Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, September 20, 2015

High-priced election ေစ်းၾကီးလြန္းတဲ့ ေရြးေကာက္ပြဲ

၁၉၆၂ တံုးက အာဏာသိမ္းခဲ့တဲ့ ဗိုလ္ခ်ဳပ္ေနဝင္းေခတ္မွာ ႏိုင္ငံတကာေၾက့းစုစုေပါင္း ေဒၚလာ ၅ ဘီလီယန္တင္ခဲ့တယ္။ ၁၉၈၈ မွာ (နဝတ) တက္လာေတာ့ ၂ဝ၁၁ အထိ ေနာက္ထပ္အေၾကြး ၃ ဘီလီယန္တင္ျပန္တယ္။ ဦးသိန္းစိန္အစိုးရ လက္ထက္မွာ ၁ ဘီလီယန္နီးပါးအေၾကြးထပ္ယူတယ္။ အခုဆိုရင္ အေၾကြးစုစုေပါင္းဟာ ၉႕၆ လီလီယန္အထိရွိလာျပီ။ ၄ ဘီလီယန္ (၄၂%) က တရုပ္ဆီကေနေခ်းထားတာျဖစ္တယ္။ တရုပ္ကိုေပးေနရတဲ့ အတိုးႏွဳန္းက ၄႕၅% ျဖစ္တယ္။ ႏိုင္ငံတကာမွာ အဲလိုအေၾကြးကို အတိုးႏွဳန္း ၁% ကေန ၂% သာေပးရတယ္။ ႏွစ္စဥ္ အတိုးသက္သက္ သန္း ၁၈ဝ ေပးေနရတယ္။

ျမန္မာႏိုင္ငံျခားကုန္သြယ္ေရးဘဏ္ (MFTB) ကေန သမဝါယမဝန္ၾကီးဌာနကိုယ္စား၊ တရုပ္ Exim Bank ကေန ေဒၚလာ သန္း ၃ဝဝ ကို လႊတ္ေတာ္ၾကိဳတင္အတည္ျပဳခ်က္မပါပဲ ေခ်းယူဘို႔ ၁၄-၁၁-၂ဝ၁၄ ေန႔က လက္မွတ္ထိုးျပီး၊ ၂၅-၂-၂ဝ၁၅ ေန႔ ေရာက္မွသာ လႊတ္ေတာ္ကိုတင္ခဲ့တယ္။ အဲဒီအဆိုကို သမဝါယမဝန္ၾကီးဦးေက်ာ္ဆန္းကတင္တယ္။ NLD အမတ္ေတြက ကန္႔ကြက္ေပမယ့္ အတည္ျပဳတယ္။ အဲဒီေငြကို ေတာင္သူလယ္သမားေတြကို ေခ်းေပးမယ္လို႔ ဆိုတယ္။ အတိုးႏွဳန္းက ၄႕၅% ျဖစ္တယ္။ လႊတ္ေတာ္ကေန အတည္ျပဳခဲ့တယ္။

ေနာက္ထပ္ေခ်းေငြနဲ႔ပါဆိုရင္ တရုပ္ဆီကေခ်းယူးထားတာ သန္း ၇ဝဝ ရွိတယ္။ ႏိုင္ငံတကာေခ်းေငြအမ်ားစုဟာ အတိုးမဲ့ျဖစ္ျဖစ္ ႏွစ္ ၄ဝ ၾကာ ဆပ္ႏိုင္တာအထိရွိတယ္။ သမဝန္ၾကီးဌာနရဲ႕ သန္း ၁ဝဝ ဟာ ၂ ႏွစ္ဆိုင္း၊ ၁ဝ ႏွစ္ဆပ္ရမွာ ျဖစ္တယ္။ အဲတာေၾကာင့္ တရုပ္ကိုေပးေနရတဲ့အတိုးဟာ ႏွစ္စဥ္ ၁၃႕၅ သန္းျဖစ္တယ္။

အတိုးႏွဳန္းက မ်ားတာအျပင္ တရုပ္ကေနျခည္ထားတဲ့ၾကိဳးတခုက တရုပ္ပစၥည္းသာဝယ္သံုးရမယ္တဲ့။ ေစ်းႏွဳန္းကလည္း တရုပ္ေတာင္သလိုေပးရမယ္တဲ့။ အစိုးရစက္မႈဝန္ၾကီးဌာနေအာက္က စက္ရံုေတြလည္ပတ္ႏိုင္ေအာင္ တရုပ္ဆီက အေၾကြးယူထားၾကတယ္။ အေၾကြးေတြ မေက်ေသးဘူး။ ဒါေၾကာင့္ အေၾကြးယူလို႔ အက်ိဳးေက်းဇူးမခံစားရပါ။ အစိုးရသစ္ တက္လာေတာ့ တျခားႏိုင္ငံေတြလို တရုပ္ဟာ အစိုးရသစ္တက္လာစဥ္က အေၾကြးေလွ်ာ္ေပးတာ မရွိခဲ့ပါ။

ေငြလဲလွယ္ႏွဳန္းကေနလည္း အဆိုးကိုပိုဆိုးေစေနပါေသးတယ္။ Exim bank ကယူတဲ့သန္း ၁ဝဝ ကို MFTB ကအရင္ရျပီး ျမန္မာ့စီးပြါးေရးဘဏ္ (MEB) ဆီကို က်ပ္ေငြနဲ႔ေရာက္တယ္။ က်ပ္ ၉၇ ဘီလီယန္ျဖစ္တယ္။ ဝန္ၾကီးဌာနေကန တရုပ္ကို ျပန္ဆပ္ရင္ ေဒၚလာနဲ႔ဆပ္ရမယ္။ လက္ရွိေပါက္ေစ်းက ၁ဝ၄၃ က်ပ္ျဖစ္လို႔ ၁ဝ၄ ဘီလီယန္ ဆပ္ရမယ့္သေဘာျဖစ္တယ္။

ဦးေက်ာ္ဆန္းအေနနဲ႔ အဲဒီအရွံဳးကို တြက္ဆမိရဲ႕လား၊ ဘယ္လိုေျဖရွင္းမလည္းကိုပါ ေျဖရလိမ့္မယ္။ တကယ္လို႔ သမဝန္ၾကီးဌာနကေန အေၾကြးမေပးႏိုင္ရင္ ဒီဝန္ထုပ္ဝန္ပိုးၾကီးက လူထုအေပၚက်ေရာက္မယ္။ အခြန္ေငြနဲ႔ဆပ္ဘို႔လုပ္မယ္။ ဘ႑ာေရးဝန္ၾကီး ဦးေမာင္ေမာင္သိန္းက ၂ဝ၁၄ စက္တဘၤာ ၁၄ ရက္ေန႔က လႊတ္ေတာ္မွာ ေျဖေတာ့ ျပည္သူလူထုဆီက ေကာက္တဲ့အခြန္ကေန အေၾကြးဆပ္ေနပါသတဲ့။

ေပါက္ထြက္လာတဲ့တသတင္းအရ အရင္စစ္အစိုးရဟာ အၾကီးစားအေျခခံအေဆာက္အံု တည္ေဆာင္ဘို႔ဆိုျပီး တရုပ္ဆီကေန ေဒၚလာ ဘီလီယန္ ၃ဝ ေခ်းယူဘို႔စီစဥ္ခဲ့တယ္။ အဲတာကို လူထုကသိခြင့္မရခဲ့ဘူး။ အတိုးႏွဳန္းလည္း မသိရဘူး။ လက္ရွိအစိုးရကလည္း လိႈ႕ဝွက္ထားတယ္။ တကယ္လို႔ အေၾကြးရတယ္သာဆိုရင္ တရုပ္ကို ႏွစ္စဥ္ အတိုးသက္သက္ စုစုေပါင္း ေဒၚလာ သန္း ၁၈ဝ ေပးေနရလိမ့္မယ္။

၂၅-၅-၂ဝ၁၅ ေန႔သတင္းအရ ဦးေက်ာ္ဆန္းကတရုပ္ဆီကေခ်းေငြနဲ႔ တိုင္းျပည္တခုလံုးက လူသစ္ေတြကို ေမလနဲ႔ ဇြန္လထဲမွာ ေငြထုတ္ေခ်းလို႔ဆိုပါတယ္။ က်ပ္ေငြ ၉၂၇ဝ၅႕၄ဝ၉ သန္းျဖစ္တယ္။ လူေဟာင္းေတြအတြက္ က်ပ္ေငြ ၇ဝ၅၂၇႕၈၉ သန္းျဖစ္ပါမယ္တဲ့။ အဲဒီအေၾကြးကို ဦးေက်ာ္ဆန္းက ေရြးေကာက္ပြဲအတြက္ သံုးေနတာေတြ႔လာရတယ္။ လယ္သမားေတြကို အမေတာ္ေၾကးဆိုျပီး ေခ်းေပးတယ္။ ျပည္ခိုင္ျဖိဳးအတြက္ ျမိဳ႕နယ္ေပါင္း ၂၅ဝ မွာ တရုပ္ဆီက အဲလို ေခ်ယူထားတဲ့ေငြေတြကို အသံုးခ်တယ္။

လႊတ္ေတာ္မွာ ေဒၚခင္ေမႊးလြင္၊ ေဒၚခင္စန္းလိႈင္နဲ႔ ဦးဝင္းျမင့္တို႔က ကန္႔ကြက္ေဆြးေႏြးခဲ့ပါတယ္။ ဦးေက်ာ္ဆန္းကခုခံတယ္။ သူေျပာတာက သန္း ၂၂ဝ ကို လူသစ္ေတြနဲ႔ သန္း ၅ဝ ကို လူေဟာင္းေတြကို ေခ်းေပးမယ္၊ သန္း ၃ဝ ကို လယ္ယာသံုး စက္ေတြ ဝယ္မယ္လို႔ဆိုပါတယ္။ ဦးေက်ာ္ဆန္းဟာ ပုလဲျမိဳ႕မယ္ မင္းတိုင္ပင္ရြာမွာလာျပီး ၂ဝ၁၅ မဲဆြယ္ပြဲတံုးက သူ႔ဝန္ၾကီးဌာနကေန ထြန္စက္ေတြေပးေၾကာင္း ထည့္ေျပာပါတယ္။

ဗိုလ္ေနဝင္း ေခ်းခဲ့တာေတြကို ဗိုလ္ခ်ဳပ္သန္းေရႊ မဆပ္ခဲ့ဘူး။ ဗိုလ္သန္းေရႊေခ်းတာကိုလည္း ဦးသိန္းစိန္အစိုးရက မဆပ္ဘူး။ အဲတာေၾကာင့္ ဗိုလ္ေနဝင္း + ဗိုလ္သန္းေရႊ + ဗိုလ္သိန္းစိန္ (ဗိုလ္ေက်ာ္ဆန္း) ေခ်းတာအားလံုးဟာ ေနာက္အစိုးရနဲ႔ ျပည္သူလူထုေခါင္းေပၚမွာ တာဝန္က်ေနျပီ။

၂ဝ၁၅ ေရြးေကာက္ပြဲဟာ အေတာ္ေစ်းၾကီးတယ္။ လုပ္ရက္သူေတြဟာ ဦးႏွာက္အေတာ္တိမ္လြန္းတယ္။ ရက္စက္တယ္။ ျပည္သူလူထုကို ဆင္းရဲတြင္း ပိုနက္ေစတယ္။ မဲေပးၾကအံုးမွာလား။

ေဒါက္တာတင့္ေဆြ
၁၉-၉-၂ဝ၁၅
.....................................................................
High-priced election စျေးကြီးလွန်းတဲ့ ရွေးကောက်ပွဲ


၁၉၆၂ တုံးက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းခေတ်မှာ နိုင်ငံတကာကြေ့းစုစုပေါင်း ဒေါ်လာ ၅ ဘီလီယန်တင်ခဲ့တယ်။ ၁၉၈၈ မှာ (နဝတ) တက်လာတော့ ၂ဝ၁၁ အထိ နောက်ထပ်အကြွေး ၃ ဘီလီယန်တင်ပြန်တယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ၁ ဘီလီယန်နီးပါးအကြွေးထပ်ယူတယ်။ အခုဆိုရင် အကြွေးစုစုပေါင်းဟာ ၉့၆ လီလီယန်အထိရှိလာပြီ။ ၄ ဘီလီယန် (၄၂%) က တရုပ်ဆီကနေချေးထားတာဖြစ်တယ်။ တရုပ်ကိုပေးနေရတဲ့ အတိုးနှုန်းက ၄့၅% ဖြစ်တယ်။ နိုင်ငံတကာမှာ အဲလိုအကြွေးကို အတိုးနှုန်း ၁% ကနေ ၂% သာပေးရတယ်။ နှစ်စဉ် အတိုးသက်သက် သန်း ၁၈ဝ ပေးနေရတယ်။

မြန်မာနိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB) ကနေ သမဝါယမဝန်ကြီးဌာနကိုယ်စား၊ တရုပ် Exim Bank ကနေ ဒေါ်လာ သန်း ၃ဝဝ ကို လွှတ်တော်ကြိုတင်အတည်ပြုချက်မပါပဲ ချေးယူဘို့ ၁၄-၁၁-၂ဝ၁၄ နေ့က လက်မှတ်ထိုးပြီး၊ ၂၅-၂-၂ဝ၁၅ နေ့ ရောက်မှသာ လွှတ်တော်ကိုတင်ခဲ့တယ်။ အဲဒီအဆိုကို သမဝါယမဝန်ကြီးဦးကျော်ဆန်းကတင်တယ်။ NLD အမတ်တွေက ကန့်ကွက်ပေမယ့် အတည်ပြုတယ်။ အဲဒီငွေကို တောင်သူလယ်သမားတွေကို ချေးပေးမယ်လို့ ဆိုတယ်။ အတိုးနှုန်းက ၄့၅% ဖြစ်တယ်။ လွှတ်တော်ကနေ အတည်ပြုခဲ့တယ်။

နောက်ထပ်ချေးငွေနဲ့ပါဆိုရင် တရုပ်ဆီကချေးယူးထားတာ သန်း ရဝဝ ရှိတယ်။ နိုင်ငံတကာချေးငွေအများစုဟာ အတိုးမဲ့ဖြစ်ဖြစ် နှစ် ၄ဝ ကြာ ဆပ်နိုင်တာအထိရှိတယ်။ သမဝန်ကြီးဌာနရဲ့ သန်း ၁ဝဝ ဟာ ၂ နှစ်ဆိုင်း၊ ၁ဝ နှစ်ဆပ်ရမှာ ဖြစ်တယ်။ အဲတာကြောင့် တရုပ်ကိုပေးနေရတဲ့အတိုးဟာ နှစ်စဉ် ၁၃့၅ သန်းဖြစ်တယ်။

အတိုးနှုန်းက များတာအပြင် တရုပ်ကနေခြည်ထားတဲ့ကြိုးတခုက တရုပ်ပစ္စည်းသာဝယ်သုံးရမယ်တဲ့။ စျေးနှုန်းကလည်း တရုပ်တောင်သလိုပေးရမယ်တဲ့။ အစိုးရစက်မှုဝန်ကြီးဌာနအောက်က စက်ရုံတွေလည်ပတ်နိုင်အောင် တရုပ်ဆီက အကြွေးယူထားကြတယ်။ အကြွေးတွေ မကျေသေးဘူး။ ဒါကြောင့် အကြွေးယူလို့ အကျိုးကျေးဇူးမခံစားရပါ။ အစိုးရသစ် တက်လာတော့ တခြားနိုင်ငံတွေလို တရုပ်ဟာ အစိုးရသစ်တက်လာစဉ်က အကြွေးလျှော်ပေးတာ မရှိခဲ့ပါ။

ငွေလဲလှယ်နှုန်းကနေလည်း အဆိုးကိုပိုဆိုးစေနေပါသေးတယ်။ Exim bank ကယူတဲ့သန်း ၁ဝဝ ကို MFTB ကအရင်ရပြီး မြန်မာ့စီးပွါးရေးဘဏ် (MEB) ဆီကို ကျပ်ငွေနဲ့ရောက်တယ်။ ကျပ် ၉၇ ဘီလီယန်ဖြစ်တယ်။ ဝန်ကြီးဌာနကေန တရုပ်ကို ပြန်ဆပ်ရင် ဒေါ်လာနဲ့ဆပ်ရမယ်။ လက်ရှိပေါက်စျေးက ၁ဝ၄၃ ကျပ်ဖြစ်လို့ ၁ဝ၄ ဘီလီယန် ဆပ်ရမယ့်သဘောဖြစ်တယ်။

ဦးကျော်ဆန်းအနေနဲ့ အဲဒီအရှုံးကို တွက်ဆမိရဲ့လား၊ ဘယ်လိုဖြေရှင်းမလည်းကိုပါ ဖြေရလိမ့်မယ်။ တကယ်လို့ သမဝန်ကြီးဌာနကနေ အကြွေးမပေးနိုင်ရင် ဒီဝန်ထုပ်ဝန်ပိုးကြီးက လူထုအပေါ်ကျရောက်မယ်။ အခွန်ငွေနဲ့ဆပ်ဘို့လုပ်မယ်။ ဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်သိန်းက ၂ဝ၁၄ စက်တင်္ဘာ ၁၄ ရက်နေ့က လွှတ်တော်မှာ ဖြေတော့ ပြည်သူလူထုဆီက ကောက်တဲ့အခွန်ကနေ အကြွေးဆပ်နေပါသတဲ့။

ပေါက်ထွက်လာတဲ့တသတင်းအရ အရင်စစ်အစိုးရဟာ အကြီးစားအခြေခံအဆောက်အုံ တည်ဆောင်ဘို့ဆိုပြီး တရုပ်ဆီကနေ ဒေါ်လာ ဘီလီယန် ၃ဝ ချေးယူဘို့စီစဉ်ခဲ့တယ်။ အဲတာကို လူထုကသိခွင့်မရခဲ့ဘူး။ အတိုးနှုန်းလည်း မသိရဘူး။ လက်ရှိအစိုးရကလည်း လှို့ဝှက်ထားတယ်။ တကယ်လို့ အကြွေးရတယ်သာဆိုရင် တရုပ်ကို နှစ်စဉ် အတိုးသက်သက် စုစုပေါင်း ဒေါ်လာ သန်း ၁၈ဝ ပေးနေရလိမ့်မယ်။

၂၅-၅-၂ဝ၁၅ နေ့သတင်းအရ ဦးကျော်ဆန်းကတရုပ်ဆီကချေးငွေနဲ့ တိုင်းပြည်တခုလုံးက လူသစ်တွေကို မေလနဲ့ ဇွန်လထဲမှာ ငွေထုတ်ချေးလို့ဆိုပါတယ်။ ကျပ်ငွေ ၉၂၇ဝ၅့၄ဝ၉ သန်းဖြစ်တယ်။ လူဟောင်းတွေအတွက် ကျပ်ငွေ ရဝ၅၂၇့၈၉ သန်းဖြစ်ပါမယ်တဲ့။ အဲဒီအကြွေးကို ဦးကျော်ဆန်းက ရွေးကောက်ပွဲအတွက် သုံးနေတာတွေ့လာရတယ်။ လယ်သမားတွေကို အမတော်ကြေးဆိုပြီး ချေးပေးတယ်။ ပြည်ခိုင်ဖြိုးအတွက် မြို့နယ်ပေါင်း ၂၅ဝ မှာ တရုပ်ဆီက အဲလို ချေယူထားတဲ့ငွေတွေကို အသုံးချတယ်။

လွှတ်တော်မှာ ဒေါ်ခင်မွှေးလွင်၊ ဒေါ်ခင်စန်းလှိုင်နဲ့ ဦးဝင်းမြင့်တို့က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ ဦးကျော်ဆန်းကခုခံတယ်။ သူပြောတာက သန်း ၂၂ဝ ကို လူသစ်တွေနဲ့ သန်း ၅ဝ ကို လူဟောင်းတွေကို ချေးပေးမယ်၊ သန်း ၃ဝ ကို လယ်ယာသုံး စက်တွေ ဝယ်မယ်လို့ဆိုပါတယ်။ ဦးကျော်ဆန်းဟာ ပုလဲမြို့မယ် မင်းတိုင်ပင်ရွာမှာလာပြီး ၂ဝ၁၅ မဲဆွယ်ပွဲတုံးက သူ့ဝန်ကြီးဌာနကနေ ထွန်စက်တွေပေးကြောင်း ထည့်ပြောပါတယ်။

ဗိုလ်နေဝင်း ချေးခဲ့တာတွေကို ဗိုလ်ချုပ်သန်းရွှေ မဆပ်ခဲ့ဘူး။ ဗိုလ်သန်းရွှေချေးတာကိုလည်း ဦးသိန်းစိန်အစိုးရက မဆပ်ဘူး။ အဲတာကြောင့် ဗိုလ်နေဝင်း + ဗိုလ်သန်းရွှေ + ဗိုလ်သိန်းစိန် (ဗိုလ်ကျော်ဆန်း) ချေးတာအားလုံးဟာ နောက်အစိုးရနဲ့ ပြည်သူလူထုခေါင်းပေါ်မှာ တာဝန်ကျနေပြီ။

၂ဝ၁၅ ရွေးကောက်ပွဲဟာ အတော်စျေးကြီးတယ်။ လုပ်ရက်သူတွေဟာ ဦးနှာက်အတော်တိမ်လွန်းတယ်။ ရက်စက်တယ်။ ပြည်သူလူထုကို ဆင်းရဲတွင်း ပိုနက်စေတယ်။ မဲပေးကြအုံးမှာလား။

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၅

No comments:

Post a Comment