာ အကျဉ်းသား ၂,၅၀၀ ချိတ်ပိတ်ခံထားရပါတယ်။
၂၀၁၃ မှာ သူတို့အကြောင်း မှတ်တမ်းတင်ဖို့ လန်ဒန်မှ ဓာတ်ပုံပညာရှင် Adam Hinton ဟာ သူတို့ရှိတဲ့နေရာဆီ မကြုံစဖူး သွားရောက်ခွင့်ပြု ခံခဲ့ပါတယ်။
သူတို့ တက်တူးတွေက သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအကြောင်း၊ ယင်းလူဆိုးဂိုဏ်းမှာ သူတို့ရှိနေခဲ့စဉ် ဆုံးရှုံးခဲ့တဲ့ သူတို့ချစ်မြတ်နိုးသူတွေအကြောင်း ဖော်ပြလို့နေပါတယ်။
မိနစ်၊ နာရီနဲ့ နေရက်တွေ အဆုံးမရှိသလို အဲ့ကလူတွေဟာ လူ့အသက် သတ်ဖို့ကလွဲရင် ဘာမှလုပ်စရာမရှိ ဦးတည်ချက်မဲ့ ရပ်တည်နေကြတယ်လို့ Adam က ပြောဆိုခဲ့တယ်။
အကျဉ်းသားများစုက Barrios ဒေသ သို့မဟုတ် ဆင်ခြေဖုံး ရပ်ကွက်များမှ ဖြစ်ကြတယ်။ El Salvador မှာဆိုရင် ဒီနေရာဟာ မျှော်လင့်ချက် ဒါမှမဟုတ် အခွင့်အလမ်းဆိုတာ မရှိတဲ့နေရာတစ်ခုဖြစ်ပြီး ယင်းလူဆိုးဂိုဏ်းကသာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပါတယ်။
အာဏာပိုင်တွေ မင်းကို ဖမ်းပြီဆိုရင် ဒီနေရာ ဖမ်းပစ်ထည့်ပြီး မင်းကို လျစ်လျူရှူလိုက်တာပါပဲ။ အကျဉ်းသားတိုင်း အဲဒီလို ခံစားရအောင် လုပ်ထားတာဖြစ်တယ်။ 
Ref: Metro
http://www.trend.com.mm/2015/09/08/lifestyle-7605

No comments:

Post a Comment