Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 14, 2015

ဗြိတိန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက်အီးမေးလ် များကို ISIS ဟက်ကာများ ထိုးဖောက်

The Headquarters of the GCHQ

လန်ဒန် ၊ ၁၄-၉-၂၀၁၅

ISIS စစ်သွေးကြွ အဖွဲ့မှ ဟက်ကာ များသည် ဗြိတိန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက် အီးမေးလ် များကို ထိုးဖောက် ဝင်ရောက် ခဲ့ကြောင်း IANS သတင်းဌာန က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန် ထားသည်။

အဆိုပါ ထိုးဖောက်မှုကို အစိုးရ ဆက်သွယ်ရေး ဌာနချုပ် GCHQ က ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း Mirror Online သတင်း ဌာနက ထုတ်ပြန် ထားသည်။

ISIS အကြမ်းဖက် သမားများသည် ပြည်ထဲရေးဝန်ကြီး ထရီဆာ အပါအဝင် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အစိုးရ အဖွဲ့မှ ထိပ်တန်း ဝန်ကြီးများ၏ သတင်း အချက်အလက် များကို ပစ်မှတ် ထားလျက် ရှိကြောင်း ထောက်လှမ်းရေး အဖွဲ့၏ စုံစမ်း စစ်ဆေးမှု အရ သိရသည်။

သို့သော် ISIS အကြမ်းဖက် သမားများသည် အဆိုပါ ဟက်ကာ တိုက်ခိုက်မှု အတွင်း မည်သည့် သတင်း အချက်အလက် များ ရရှိသွား ကြောင်းကို အတိအကျ မသိရသေးဟု GCHQ က ပြောကြား ထားသည်။

ယခုအခါ ဗြိတိန် အစိုးရသည် ၄င်းတို့၏ အီးမေးလ် လျှို့ဝှက်နံပါတ် များကို ပြောင်းလဲခြင်း အပါအဝင် သတင်း အချက်အလက် များကို လုံခြုံရေးများ တင်းကျပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

 ISIS hackers violated top secret British Government emails

#PyiChitThar

No comments:

Post a Comment