Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 14, 2015

၁၂ လ တစ်ကြိမ် iPhone အသစ် တစ်လုံး လဲကိုင်နိုင်မယ့် AppleCare+ အစီအစဉ်အသစ်

သင်ဝယ်ယူထားတဲ့ iPhone ဟာ ကျိုးပဲ့ ပျက်စီးသွားတာမျိုး ၊ ထိခိုက်သွားတာမျိုးတွေအတွက် ဖုန်း အသစ်တစ်လုံးနဲ့ လဲလှယ်ပေးတဲ့ AppleCare+ ဆိုတဲ့ ၀န်ဆောင်မှုဟာ iPhone 6 အတွက်တုန်းကတော့ ၁ နှစ်ကို ဒေါ်လာ ၁၀၀ ကျသင့်ခဲ့ပါတယ်။

ဒါပေမယ့် အခုအသစ်ထပ်မံ ထုတ်လုပ်လိုက်တဲ့ iPhone 6s နဲ့ 6s Plus တို့အတွက်တော့ AppleCare+ ရဲ့ ၁ နှစ်တာ ၀န်ဆောင်ခမှာ ဒေါ်လာ ၁၃၀ ဖြစ်ပါတယ်။ ဒါ့အပြင် မတော်တဆ ထိခိုက်မှု တွေအတွက် ၀န်ဆောင်ခကိုလည်း iPhone 6 အတွက်တုန်းက ဒေါ်လာ ၈၀ ပဲ ကျသင့်ခဲ့ရာကနေ iPhone 6s နဲ့ 6s Plus တို့မှာတော့ ဒေါ်လာ ၁၀၀ အထိ ပြန်လည်ကျသင့်ခဲ့ပါတယ်။

"iPhone တိုင်းဟာ ၁ နှစ်တာ စက်ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းဖို့ သတ်မှတ် အာမခံချက်ပါရှိပြီး ရက်ပေါင်း ၉၀ အထိ အသေးစိတ် ပြုပြင် စောင့်ရှောက်မှု တွေလုပ်ပေးပါတယ်။ AppleCare+ ကတော့ သင်ဝယ်တဲ့နေ့ကစပြီး ၂ နှစ်အထိ အာမခံချက်ကို တိုးပေးမှာ ဖြစ်သလို မတော်တဆ ထိခိုက်မှု တွေအတွက်လည်း iPhone 6 အတွက် ၇၉ဒေါ်လာ ၊ iPhone 6s နဲ့ iPhone 6s Plus တို့အတွက် ၉၉ဒေါ်လာ ကျသင့်မှာ ဖြစ်တယ်" လို့ Apple က ထုတ်ပြန်ကြေညာထားပါတယ်။

iPhone 6s နဲ့ 6s Plus တို့ကို မိတ်ဆက်ပြသခဲ့တဲ့ အခမ်းအနားမှာလည်း Apple က AppleCare+ ပါဝင်တဲ့ iPhone upgrade အစီအစဉ်တစ်ခုကို ချပြခဲ့ကြပါတယ်။

ထို အစီအစဉ်အရတော့ သုံးစွဲသူတွေဟာ နှစ်စဉ် iPhone အသစ်လဲလှယ်နိုင်မယ့် အခွင့်အရေး ရရှိမှာဖြစ်ပြီး 16GB iPhone 6s တွေအတွက် တစ်လ ကို ၃၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး 128 GB ရှိတဲ့ iPhone 6s Plus အတွက်တော့ ၄၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ၁၂ လ ပြည့်တဲ့အခါမှာ သုံးစွဲသူတွေဟာ အသစ်စက်စက် iPhone တစ်လုံးကို ရယူနိုင်မှာ ဖြစ်ပြီး ထို အစီအစဉ်ကို အစကနေ ပြန်စလို့ ရနိုင်မှာ ဖြစ်ပါတယ်။

( Mario )

No comments:

Post a Comment