Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, September 21, 2015

ျပည္ေထာင္စုအေရးတပ္မေတာ္နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ NLD လိုလား


 အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕ ေရြးေကာက္ပြဲ စည္း႐ံုးေဟာေျပာမႈမွာေတာ့ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကျပည္တြင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို အဓိကထား ေျပာဆိုၿပီး တပ္မေတာ္ရဲ႕အခန္းက႑ကိုလည္း အထူး အေလးေပး ေျပာဆိုခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြနဲ႔ ဖယ္ဒရယ္ကို အာမခံေပးႏုိင္တဲ့ အေျခခံဥပေဒတရပ္ ျဖစ္ေပၚလာေရးတို႔ကို တၿပိဳင္နက္တည္းလုပ္ေဆာင္ရမွာ ျဖစ္တယ္လုိ႔လည္း တနလာၤေန႔မွာပဲ ပါတီ မူဝါဒနဲ႔ပတ္သက္လုိ႔ ျမန္မာ အစိုးရ႐ုပ္သံကေန ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ့တာပါ။ မသိဂႌထုိက္ စုစည္းတင္ျပထားပါတယ္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ပါတီ မူဝါဒေတြကို တနလာၤေန႔မွာ ေျပာဆိုတာမွာေတာ့ တပ္မေတာ္ရဲ႕အခန္းက႑ကို အထူးတလည္ ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။ ဖြဲ႔စည္းပံုျပင္ဆင္ေရးမွာ တပ္မေတာ္ဟာ အဓိကက်တယ္ဆိုတာနဲ႔ တပ္မေတာ္နဲ႔ NLD ၾကား သံသယေတြ ဖယ္ရွားၿပီး ျပည္ေထာင္စုအေရးအတြက္ ပူးေပါင္းေဆာင္ရြက္လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေျပာင္းလဲရာမွာ တပ္မေတာ္ရဲ႕က႑က အဓိကျဖစ္တယ္ဆိုတာ က်မတို႔ ျပည္သူျပည္သားမ်ား အသိျဖစ္ပါတယ္။ ျပင္ဆင္ေျပာင္းလဲေရးနဲ႔ပတ္သက္လို႔ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕အျမင္နဲ႔ တပ္မေတာ္ရဲ႕အျမင္ဟာ တထပ္တည္း မဟုတ္ဘူးဆိုတာလည္း ျပည္သူျပည္သားမ်ားအသိ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုႀကီးရဲ႕ အနာဂတ္ တည္ၿငိမ္ေတာက္ပေရးကို လိုလားတဲ့ေနရာမွာ တပ္မေတာ္နဲ႔က်မတို႔အၾကား လံုးဝကဲြျပားမႈမရွိဘူးလို႔ ယံုၾကည္ပါတယ္။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းက ျပည္သူေတြနဲ႔ ထူေထာင္ခဲ့တဲ့ ျပည္သူ႔တပ္မေတာ္ကို ျပည္သူ႔အက်ဳိးကိုသာဦးတည္ေဆာင္ရြက္တဲ့၊ ျပည္သူခ်စ္တဲ့ အဖြဲ႔အစည္းအျဖစ္ ျပည္သူျပည္သားမ်ားက ျပင္းျပစြာ ျမင္ေနလုိၾကပါတယ္။ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးနဲ႔ လာမယ့္ ေရြးေကာက္ပြဲေတြမွာ ထြက္ေပၚလာမယ့္ ျပည္သူ႔ဆႏၵကို ေလးစားကာကြယ္ေရးမ်ားအပါအဝင္ ႏိုင္ငံ့ရဲ႕ကံၾကမၼာမွာ ဖန္တီးဖို႔အတြက္ ပတ္သက္တဲ့ကိစၥအဝဝမွာ ျပည္သူနဲ႔ တပ္မေတာ္ တစ္သားတည္းရိွဖို႔ကို ေလးေလးနက္နက္ လိုလားေနၾကပါတယ္။

အဖြဲ႔ခ်ဳပ္ဟာ ျမန္မာ့တပ္မေတာ္ကို ဒီမိုကေရစီစံႏႈန္း စံထားမ်ားနဲ႔ အညီ တိုးတက္ေခတ္မီ ျပည့္စံုစြာ ျပည္သူေတြေလးစားခ်စ္ခင္မႈေၾကာင့္ ကမၻာ့အလယ္ တင့္တယ္တဲ့၊ ႏိုင္ငံနဲ႔ျပည္သူ လြတ္လပ္၊ လံုၿခံဳ၊ ေအးခ်မ္းေရးတို႔ကို အခိုင္အမာ ကာကြယ္ေပးမယ့္ ႏိုင္ငံက အားကိုးရတဲ့ အဖြဲ႔အစည္း ျဖစ္ေစလိုပါတယ္။ အဖြဲ႔ခ်ဳပ္နဲ႔ တပ္မေတာ္အၾကား သံသယေတြဖယ္ရွားၿပီး ျပည္ေထာင္စုအေရး၊ ဒီမိုကေရစီအေရးအတြက္ အျပန္အလွန္ ယံုၾကည္ေလးစားစြာ ပူးေပါင္း ေဆာင္ရြက္ခ်င္ပါတယ္။ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ ေျပာင္းလဲေရးမွာလည္း ႏိုင္ငံရဲ႕ တည္ၿငိမ္မႈ၊ ျပည္သူေတြရဲ႕ ႏွလံုးစိတ္ဝမ္း ေအးခ်မ္းမႈတိုု႔ကို မထိခိုက္ေစဘဲ ျပည္သူ႔ဆႏၵနဲ႔ ကိုက္ညီစြာ အတူလုပ္ေဆာင္ခ်င္ပါတယ္။ အဖြဲ႔ခ်ဳပ္ဟာ ျပည္သူျပည္သားအားလံုး ေအးခ်မ္းတည္ျငိမ္စြာ ရွင္သန္ျပီး၊ လြတ္လပ္ လံုျခံဳစြာ ဖြံ႕ျဖိဳးတိုးတက္ႏိုင္မယ့္ လူ႕အဖြဲ႕အစည္းကို ထူေထာင္ခ်င္ပါတယ္။”

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD နဲ႔ တပ္မေတာ္ၾကား တကယ္တန္း ပူးေပါင္းေဆာင္ရြက္ႏုိင္တဲ့ အလားအလာ အေပၚမွာေတာ့ အရင္ စစ္ေထာက္လွမ္းေရးေဟာင္း ဗိုလ္မွဴး ေအာင္လင္းထြဋ္က အခုလို ရႈျမင္ပါတယ္။

 “အခုခ်ိန္ခါမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္လည္း သူ႔ရဲ႕မူလ ၂၅ % လည္း သူ ေျပာင္းသြားတဲ့အေနအထားမ်ဳိးရွိတယ္။ ၂၅ % ကိုေတာ့ သူလက္ခံလို႔သာ ၂၀၁၂ ဝင္ခဲ့တယ္။ ဒါေပမယ့္ တျဖည္းျဖည္း ဖြဲ႔စည္းပံုကို ေျပာင္းသြားမယ္ဆိုတဲ့ ေပၚလစီကို ေျပာင္းလာတာရွိတယ္။ တပ္မေတာ္ဘက္ကလည္း ဒီ ၂၅ % ကို ျဖည္းျဖည္းခ်င္း ေလွ်ာ့သြားမယ္ဆိုတဲ့ အေနအထားေတြ ရွိပါတယ္။ က်ေနာ္ေျပာခ်င္တာက ေတ့ေတ့ဆိုင္ဆုိင္ေပါ့ေလ- ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္ႀကီး မင္းေအာင္လိႈင္တို႔ေပါ့ေလ၊ ေတ့ေတ့ဆုိင္ဆိုင္ ေတြ႔ၿပီးေတာ့မွ ေဆြးေႏြးလိမ့္မယ္ဆိုရင္ေတာ့ တပ္မေတာ္နဲ႔ NLD နဲ႔ အဆင္မေျပစရာအေၾကာင္း မရွိပါဘူး။”

စစ္အစိုးရ ေရးဆြဲခဲ့တဲ့ ၂ဝဝ၈ ခုႏွစ္ အေျခခံ ဥပေဒ ျပင္ဆင္ေရး ခါးခါးသီးသီး ျဖစ္ေနတဲ့ တပ္မေတာ္နဲ႔ ေျပလည္ေရး အတြက္ကေတာ့ NLD အေနနဲ႔ စစ္ဘက္ အရပ္ဘက္ ဆက္ဆံေရးကို အထူးတလည္ ျပင္ဆင္ဖို႔ လိုအပ္တယ္လို႔ ျမန္မာ့အေရး သံုးသပ္သူ ဦးေအာင္သူၿငိမ္းက ေထာက္ျပပါတယ္။

“ဟုတ္ကဲ့၊ က်ေနာ္ျမင္တာေတာ့ တပ္မေတာ္ဆိုတာက သူ႔ institution ေပါ့ေနာ္၊ သူ႔ရဲ႕အဖြဲ႔အစည္းတစ္ခုအေနနဲ႔ သူ႔အေနနဲ႔ အက်ဳိးစီးပြား ကိစၥေတြ ရွိပါတယ္။ ဆိုေတာ့ အဲဒီအေနအထားေပၚမွာ NLD အေနနဲ႔က ေျပာမယ္ဆိုလို႔ရွိရင္ ေသခ်ာလည္း သုေတသနလုပ္သင့္တယ္။ ေသခ်ာလည္း စစ္ဘက္၊ အရပ္ဘက္ ဆက္ဆံေရးျပႆနာကို ကိုင္တြယ္ဖို႔ သူတို႔အေနနဲ႔ ေသခ်ာ မဟာဗ်ဴဟာ ခ်ၿပီးေတာ့ လုပ္ကိုင္သင့္တယ္လို႔ေတာ့ ျမင္ပါတယ္။ က်ေနာ္တို႔လို ႏုိင္ငံမ်ဳိးေတြမွာ စစ္တပ္က အခ်ိန္မေရြးလည္း အာဏာျပန္သိမ္းတတ္ပါတယ္။ ေနာက္တခုကက်ေတာ့ စစ္တပ္က သူ႔ရဲ႕ Insitution အက်ဳိးစီးပြားေပါ့ဗ်ာ- ဒါေတြ ထိလာလို႔ရွိရင္လည္း အၿမဲတမ္း ျပႆနာႀကံဳရတဲ့ အေနအထားမ်ဳိးေလးေတြ ေတြ႔ပါတယ္။ ဒါက က်ေနာ္တို႔ ႏုိင္ငံမွာတင္ မဟုတ္ပါဘူး။ က်န္တဲ့ႏုိင္ငံေတာ္ေတာ္မ်ားမ်ားလည္း ျဖစ္တတ္တဲ့ဟာပါ။”

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ဘက္ကေတာ့ ၂ဝ၁၅ ခုႏွစ္ ေရြးေကာက္ပြဲ အတြက္ ပါတီ မူဝါဒေတြ ခ်မွတ္ထားရာမွာ ျပည္တြင္း ၿငိမ္းခ်မ္းေရးကို ဦးစားေပးထားၿပီး အေျခခံဥပေဒ ျပင္ဆင္ေရး၊ တရားမွ်တတဲ့အုပ္ခ်ဳပ္မႈစနစ္တရပ္ေပၚေပါက္ေရးနဲ႔ လြတ္လပ္ လံုၿခံဳစြာ ဖြံ႔ၿဖိဳးတိုးတက္ေရးတို႔ ျဖစ္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ့ပါတယ္။ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္တို႔ၾကားတႏုိင္ငံလံုး အပစ္အခတ္ရပ္စဲေရး လက္မွတ္ေရးထိုးမႈဟာ တည္တံ႔ခုိင္ၿမဲဖို႔ လိုအပ္တယ္လို႔ေထာက္ျပၿပီး ဒီေနာက္ပိုင္း ဆက္လက္ လုပ္ေဆာင္ရမယ့္ ႏုိင္ငံေရး ေဆြးေႏြးပြဲေတြနဲ႔ အေျခခံ ဥပေဒ ျပင္ဆင္ေရးတို႔ အတြက္ ျပည္သူလူထုက လုိလား ရင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD အေနနဲ႔ ထမ္းေဆာင္ဖို႔ အသင့္ ရွိေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

သိဂႌထိုက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............................................

