Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 8, 2015

အသုံးပြုသူရဲ့ ဖုန်းကို lock ချအပိုင်စီးကာ၊ ငွေ ညှစ်နေတဲ့ ညစ်ညမ်း App


လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Zscaler က ပညာရှင်တွေဟာ ဖုန်းကို lock ချပစ်ပြီး၊ ပြန်ဖွင့်ပေးဖို့ အတွက်
 ဒေါ်လာ ရာကျော် တောင်းခံလျက်ရှိတဲ့ ညစ်ညမ်း app Adult Player ကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

အဆိုပါ Adult Player app ဟာ အသုံးပြုသူရဲ့ခွင့်ပြုချက်မရရှိဘဲ ဓာတ်ပုံတွေကို အလိုအလျောက်ရိုက်ယူကာ
  အွန်လိုင်းပြန်ပေးငွေ ဒေါ်လာ ၅၀၀ ကို PayPal က တဆင့် ပေးချေဖို့ ငွေညှစ်လျက်ရှိပါတယ်။ ပြန်ပေးငွေရမှ 
ဖုန်းကို unlock လုပ်ပေးပြီး ပုံတွေကို ဖျက်ပစ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုပါ app ခိုင်းစေတဲ့အတိုင်း ပြန်ပေးငွေပေးပြီးသည့်တိုင်အောင် ဖုန်းကို ပြန်သုံးလို့ မရဘူးလို့  Adult Player app တိုက်ခိုက်မှုကို ခံခဲ့ရသူတစ်ချို့ က ဆိုပါတယ်။

Zscaler က လုံခြုံရေးဆန်းစစ်မှုပညာရှင်တွေက ပြန်ပေးငွေကို ပြန်ပေးစရာမလိုဘဲ အဆိုပါ malicious app 
ကို ဖယ်ထုတ်နိုင်မယ့်နည်းလမ်းကို ဖော်ပြခဲ့ပါတယ်။ ဖုန်းကို safe mode နဲ့ restart ပြန်ချပြီး ၊ device 
administrator mode ကနေ အဆိုပါ app ကို select လုပ်ကာ၊ disable လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အခုလို လုံခြုံရေးအန္တရာယ်ရှိတဲ့ malicious app တွေကို Google Play ကနေ install လုပ်နိုင်မှာမဟုတ်ဘဲ၊ 
တခြား ၀က်ဘ်ဆိုဒ်တွေကနေသာ ရယူနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်မို့ လို့ ဖုန်းအသုံးပြုသူတွေဟာ တရားဝင် app စတိုးတွေကနေသာ app တွေကို install လုပ်သင့်ပြီး 
data အချက်အလက်တွေကို အရန် back up လုပ်ထားသင့်တယ်လို့ အကြံပြုထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: ibnlive

No comments:

Post a Comment