Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 16, 2015

ISIS အဖွဲ့၏ ဝါဒဖြန့်ဗီဒီယိုကို ကြည့်ရှုပြီးနောက် သမီးဖြစ်သူက မိခင်ကိုဓားဖြင့်ထိုးမှု ဒိန်းမတ်တွင် ဖြစ်ပွား



မိခင်ဖြစ်သူအား ဓားဖြင့်ထိုးသတ်သူ လီဆာဘော့ခ်ျ

ကိုပင်ဟေဂင် ၊ ၁၆-၉-၂၀၁၅

ISIS အဖွဲ့၏ ဗြိတိန်နိုင်ငံသား နှစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဝါဒဖြန့်ဗီဒီယိုကို ကြည့်ရှုပြီး နောက် ဒိန်းမတ်နိုင်ငံတွင် ဆယ်ကျော်သက် သမီးဖြစ်သူက မိခင်ကို မီးဖိုချောင်သုံး ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ZEE News သတင်းဌာနက စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြထားသည်။

အသက် ၁၅ နှစ်အရွယ်ရှိ လီဆာဘော့ခ်ျ ဆိုသူ (ပုံ) သမီးငယ်နှင့် ၄င်း၏ချစ်သူ အသက် ၂၉ နှစ်အရွယ်ရှိ ဘက်ခ်တီယာ မိုဟာမက် အဗ္ဗဒူလာ တို့သည် မိခင် တီနာရိုမား ဟိုလ်တီဂါ့တ် အား ဗစ်ဆယ်ကျေးရွာ ရှိ ၄င်း၏ နေအိမ်၌ပင် ဓားဖြင့်အချက် ၂ဝ ထိုးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လီဆာသည် မိခင်အားဓားဖြင့် ထိုးပြီးနောက် ချစ်သူ အဗ္ဗဒူလာ နှင့်အတူ ဆီးရီးယားသို့ သွားရောက်၍ ISIS စစ်သွေးကြွ အဖွဲ့သို့ ဝင်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လီဆာ ကို လူသတ်မှုဖြင့် ထောင်ဒဏ် ကိုးနှစ် ချမှတ်ထားကြောင်း နှင့် အဗ္ဗဒူလာ ကို ထောင်ဒဏ် ၁၃ နှစ် သို့မဟုတ် ပြည်နှင်ဒဏ် ချမှတ်ထားကြောင်း တရားရုံးက ပြောကြားသည်။

လီဆာ သည် အဗ္ဗဒူလာ နှင့်မတွေ့ဆုံ မီတွင် အမည် မဖော်လိုသူ အစ္စလာမ် အမျိုးသား တစ်ဦးနှင့် ချစ်ကြိုက်ခဲ့ကြောင်း စုံစမ်းစစ်ဆေး မှုများအရ သိရသည်။ ထို့အပြင် လီဆာသည် မိခင်ကိုဓားဖြင့် ထိုးပြီးနောက် ရဲတပ်ဖွဲ့သို့ ဖုန်းဆက် အကြောင်းကြား ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ လာချိန်တွင် ၄င်း၏ ကွန်ပျူတာအား ဆက်လက် အသုံးပြုနေဆဲ ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင် များကို သွေးအေးစွာပင် ပြန်လည် ဆက်ဆံ ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment