Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

ရင်သားခွဲစိတ်ထားတယ်ဆိုတဲ့ ကောလာဟလ တွေကို Kylie Jenner ဖြေရှင်း




Kardashian မိသားစု ဟာ သူတို့ရဲ့ ကိုယ်ပိုင် website တွေနဲ့ app တွေကို တနင်္လာနေ့ကပဲ ထုတ်လုပ်လိုက်ပြီး သူတို့ရဲ့ တစ်ဦးချင်း အတွင်းရေး တွေကို ရေးသားနေပါပြီ။ မကြာသေးခင်ကမှ ၁၈ နှစ်ပြည့်ထားတဲ့ Kylie Jenner ဟာလည်း သူမရဲ့ အစ်မတွေလိုပါပဲ။

ဒါပေမယ့် Kylie ကတော့ သူမရဲ့ အလှအပ နဲ့ ဖက်ရှင်ဆိုင်ရာ အတွေးအခေါ် တွေကိုပဲ ၀က်ဘ်ဆိုက်မှာ ရေးသားတာ မဟုတ်ပါဘူး။ လက်တလော ကောလာဟလ တွေထွက်ပေါ်နေတဲ့ သူမရဲ့ ရင်သား ခွဲစိတ်ထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးလည်း သူမက ပြန်လည်ဖြေရှင်းထားပါသေးတယ်။

တီဗွီ ရှိုး ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Kylie ဟာ သူမရဲ့ app ကနေတစ်ဆင့် သူမရဲ့ subscriber တွေဆီကို ဗီဒီယို တစ်ခု ကြည့်ခွင့်ပေးလိုက်ပါတယ်။ အဲဒီဗီဒီယို ကိုတော့ "Kylie comes clean" လို့ အမည်ပေးထားပြီး သူမရဲ့ ကောက်ကြောင်းအလှတွေကို အစစ်အမှန် တွေဖြစ်ကြောင်း ဗီဒီယိုထဲမှာ သက်သေပြထားပါတယ်။

သူမဟာ အဖြူရောင် စွပ်ကျယ် အကျီင်္ကိုဝတ်ဆင်ထားပြီး သူမရဲ့ ရင်သား အလှတွေကို ဖန်တီးပေးခဲ့တာကတော့ နာမည်ကြီး တံဆိပ် ဘရာစီယာ ကြောင့်ဖြစ်တယ်လို့ ထို ဗီဒီယို ထဲမှာ ရှင်းပြထားပါတယ်။

"ကျွန်မဒါကို လူတွေအများကြီးကို မပြောပြပါဘူး။ ဒါပေမယ့် အားလုံးက ကျွန်မ ကို ရင်သားခွဲစိတ်ထားတယ်လို့ ထင်နေကြပါတယ်။ တစ်ကယ်တော့ မဟုတ်ပါဘူး။ ကျွန်မဟာ Victoria's Secret အမှတ်တံဆိပ် Bombshell ဘရာစီယာကို ၀တ်ဆင်တာပါ။ ကျွန်မ အမတွေနဲ့ သူငယ်ချင်းတွေအားလုံးလည်း ၀တ်ဆင်ပါတယ်။ ထို ဘရာစီယာဟာ ရင်သားကို ၁၀ ဆ လောက် ကြီးမား လုံးဝန်းသွားစေပါတယ် " လို့ သူမက ဆိုပါတယ်။

Kylie ဟာ မေလတုန်းက နှုတ်ခမ်း ခွဲစိတ်ခဲ့မှု နဲ့ ပတ်သတ်ပြီးတော့လည်း အဲဒါဟာ နှုတ်ခမ်း ကိုထိန်းညှိုတဲ့ နည်းပညာ တစ်ခုသာ ဖြစ်တယ်လို့လည်း သူမရဲ့ ၀က်ဘ်ဆိုက်မှာ ရေးသားဖော်ပြထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment