Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 13, 2015

ISIS စစ်သွေးကြွ အဖွဲ့ ကို အယ်လ်ကိုင်ဒါ ခေါင်းဆောင် ဝေဖန်ရှုတ်ချ

Al Qaeda's new leader, Egyptian Ayman al-Zawahiri,

လန်ဒန် ၊ ၁၄-၉-၂၀၁၅

အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ISIS စစ်သွေးကြွ အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းမည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း အယ်လ်ကိုင်ဒါ ခေါင်းဆောင် အေမန်အယ်လ် ဇာဝါဟီရီ က ISIS ခေါင်းဆောင် အဘူ ဘာကာအယ်လ် ဘဂ္ဂဒါဒီ ကို ဝေဖန်ရှုတ် ချ ခဲ့ပြီး ၄င်းသည် မွတ်စလင် အားလုံး၏ ခေါင်းဆောင် မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။

နိုင်ငံကို အကြည်ညို ပျက်အောင် ပြုလုပ်သူ တစ်ဦးအဖြစ် ISIS ခေါင်းဆောင် ဘဂ္ဂဒါဒီ အား စွပ်စွဲထားသည့် စာတစ်စောင် ကို ဇာဝါဟီရီ က အွန်လိုင်း ပေါ်တွင် ထုတ်ပြန် ခဲ့ကြောင်း Mirror သတင်းဌာနမှ ထုတ်ဖော် ပြောကြားသည်။

အစ္စလာမ်မစ် သမိုင်းတွင် လေးကြိမ်မြောက် အစ္စလာမ်မစ် နိုင်ငံတော်အသစ် ထူထောင်သည် ဟူသော ISIS စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင်၏ ကြေညာချက်နှင့် ပတ်သက်၍ လူအများအပြား အံ့အားသင့် ခဲ့ရကြောင်း အဆိုပါ စာတွင် အယ်လ်ကိုင်ဒါ ခေါင်းဆောင် ဇာဝါဟီရီ က ရေးသား ဖော်ပြထားသည်။

မိမိတို့ အယ်လ်ကိုင်ဒါ အဖွဲ့အနေဖြင့် ISIS စစ်သွေးကြွ အဖွဲ့ကို အသိအမှတ် မပြုကြောင်း၊ သို့သော် ဆီးရီးယားနိုင်ငံ သို့မဟုတ် အီရတ်နိုင်ငံ၌ မိမိတို့အဖွဲ့ ရှိနေပါက ၄င်းတို့အား အသိအမှတ် မပြုသော်လည်း လောကီ သီးသန့် ဝါဒီသမားများ၊ ရှီးယိုက်များ နှင့် ဘာသာရေး စစ်ပွဲများ ပြုလုပ်ရာတွင် ပူးပေါင်းမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment