Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

လူမႈကြန္ယက္ေပၚ IS အဖြဲ႔ သတင္း ထုတ္ျပန္မႈ ေလ်ာ့က်

IS အစၥလာမ္မစ္ စစ္ေသြးႂကြအဖြဲ႔၊
 လြန္ခဲ့တဲ့ လအနည္းငယ္အတြင္း IS အစၥလာမ္မစ္ စစ္ေသြးႂကြအဖြဲ႔က လူမႈကြန္ယက္ေတြေပၚမွာ ထုတ္ျပန္တဲ့ သတင္းအခ်က္အလက္ေတြ သိသိသာသာ ေလ်ာ့က်လာတယ္လုိ႔ အေမရိကန္ႏုိင္ငံျခားေရးဌာန အရာရွိတဦးက ေျပာပါတယ္။

အခုလုိ အရွိန္ေလ်ာ့က်လာတာဟာ ကမၻာတလႊား လူမႈကြန္ယက္ေတြေပၚ IS အဖြဲ႔ရဲ႕ သတင္းအခ်က္အလက္ေတြကုိ တန္ျပန္ ထုတ္ျပန္မႈေတြက တျဖည္းျဖည္းနဲ႔ အသာစီး ရလာေနတဲ့ အတြက္ ျဖစ္ႏုိင္တယ္လုိ႔ သူထင္ေၾကာင္း ႏုိင္ငံျခားေရးဌာန လူမႈ ဆက္ဆံေရးနဲ႔ ျပည္သူ႔ေရးရာ အေမရိကန္ လက္ေထာက္ႏုိင္ငံျခားေရး၀န္ႀကီး Richard Stengel က အဲဒီလုိ ေျပာၾကားလုိက္တာပါ။

IS အဖြဲ႔ဟာ လူမႈကြန္ယက္ေတြကုိ ထိေရာက္စြာ အသုံးျပဳႏုိင္တဲ့ အဖဲြ႔ျဖစ္ပါတယ္။ IS အဖြဲ႔က လူမႈကြန္ယက္ေတြကတဆင့္ ထုတ္ျပန္တဲ့ ေခါင္းျဖတ္သတ္ျဖတ္မႈေတြ၊ မီးရႈိ႕ သတ္ျဖတ္မႈေတြကုိ အမ်ားစုက သတိထားမိၾကေပမယ့္ IS အဖြဲ႔ကုိ ေထာက္ခံတဲ့ ၀ါဒျဖန္႔ခ်ိေရး လုပ္ငန္းေတြနဲ႔ အစၥလာမ္က်မ္းစာကုိ ဘာသာ ျပန္ဆုိ ထုတ္လႊင့္မႈေတြ ကုိေတာ့ အမ်ားစုက သိပ္သတိထားမိၾကမွာ မဟုတ္ပါဘူး။

အခုခ်ိန္ထိေတာ့ အေမရိကန္ျပည္ေထာင္စုနဲ႔ တျခားႏုိင္ငံေတြအေနနဲ႔ IS အဖြဲ႔နဲ႔ယွဥ္ၿပီး သတင္းအခ်က္အလက္ေတြကုိ ထုန္ျပန္ႏုိင္ျခင္း မရွိေသးပါဘူး။

လူမႈကြန္ယက္ေတြေပၚမွာ IS အဖြဲ႔ကုိ ဆန္႔က်င္တဲ့ သတင္းအခ်က္အလက္ေတြ ထုတ္ျပန္မႈ အရွိန္ရလာေနတယ္ဆုိတဲ့အေပၚလႊတ္ေတာ္အမတ္တခ်ဳိ႕က လက္မခံတာဟာ အာရပ္ဘာသာစကားနဲ႔ IS ဆန္႔က်င္ေရး သတင္း အခ်က္အလက္ေတြ လူမႈကြန္ယက္အေပၚမွာ ဘယ္ေလာက္ ျပန္႔ႏွံ႔ေနတယ္ဆုိတာ သူတုိ႔ မသိၾကေသးလုိ႔ ေျပာေနတာျဖစ္တယ္လုိ႔ Stengel က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............................................................................

 IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့၊
 လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က လူမှုကွန်ယက်တွေပေါ်မှာ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေ သိသိသာသာ လျော့ကျလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။

အခုလို အရှိန်လျော့ကျလာတာဟာ ကမ္ဘာတလွှား လူမှုကွန်ယက်တွေပေါ် IS အဖွဲ့ရဲ့ သတင်းအချက်အလက်တွေကို တန်ပြန် ထုတ်ပြန်မှုတွေက တဖြည်းဖြည်းနဲ့ အသာစီး ရလာနေတဲ့ အတွက် ဖြစ်နိုင်တယ်လို့ သူထင်ကြောင်း နိုင်ငံခြားရေးဌာန လူမှု ဆက်ဆံရေးနဲ့ ပြည်သူ့ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Richard Stengel က အဲဒီလို ပြောကြားလိုက်တာပါ။

IS အဖွဲ့ဟာ လူမှုကွန်ယက်တွေကို ထိရောက်စွာ အသုံးပြုနိုင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ IS အဖွဲ့က လူမှုကွန်ယက်တွေကတဆင့် ထုတ်ပြန်တဲ့ ခေါင်းဖြတ်သတ်ဖြတ်မှုတွေ၊ မီးရှို့ သတ်ဖြတ်မှုတွေကို အများစုက သတိထားမိကြပေမယ့် IS အဖွဲ့ကို ထောက်ခံတဲ့ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေနဲ့ အစ္စလာမ်ကျမ်းစာကို ဘာသာ ပြန်ဆို ထုတ်လွှင့်မှုတွေ ကိုတော့ အများစုက သိပ်သတိထားမိကြမှာ မဟုတ်ပါဘူး။

အခုချိန်ထိတော့ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေအနေနဲ့ IS အဖွဲ့နဲ့ယှဉ်ပြီး သတင်းအချက်အလက်တွေကို ထုန်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

လူမှုကွန်ယက်တွေပေါ်မှာ IS အဖွဲ့ကို ဆန့်ကျင်တဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်မှု အရှိန်ရလာနေတယ်ဆိုတဲ့အပေါ်လွှတ်တော်အမတ်တချို့က လက်မခံတာဟာ အာရပ်ဘာသာစကားနဲ့ IS ဆန့်ကျင်ရေး သတင်း အချက်အလက်တွေ လူမှုကွန်ယက်အပေါ်မှာ ဘယ်လောက် ပြန့်နှံ့နေတယ်ဆိုတာ သူတို့ မသိကြသေးလို့ ပြောနေတာဖြစ်တယ်လို့ Stengel က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment