Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 10, 2015

ဂျပန်နိုင်ငံတွင် အဆိုးဆုံး Etau တိုင်ဖွန်း မှုန်တိုင်းကြောင့် လူပေါင်း (၉)သိန်း အရေးပေါ်ပြောင်းရွေ့ 


စက်တင်ဘာလ ၉ရက်နှင့် ၁၀ရက် အတွင် ဂျပန်နိုင်ငံ အရှေ့ ပိုင်းနှင့် အလည်ပိုင်း ဒေသများတွင် ၀င်ရောက် တိုက်ခတ်နေသည့် အီသောင် မှာ Etau(တနာရီလေတိုက်နှုန်း ၁၂၅ ကီလို အထိ ပြင်းထန်ခဲ့ပြီး မိုးပြင်းထန်စွာရွာသွန်းနေကြောင်း ဂျပန်နိုင်ငံဆိုင်ရာ သတင်းများတွင် ဖေါ်ပြနေပါသည်။


ရေကြီးမှု တောင်ကျရေများ အရှိန်ပြင်းစွာ ကျဆင်းလာသဖြင့် လူထောင်ပေါင်းများစွာ အား ကယ်တင်ပေးနေရကြောင်း၊ ဂျပန် မိုးလေ၀သ ဌာနမှ အရေးပေါ်သတိပေးထားရာတွင် တိုချီဂီ Tochigi အိုင်ဘရာကီ ibaraki prefectures,နှင့် တိုကျိုမြောက်ပိုင်း north of Tokyo ဒေသများတွင် အဆိုးဝါးဆုံး ရေကြီး မှု ရွံ့ နွံများ ပြိုဆင်း လာခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်နေပါသည်။


 ဂျပန်နိုင်ငံအနေနှင့် သဘာဝဘေးများအား အများဆုံး ရင်ဆိုင်နေရသည်ကြောင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသဖြင့် သေဆုံးသူနည်းပါခဲ့ပြီး ၁၅ဦး ဒဏ်ရာရပြီး ၂ဦး မှာ ရေစီးတွင်း မျောပါသွား၍ လိုက်လံ ကယ်ဆယ်နေကြောင်းသိရပါသည်။

AFP
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

No comments:

Post a Comment