Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

သံုးစြဲသူ သန္း ၄၀၀ အထိ ရွိလာတဲ့ Instagram



ဓါတ္ပံု ေ၀မွ်တဲ့ လူမႈကြန္ရက္ တစ္ခုျဖစ္တဲ့ Instagram ဟာ ၉ လအတြင္း သံုစြဲသူ သန္း ၁၀၀ Sign Up 
လုပ္ခဲ့ၿပီးတဲ့ေနာက္မွာ ကမာၻတစ္၀ွမ္းက သံုးစြဲသူ သန္း ၄၀၀ အထိ ရွိလာခဲ့ပါတယ္။

ဆန္ဖရန္ ဆစၥကို မွာ အေျခခ်တဲ့ Photo App ဟာ လြန္ခဲ့တဲ့ ၅ ႏွစ္၀န္းက်င္က စတင္ေပၚေပါက္လာတာ
 ျဖစ္ၿပီး ၂၀၁၂ ခုႏွစ္မွာေတာ့ Facebook ကုမၼဏီက ေဒၚလာ ၁ ဘီလီယံ နဲ႔ ၀ယ္ယူခဲ့တာျဖစ္ပါတယ္။ 
အခုခ်ိန္မွာေတာ့ ကမာၻေက်ာ္ အႏုပညာရွင္ေတြျဖစ္တဲ့ David Beckham ၊ Caitlyn Jenner တို႔အပါအ၀င္ 
သံုးစြဲသူသန္းေပါင္း မ်ားစြာ ရဲ႕ ဓါတ္ပံု သန္း ၈၀ ေက်ာ္ကို ေန႔စဥ္ ေ၀မွ် ေနၾကပါတယ္။

မႏွစ္က ဒီဇင္ဘာလ မွာစတင္ၿပီး သံုးစြဲသူ အသစ္ သန္း ၁၀၀ ခန္႔ ဟာ Instagram ကို စတင္ အသံုးျပဳ
လာခဲ့ၾကၿပီး ၄ပံု ၃ ပံုဟာ အေမရိက ျပင္ပက ျဖစ္ပါတယ္။ ဥေရာပ နဲ႔ အာရွ က သံုးစြဲသူအသစ္ေတြဟာ 
Instagram ကို စတင္အသံုးျပဳလာၾကတာျဖစ္ၿပီး ဘရာဇီးလ္ ၊ ဂ်ပန္ နဲ႔ အင္ဒိုနီးရွား တို႔ဟာ စတင္ 
အသံုးျပဳမႈ အမ်ားဆံုးႏိုင္ငံေတြပဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ Facebook နဲ႔ Facebook  ပိုင္ဆိုင္တဲ့ App ေတြအားလံုးဟာ သံုးစြဲသူ အေရအတြက္ 
အမ်ားဆံုး လူမႈကြန္ရက္ေတြျဖစ္ေနၾကပါတယ္။ Twitter ဟာ ၂၀၁၄ ႏွစ္ကုန္ အထိ သံုးစြဲသူ ၂၈၂ သန္း 
သာ ရွိပါတယ္။ အဲဒီအခ်ိန္မွာ Facebook ကေတာ့ ေန႔စဥ္သံုးစြဲသူ ၁.၄၉ ဘီလီယံ ရွိေနၿပီ။ WhatsApp 
ကေတာ့ လစဥ္ သံုးစြဲသူ သန္း ၆၀၀ အထိ ရွိေနပါၿပီ။

Instagram ကို ၂၀၁၀ ခုႏွစ္မွာ Mr Systrom နဲ႔ Mike Krieger တို႔ကဖန္တီးခဲ့ကာ ၂၀၁၀ ၊ ေအာက္တို
ဘာလ မွာ စတင္ အသံုးျပဳခြင့္ေပးခဲ့တာပဲ ျဖစ္ပါတယ္။

( Mario )

#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com

Ref : Mirror
...................................
သုံးစွဲသူ သန်း ၄၀၀ အထိ ရှိလာတဲ့ Instagram

ဓါတ်ပုံ ဝေမျှတဲ့ လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ Instagram ဟာ ၉ လအတွင်း သုံစွဲသူ သန်း ၁၀၀ Sign Up 
လုပ်ခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူ သန်း ၄၀၀ အထိ ရှိလာခဲ့ပါတယ်။

ဆန်ဖရန် ဆစ္စကို မှာ အခြေချတဲ့ Photo App ဟာ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်က စတင်ပေါ်ပေါက်လာတာ
 ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ Facebook ကုမ္မဏီက ဒေါ်လာ ၁ ဘီလီယံ နဲ့ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ 
အခုချိန်မှာတော့ ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်တဲ့ David Beckham ၊ Caitlyn Jenner တို့အပါအဝင် 
သုံးစွဲသူသန်းပေါင်း များစွာ ရဲ့ ဓါတ်ပုံ သန်း ၈၀ ကျော်ကို နေ့စဉ် ဝေမျှ နေကြပါတယ်။

မနှစ်က ဒီဇင်ဘာလ မှာစတင်ပြီး သုံးစွဲသူ အသစ် သန်း ၁၀၀ ခန့် ဟာ Instagram ကို စတင် အသုံးပြု
လာခဲ့ကြပြီး ၄ပုံ ၃ ပုံဟာ အမေရိက ပြင်ပက ဖြစ်ပါတယ်။ ဥရောပ နဲ့ အာရှ က သုံးစွဲသူအသစ်တွေဟာ 
Instagram ကို စတင်အသုံးပြုလာကြတာဖြစ်ပြီး ဘရာဇီးလ် ၊ ဂျပန် နဲ့ အင်ဒိုနီးရှား တို့ဟာ စတင် 
အသုံးပြုမှု အများဆုံးနိုင်ငံတွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Facebook နဲ့ Facebook  ပိုင်ဆိုင်တဲ့ App တွေအားလုံးဟာ သုံးစွဲသူ အရေအတွက် 
အများဆုံး လူမှုကွန်ရက်တွေဖြစ်နေကြပါတယ်။ Twitter ဟာ ၂၀၁၄ နှစ်ကုန် အထိ သုံးစွဲသူ ၂၈၂ သန်း 
သာ ရှိပါတယ်။ အဲဒီအချိန်မှာ Facebook ကတော့ နေ့စဉ်သုံးစွဲသူ ၁.၄၉ ဘီလီယံ ရှိနေပြီ။ WhatsApp 
ကတော့ လစဉ် သုံးစွဲသူ သန်း ၆၀၀ အထိ ရှိနေပါပြီ။

Instagram ကို ၂၀၁၀ ခုနှစ်မှာ Mr Systrom နဲ့ Mike Krieger တို့ကဖန်တီးခဲ့ကာ ၂၀၁၀ ၊ အောက်တို
ဘာလ မှာ စတင် အသုံးပြုခွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment