Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

တ႐ုတ္သမၼတ Facebook သံုး

တ႐ုုတ္သမၼတ ရွီက်င္းပင္ရဲ႕ facebook အဖြင့္ စာမ်က္ႏွာ
 တ႐ုတ္ႏုိင္ငံသားေတြ Facebook လူမႈကြန္ယက္အသုံးျပဳမႈအေပၚ အစုိးရက ဆင္ဆာ ျဖတ္ေတာက္မႈေတြ ျပဳလုပ္ေနေပမယ့္လည္း သမၼတရွီက်င္းပင္ရဲ႕ အေမရိကန္ခရီးစဥ္ ျမႇင့္တင္ေရးအတြက္ သမၼတရွီက်င္းပင္ဟာ ဧရာမ လူမႈကြန္ယက္ႀကီးျဖစ္တဲ့ Facebook အဖြဲ႔ဝင္ျဖစ္လာခဲ့ပါတယ္။

သမၼတရွီက်င္းပင္ရဲ႕ Facebook ေပၚမွာ #XiUSAVisit လုိ႔ တံဆိပ္တပ္ထားၿပီး စီးပြားေရးလုပ္ငန္းရွင္ေတြအပါအဝင္ အိမ္ျဖဴေတာ္မွာ သမၼတ Barack Obama နဲ႔ေတြ႔ဆုံတာနဲ႔ ပန္ဒါဝက္ဝံေလးနဲ႔ ေတြ႔ဆုံတဲ့ ဓါတ္ပုံေတြ၊ ဗီြဒီယုိေတြကုိ တင္ထားပါတယ္။

 တ႐ုတ္ႏုိင္ငံအတြင္း ကမၻာလွည့္ခရီးသည္ေတြ အလာမ်ားတဲ့ေနရာေတြ၊ အေမရိကန္သမၼတ အိမ္ျဖဴေတာ္မွာ ညစာစားပြဲအေၾကာင္း ဗီြဒီယုိနဲ႔ အေမရိကန္ ခရီးစဥ္အတြင္း အေရးပါတဲ့ အေၾကာင္းအရာေတြကုိ မီးေမာင္းထုိး ေဖာ္ျပထားပါတယ္။

Facebook ေပၚမွာ တင္ထားတဲ့ အေၾကာင္းအရာေတြထဲမွာ တ႐ုတ္ - အေမရိကန္ ဆက္ဆံေရးအေၾကာင္း၊ တ႐ုတ္သမုိင္းမွာ အေရးပါတဲ့ ကိစၥရပ္ေတြ၊ စီးပြားေရးနဲ႔ အေျခခံ အေဆာက္အဦးေတြကုိလည္း ေဖာ္ျပထားပါတယ္။

တ႐ုတ္အစုိးရက အေနာက္ႏုိင္ငံအေျခစုိက္ Twitter ၊ Google နဲ႔ YouTube စတဲ့ Website ေတြကုိ ပိတ္ပင္ထားတဲ့အတြက္ အဲဒီလုိ အေသးစိတ္ ေဖာ္ျပထားတဲ့ အခ်က္အလက္ေတြကုိ တႏုိင္ငံသားေတြ ၾကည့္႐ႈလုိ႔ မရႏုိင္ပါဘူး။ တ႐ုတ္အစုိးရက တည္ေထာင္ထားတဲ့ Youku နဲ႔ Weibo စတဲ့ လူမႈကြန္ယက္ေတြကုိပဲ အသုံးျပဳခြင့္ရၾကတာ ျဖစ္ပါတယ္။

ဗီြအိုေအ (ျမန္မာဌာန)
http://burmese.voanews.com
................................

တရုုတ်သမ္မတ ရှီကျင်းပင်ရဲ့ facebook အဖွင့် စာမျက်နှာ
 တရုတ်နိုင်ငံသားတွေ Facebook လူမှုကွန်ယက်အသုံးပြုမှုအပေါ် အစိုးရက ဆင်ဆာ ဖြတ်တောက်မှုတွေ ပြုလုပ်နေပေမယ့်လည်း သမ္မတရှီကျင်းပင်ရဲ့ အမေရိကန်ခရီးစဉ် မြှင့်တင်ရေးအတွက် သမ္မတရှီကျင်းပင်ဟာ ဧရာမ လူမှုကွန်ယက်ကြီးဖြစ်တဲ့ Facebook အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

သမ္မတရှီကျင်းပင်ရဲ့ Facebook ပေါ်မှာ #XiUSAVisit လို့ တံဆိပ်တပ်ထားပြီး စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် အိမ်ဖြူတော်မှာ သမ္မတ Barack Obama နဲ့တွေ့ဆုံတာနဲ့ ပန်ဒါဝက်ဝံလေးနဲ့ တွေ့ဆုံတဲ့ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို တင်ထားပါတယ်။

 တရုတ်နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့နေရာတွေ၊ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ညစာစားပွဲအကြောင်း ဗွီဒီယိုနဲ့ အမေရိကန် ခရီးစဉ်အတွင်း အရေးပါတဲ့ အကြောင်းအရာတွေကို မီးမောင်းထိုး ဖော်ပြထားပါတယ်။

Facebook ပေါ်မှာ တင်ထားတဲ့ အကြောင်းအရာတွေထဲမှာ တရုတ် - အမေရိကန် ဆက်ဆံရေးအကြောင်း၊ တရုတ်သမိုင်းမှာ အရေးပါတဲ့ ကိစ္စရပ်တွေ၊ စီးပွားရေးနဲ့ အခြေခံ အဆောက်အဦးတွေကိုလည်း ဖော်ပြထားပါတယ်။

တရုတ်အစိုးရက အနောက်နိုင်ငံအခြေစိုက် Twitter ၊ Google နဲ့ YouTube စတဲ့ Website တွေကို ပိတ်ပင်ထားတဲ့အတွက် အဲဒီလို အသေးစိတ် ဖော်ပြထားတဲ့ အချက်အလက်တွေကို တနိုင်ငံသားတွေ ကြည့်ရှုလို့ မရနိုင်ပါဘူး။ တရုတ်အစိုးရက တည်ထောင်ထားတဲ့ Youku နဲ့ Weibo စတဲ့ လူမှုကွန်ယက်တွေကိုပဲ အသုံးပြုခွင့်ရကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

No comments:

Post a Comment