Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 19, 2015

အိမ်ထောင်ရေးကွာရှင်းထားတဲ့ Jennifer Garner ကို Jennifer Aniston က နှစ်သိမ့်အားပေး





ဟောလီးဝုဒ် မင်းသမီး Jennifer Garner ဟာ ဒီနှစ်နွေရာသီမှာ Ben Affleck နဲ့ ကွာရှင်း ပြတ်စဲ ခဲ့ပြီးတဲ့နောက် သူမရဲ့ သူငယ်ချင်း တစ်ယောက် က နှစ်သိမ့်အားပေးမှု ကို ခံခဲ့ရပါတယ်။

အခြား ဟောလီးဝုဒ် မင်းသမီး တစ်ယောက်ဖြစ်တဲ့ Jennifer Aniston ဟာ သူမရဲ့ သူငယ်ချင်းဖြစ်သူ Jennifer Garner ရဲ့ ခက်ခဲတဲ့ အချိန်တွေမှာ ထောက်ပံ့မှု တွေ ပြုလုပ်ပေးနေတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

Radar Online သတင်းဌာနကို သတင်းအရင်းအမြစ် တစ်ယောက် က ပြောကြားခဲ့တာကတော့ "သူမတို့ ၂ ယောက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က အော်စကာ ပွဲမှာ စတင်တွေ့ဆုံခဲ့ကြပြီး ကမ္ဘာမှာ အကျော်ကြားဆုံး Jennifer ၂ ယောက် အဖြစ် ခင်မင်သွားကြပါတယ်။ အခုလည်း Jennifer Garner နဲ့ Ben Affleck တို့ ကွာရှင်းလိုက်တဲ့အခါမှာ Jennifer Aniston ဟာ Jen ဆီကို ပန်းတွေနဲ့ ၀ိုင်ပုလင်းတွေ ပေးပို့ပြီး သူမဟာ Jen အတွက် အသင့်ရှိတဲ့အကြောင်းပြောပြပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။

Jennifer Garner ဟာ Ben Affleck နဲ့ ၁၀ နှစ်ခန့် လက်ထပ်ခဲ့ပေမယ့်လည်း သူမ မိသားစု ရဲ့ ကလေးထိန်း တစ်ယောက်ဖြစ်တဲ့ Chrsitine Ouzounian နဲ့ Ben Affleck တို့ ဖောက်ပြန်ခဲ့ကြတဲ့အတွက် သူမရဲ့ အနီးဆုံး လူ ၂ ယောက်ရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Jennifer Aniston အနေနဲ့လည်း Jennifer Garner ရဲ့ ခံစားချက်ကို နားလည်နိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ Jennifer Aniston ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Brad Pitt ဟာ Angelina Jolie နဲ့ ချစ်ကြိုက်သွားတဲ့အတွက် သူမကို ထားခဲ့လို့ပါ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment