Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

အသံကို အနားပေးရန်လိုအပ်လာသဖြင့် နယ်လှည့်ဖျော်ဖြေပွဲ များကို ဖျက်သိမ်းလိုက်ရတဲ့ Kelly Clarkson




ပေါ့ပ်စတား Kelly Clarkson ဟာ  သူမရဲ့  Invincible ဟုအမည်ပေးထားသည့်  Tour ပွဲစဉ်ကို ခြောက်ပွဲမြောက်အရောက်မှာ  ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ အသံကို အနားပေးဖို့ လိုအပ်နေတယ်လို့ သူမရဲ့ ဆရာဝန်က အကြံပေးခဲ့တာကြောင့် ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရတယ်လို့  သတင်းတွေက ဖော်ပြထားပါတယ်။

" ကျွန်မရဲ့ ဖျော်ဖြေပွဲအချို့ကို ဖျက်သိမ်းခဲ့ရတဲ့အတွက် ကသိကအောက်ဖြစ်ရပါတယ်။ ကျွန်မရဲ့ ဆရာဝန်တွေက အသံကို အနားပေးဖို့လ်တယ်လို့ပြောကြတယ်ဟု " သူမရဲ့ တွစ်တာစာမျက်နှာကနေတစ်ဆင့် အသိပေးသွားခဲ့ပါတယ်။

သူမရဲ့ နယ်လှည့်ဖျော်ဖြေပွဲ  အတွက်လက်မှတ်ဖိုးတွေကိုလည်း ပြန်အမ်းသွားမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

သူမဟာ မန်နေဂျာဖြစ်သူ  Brandon Blackstock နဲ့ လက်ထပ်ခဲ့ပြီး River Rose လို့ အမည်ရတဲ့ တစ်နှစ်အရွယ် သမီးတစ်ဦးထွန်းကားခဲ့ပါသေးတယ်။

Kelly မှာ နောက်ထပ်ရင်သွေးတစ်ယောက် ထပ်လွယ်ထားရတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi

No comments:

Post a Comment