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုမှာတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကထား ပြောဆိုပြီး တပ်မတော်ရဲ့အခန်းကဏ္ဍကိုလည်း အထူး အလေးပေး ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ဖယ်ဒရယ်ကို အာမခံပေးနိုင်တဲ့ အခြေခံဥပဒေတရပ် ဖြစ်ပေါ်လာရေးတို့ကို တပြိုင်နက်တည်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း တနလာင်္နေ့မှာပဲ ပါတီ မူဝါဒနဲ့ပတ်သက်လို့ မြန်မာ အစိုးရရုပ်သံကနေ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ မူဝါဒတွေကို တနလာင်္နေ့မှာ ပြောဆိုတာမှာတော့ တပ်မတော်ရဲ့အခန်းကဏ္ဍကို အထူးတလည် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ဟာ အဓိကကျတယ်ဆိုတာနဲ့ တပ်မတော်နဲ့ NLD ကြား သံသယတွေ ဖယ်ရှားပြီး ပြည်ထောင်စုအရေးအတွက် ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရာမှာ တပ်မတော်ရဲ့ကဏ္ဍက အဓိကဖြစ်တယ်ဆိုတာ ကျမတို့ ပြည်သူပြည်သားများ အသိဖြစ်ပါတယ်။ ပြင်ဆင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အမြင်နဲ့ တပ်မတော်ရဲ့အမြင်ဟာ တထပ်တည်း မဟုတ်ဘူးဆိုတာလည်း ပြည်သူပြည်သားများအသိ ဖြစ်ပါတယ်။ သို့သော်လည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အနာဂတ် တည်ငြိမ်တောက်ပရေးကို လိုလားတဲ့နေရာမှာ တပ်မတော်နဲ့ကျမတို့အကြား လုံးဝကွဲပြားမှုမရှိဘူးလို့ ယုံကြည်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက ပြည်သူတွေနဲ့ ထူထောင်ခဲ့တဲ့ ပြည်သူ့တပ်မတော်ကို ပြည်သူ့အကျိုးကိုသာဦးတည်ဆောင်ရွက်တဲ့၊ ပြည်သူချစ်တဲ့ အဖွဲ့အစည်းအဖြစ် ပြည်သူပြည်သားများက ပြင်းပြစွာ မြင်နေလိုကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ထွက်ပေါ်လာမယ့် ပြည်သူ့ဆန္ဒကို လေးစားကာကွယ်ရေးများအပါအဝင် နိုင်ငံ့ရဲ့ကံကြမ္မာမှာ ဖန်တီးဖို့အတွက် ပတ်သက်တဲ့ကိစ္စအဝဝမှာ ပြည်သူနဲ့ တပ်မတော် တစ်သားတည်းရှိဖို့ကို လေးလေးနက်နက် လိုလားနေကြပါတယ်။

အဖွဲ့ချုပ်ဟာ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစံနှုန်း စံထားများနဲ့ အညီ တိုးတက်ခေတ်မီ ပြည့်စုံစွာ ပြည်သူတွေလေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် တင့်တယ်တဲ့၊ နိုင်ငံနဲ့ပြည်သူ လွတ်လပ်၊ လုံခြုံ၊ အေးချမ်းရေးတို့ကို အခိုင်အမာ ကာကွယ်ပေးမယ့် နိုင်ငံက အားကိုးရတဲ့ အဖွဲ့အစည်း ဖြစ်စေလိုပါတယ်။ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေဖယ်ရှားပြီး ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးအတွက် အပြန်အလှန် ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေးမှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းမှုတိုု့ကို မထိခိုက်စေဘဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူလုပ်ဆောင်ချင်ပါတယ်။ အဖွဲ့ချုပ်ဟာ ပြည်သူပြည်သားအားလုံး အေးချမ်းတည်ငြိမ်စွာ ရှင်သန်ပြီး၊ လွတ်လပ် လုံခြံုစွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် လူ့အဖွဲ့အစည်းကို ထူထောင်ချင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တပ်မတော်ကြား တကယ်တန်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာ အပေါ်မှာတော့ အရင် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်က အခုလို ရှုမြင်ပါတယ်။

 “အခုချိန်ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ရဲ့မူလ ၂၅ % လည်း သူ ပြောင်းသွားတဲ့အနေအထားမျိုးရှိတယ်။ ၂၅ % ကိုတော့ သူလက်ခံလို့သာ ၂၀၁၂ ဝင်ခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်း ဖွဲ့စည်းပုံကို ပြောင်းသွားမယ်ဆိုတဲ့ ပေါ်လစီကို ပြောင်းလာတာရှိတယ်။ တပ်မတော်ဘက်ကလည်း ဒီ ၂၅ % ကို ဖြည်းဖြည်းချင်း လျှော့သွားမယ်ဆိုတဲ့ အနေအထားတွေ ရှိပါတယ်။ ကျနော်ပြောချင်တာက တေ့တေ့ဆိုင်ဆိုင်ပေါ့လေ- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ပေါ့လေ၊ တေ့တေ့ဆိုင်ဆိုင် တွေ့ပြီးတော့မှ ဆွေးနွေးလိမ့်မယ်ဆိုရင်တော့ တပ်မတော်နဲ့ NLD နဲ့ အဆင်မပြေစရာအကြောင်း မရှိပါဘူး။”

စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရေး ခါးခါးသီးသီး ဖြစ်နေတဲ့ တပ်မတော်နဲ့ ပြေလည်ရေး အတွက်ကတော့ NLD အနေနဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို အထူးတလည် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

“ဟုတ်ကဲ့၊ ကျနော်မြင်တာတော့ တပ်မတော်ဆိုတာက သူ့ institution ပေါ့နော်၊ သူ့ရဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ သူ့အနေနဲ့ အကျိုးစီးပွား ကိစ္စတွေ ရှိပါတယ်။ ဆိုတော့ အဲဒီအနေအထားပေါ်မှာ NLD အနေနဲ့က ပြောမယ်ဆိုလို့ရှိရင် သေချာလည်း သုတေသနလုပ်သင့်တယ်။ သေချာလည်း စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပြဿနာကို ကိုင်တွယ်ဖို့ သူတို့အနေနဲ့ သေချာ မဟာဗျူဟာ ချပြီးတော့ လုပ်ကိုင်သင့်တယ်လို့တော့ မြင်ပါတယ်။ ကျနော်တို့လို နိုင်ငံမျိုးတွေမှာ စစ်တပ်က အချိန်မရွေးလည်း အာဏာပြန်သိမ်းတတ်ပါတယ်။ နောက်တခုကကျတော့ စစ်တပ်က သူ့ရဲ့ Insitution အကျိုးစီးပွားပေါ့ဗျာ- ဒါတွေ ထိလာလို့ရှိရင်လည်း အမြဲတမ်း ပြဿနာကြံုရတဲ့ အနေအထားမျိုးလေးတွေ တွေ့ပါတယ်။ ဒါက ကျနော်တို့ နိုင်ငံမှာတင် မဟုတ်ပါဘူး။ ကျန်တဲ့နိုင်ငံတော်တော်များများလည်း ဖြစ်တတ်တဲ့ဟာပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ပါတီ မူဝါဒတွေ ချမှတ်ထားရာမှာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတတဲ့အုပ်ချုပ်မှုစနစ်တရပ်ပေါ်ပေါက်ရေးနဲ့ လွတ်လပ် လုံခြံုစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြားတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုဟာ တည်တံ့ခိုင်မြဲဖို့ လိုအပ်တယ်လို့ထောက်ပြပြီး ဒီနောက်ပိုင်း ဆက်လက် လုပ်ဆောင်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ အတွက် ပြည်သူလူထုက လိုလား ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ထမ်းဆောင်ဖို့ အသင့် ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment