Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

NLD ပါတီ အစိုးရဖြဲ႔ႏိုင္ရင္ ၿငိမ္းခ်မ္ေရးအတြက္ တာဝန္ယူဖို႔ အဆင္သင့္ျဖစ္ၿပီလို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ


လာမယ့္ေရြးေကာက္ပြဲအၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက အစိုးရဖြဲ႔ႏိုင္ခဲ့ရင္ ျပည္တြင္း ၿငိမ္းခ်မ္ေရးအတြက္ တာဝန္ယူဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ မေန႔ညက ႏိုင္ငံပိုင္သတင္းမီဒီယာေတြက ေနထုတ္လြင့္ခဲ့တဲ့ ေရြးေကာက္ပြဲမဲဆြယ္ မိန္႔ခြန္းထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာလိုက္ပါတယ္။

စက္တင္ဘာလ ၂၁ ရက္ေန႔ ည ၇ နာရီ မေန႔က ႏိုင္ငံပိုင္သတင္းမီဒီယာေတြကတဆင့္ ထုတ္လႊင့္ခဲ့တဲ့ NLDပါတီ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရြးေကာက္ပြဲမဲဆြယ္ေဟာေျပာတဲ့ မိန္႔ခြန္းမွာ ထည့္သြင္းေျပာခဲ့တာျဖစ္ပါတယ္။

"အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ ေအာင္ျမင္စြာ သေဘာတူညီ လက္မွတ္ေရးထိုးၿပီးတဲ့အခါမွာ ဒီမိုကရစီ ဖက္ဒရယ္ျပည္ေထာင္စု ေပၚထြန္းေစဖို႔ မျဖစ္မေနလိုအပ္ေနတဲ့ ထာဝရၿငိမ္းခ်မ္းေရးရဲ႕ အေျခခံအုတ္ျမစ္ခ်ျခင္းျဖစ္တဲ့ ဒုတိယအဆင့္နဲ႔ တတိယအဆင့္တို႔ကို အေကာင္အထည္ေဖာ္ရမွာျဖစ္တယ္၊ တကယ္ေတာ့ ဒီအဆင့္ႏွစ္ဆင့္ကို တၿပိဳင္တည္းလုပ္သြားဖို႔လိုပါတယ္၊ ဒုတိယအဆင့္ျဖစ္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို တာဝန္ယူေဆာင္ရြက္ရမွာကေတာ့ ႏုိဝင္ဘာလ အေထြေထြေရြးေကာက္ပြဲမွ ထြက္ေပၚလာမယ့္ အစိုးရပဲျဖစ္ပါတယ္၊ ျပည္သူကလိုလားေထာက္ခံခဲ့ရင္ ဒီတာဝန္ကို အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ထမ္းေဆာင္ဖို႔အသင့္ျဖစ္ပါတယ္"

လက္ရွိအခ်ိန္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြနဲ႔ အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖို႔ အလားအလာရွိေနၿပီး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ဟာ အျပန္အလွန္နားလည္ ေလးစားယံုၾကည္မႈေတြအေပၚမွာ အေျခခံဖို႔လိုတယ္လို႔လည္းေျပာပါတယ္။

ဒါ့အျပင္ ၂၀၀၈ ဖြဲ႔စည္းပံု ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး တပ္မေတာ္နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္တို႔ရဲ႕ သေဘာထားအျမင္ေတြဟာ ကြဲလြဲေနေပမယ့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ထူေထာင္ေရးအတြက္ တပ္မေတာ္နဲ႔NLD ၾကား တူညီမႈရွိမယ္လို႔ ယံုၾကည္ထားေႀကာင္းလည္းေျပာပါတယ္၊

NLD ပါတီစတင္ထူေထာင္ထဲက အခုအခ်ိန္အထိ ၂၇ ႏွစ္ကာလအတြင္း အခက္ခဲေပါင္းစံုနဲ႔ ျပင္းျပင္းထန္ထန္ ရင္ဆိုင္ခဲ့ရတယ္လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ စစ္မွန္တဲ့ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုတည္ေဆာင္ဖို႔ ရည္မွန္းၿပီး အၾကမ္းမဖက္ေရး၊ အမ်ိဳးသားရင္ၾကားေစ့ေရး၊ သဟဇာတျဖစ္ေရး အာဃာတကင္းစင္းေရး စတဲ့သေဘာတရားေတြကို စြဲကိုင္ၿပီး NLD ရဲ႕ ရည္မွန္းခ်က္ေရာက္တဲ့အထိ ခိုင္ခိုင္မာမာလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္ က သူရဲ႕မိန္႔ခြန္းထဲမွာ ထည့္သြင္းေျပာၾကားသြားပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
................................


လာမယ့်ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်တွင်း ငြိမ်းချမ်ရေးအတွက် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ မနေ့ညက နိုင်ငံပိုင်သတင်းမီဒီယာတွေက နေထုတ်လွင့်ခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ် မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့ ည ရ နာရီ မနေ့က နိုင်ငံပိုင်သတင်းမီဒီယာတွေကတဆင့် ထုတ်လွှင့်ခဲ့တဲ့ NLDပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲမဲဆွယ်ဟောပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

"အပစ်ခတ်ရပ်စဲရေးစာချုပ် အောင်မြင်စွာ သဘောတူညီ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ ဒီမိုကရစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေဖို့ မဖြစ်မနေလိုအပ်နေတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်ချခြင်းဖြစ်တဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တို့ကို အကောင်အထည်ဖော်ရမှာဖြစ်တယ်၊ တကယ်တော့ ဒီအဆင့်နှစ်ဆင့်ကို တပြိုင်တည်းလုပ်သွားဖို့လိုပါတယ်၊ ဒုတိယအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တာဝန်ယူဆောင်ရွက်ရမှာကတော့ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာမယ့် အစိုးရပဲဖြစ်ပါတယ်၊ ပြည်သူကလိုလားထောက်ခံခဲ့ရင် ဒီတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထမ်းဆောင်ဖို့အသင့်ဖြစ်ပါတယ်"

လက်ရှိအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ အလားအလာရှိနေပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ အပြန်အလှန်နားလည် လေးစားယုံကြည်မှုတွေအပေါ်မှာ အခြေခံဖို့လိုတယ်လို့လည်းပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ သဘောထားအမြင်တွေဟာ ကွဲလွဲနေပေမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် တပ်မတော်နဲ့NLD ကြား တူညီမှုရှိမယ်လို့ ယုံကြည်ထားကြောင်းလည်းပြောပါတယ်၊

NLD ပါတီစတင်ထူထောင်ထဲက အခုအချိန်အထိ ၂၇ နှစ်ကာလအတွင်း အခက်ခဲပေါင်းစုံနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောင်ဖို့ ရည်မှန်းပြီး အကြမ်းမဖက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ သဟဇာတဖြစ်ရေး အာဃာတကင်းစင်းရေး စတဲ့သဘောတရားတွေကို စွဲကိုင်ပြီး NLD ရဲ့ ရည်မှန်းချက်ရောက်တဲ့အထိ ခိုင်ခိုင်မာမာလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က သူရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment