Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 23, 2015

ျမန္မာမွတ႐ုတ္သုိ႔ သစ္ခုိးသြင္းမႈကို တ႐ုတ္သစ္ေမွာင္ခိုဂုိဏ္းတစ္ခုက ထိန္းခ်ဳပ္လုပ္ကုိင္ေနဟု EIA ထုတ္ျပန္

Byအိျဖဴမြန္

တ႐ုတ္သုိ႔ေမွာင္ခုိတင္ပုိ႔မည့္ သစ္ကားမ်ားကုိေတြ႕ရစဥ္ (ဓာတ္ပုံ−EIA Report)
 ျပည္ပသို႔  သစ္အလုံးလုိက္ တင္ပို႔မႈကို    တားျမစ္ထားေသာ္ လည္း   တ႐ုတ္-ျမန္မာနယ္စပ္ တြင္ တရားမ၀င္သစ္အလုံးလုိက္ တင္ပို႔မႈမ်ား ရွိေနၿပီး သစ္ခုိးတင္သြင္းမႈကို   တ႐ုတ္ေမွာင္ခိုဂိုဏ္း တစ္ခုက ထိန္းခ်ဳပ္ထားေၾကာင္း  လန္ဒန္ၿမိဳ႕  အေျခစုိက္ပတ္၀န္းက်င္ထိန္းသိမ္းေရးဆုိင္ရာ စုံစမ္းစစ္ေဆးေရးေအဂ်င္စီ(EIA)က သတင္းထုတ္ျပန္သည္။

ရန္ကုန္ၿမိဳ႕တြင္ စက္တင္ဘာ ၂၂ ရက္က က်င္းပျပဳလုပ္ေသာ သတင္းစာရွင္းလင္းပဲြ၌ ၂၀၁၅ အတြင္း စုံစမ္းေတြ႕ရွိခ်က္မ်ား ထုတ္ျပန္ခဲ့ၿပီး EIA အဖဲြ႕က သစ္ ကုန္သည္အေယာင္ေဆာင္ စုံစမ္း စစ္ေဆးမႈျပဳလုပ္ခဲ့သည့္ အစီရင္ ခံစာကို ထုတ္ျပန္ျခင္း ျဖစ္သည္။

ျမန္မာေသာ   တရားမ၀င္ သစ္အမ်ားဆုံး၀င္ေရာက္သည္ ယူနန္ျပည္နယ္အတြင္းရွိ ဒိန္ ေဟာင္၊ ေနာင္ေတာင္ႏွင့္ ေရႊလီ ၿမိဳ႕သုံးခုကို အဓိကထား စုံစမ္း စစ္ေဆးခဲ့ကာ   ယင္းေနရာမ်ား တြင္  ျမန္မာႏုိင္ငံမွ  ၀င္ေရာက္ လာသည့္ သစ္မ်ားကို လြတ္လပ္ စြာကုန္သြယ္မႈျပဳလုပ္ၾကသည္ဟု EIA က ဆုိသည္။

‘‘တ႐ုတ္နဲ႔ ျမန္မာႏုိင္ငံ ႏွစ္ ႏုိင္ငံစလုံးက ႏွစ္ႏုိင္ငံဆက္ေနတဲ့နယ္စပ္ကိုျဖတ္ၿပီး အသြားအလာရွိေနတဲ့ တရားမ၀င္ သစ္ေတြ၀င္ ေရာက္ေနတာကို တားဆီးဖို႔ ထိေရာက္တဲ့ ခ်က္ခ်င္းလုပ္ငန္း ေဆာင္မႈေတြ လုပ္ဖို႔လိုပါတယ္။ ဒါမွ မဟုတ္ရင္ ဒီကိစၥနဲ႔ ပတ္သက္ တဲ့ ပဋိပကၡေတြ၊ အၾကမ္းဖက္မႈ ေတြ၊ သစ္ေတာပ်က္စီးမႈေတြ ဆက္ျဖစ္ေနတာကို ငုတ္တုတ္ ထုိင္ၾကည့္ေနရပါလိမ့္မယ္’’ဟု EIA သစ္ေတာေရးရာ စည္း႐ုံးလႈံ႔ေဆာ္ေရးအဖဲြ႕ေခါင္းေဆာင္ ဖိတ္သ္ဒုိဟာသီက ေျပာၾကား သည္။

တ႐ုတ္ႏုိင္ငံသို႔ ေမွာင္ခုိတင္သြင္းသစ္မ်ားသည္ ျဖတ္သန္းမႈမျပတ္ရွိေသာ ဘာပါ-ဘန္လင္း ေကအုိင္အိုထိန္းခ်ဳပ္နယ္ေျမရွိ နယ္စပ္ျဖတ္ေက်ာ္ဂိတ္ေပါက္၊   ျမန္မာအစိုးရထိန္းခ်ဳပ္နယ္ေျမ ႏွင့္    စစ္တပ္ထိန္းခ်ဳပ္ထားေသာ နယ္ေျမမ်ားမွ    လာေရာက္ၾကသည္ဟု EIAက ဆုိသည္။

ဘာပါနယ္စပ္ကို္ ျဖတ္ေက်ာ္၍ ၀င္ေရာက္လာေသာ သစ္မ်ားကို ဘီဒီ၀ုိင္ေအဂိုဏ္းဟု လူသိမ်ားေသာ ဘရန္ႏု၊ တန္ေပါင္ဂြန္း၊ လီေမာ္ရန္ႏွင့္  အလီက်ဲ  (ထိုနာမည္မ်ား၏   အတိုေကာက္စကားလုံးမ်ားျဖင့္    ဘီဒီ၀ိုင္ေအ ဂိုဏ္းဟု အမ်ားကေခၚၾကသည္) ကုမၸဏီတုိ႔က    ထိန္းခ်ဳပ္ထား သည္။     ဘီဒီ၀ုိင္ေအဂုိဏ္းကို အမ်ားက တာဇူး(သို႔မဟုတ္)အုပ္စုႀကီးဟုလည္း ေခၚၾကသည္။

ေကအုိင္အို၊ ျမန္မာအစိုးရ ႏွင့္ စစ္တပ္၊ တ႐ုတ္ေဒသတြင္း အရာရွိမ်ားပါ၀င္ေသာ အေသး စိတ္တိက်႐ႈပ္ေထြးသည့္ အဆက္ အသြယ္မ်ားကို အသုံးျပဳၿပီး အဆုိ ပါအုပ္စုက ျမန္မာႏုိင္ငံမွ သစ္ မ်ားကို နယ္စပ္မွ ျပႆနာမရွိ ျဖတ္ေက်ာ္ႏုိင္ေအာင္ ေဆာင္ရြက္ ၾကသည္ဟု EIA က ဆုိသည္။

အဆိုပါ အုပ္စုက ျမန္မာ အစိုးရထိန္းခ်ဳပ္နယ္ေျမမ်ားမွ သစ္မ်ား နယ္စပ္ေရာက္ရွိေရးအ တြက္ စစ္တပ္အရာရွိမ်ားကို ေရႊ ေခ်ာင္းမ်ားေပး၍   လာဘ္ထိုးမႈ ျပဳလုပ္ခဲ့သည္ဟု EIA အဖဲြ႕က ဆုိ သည္။ သစ္ေရာင္း၀ယ္မႈတြင္ ေငြစကၠဴအတုမ်ား အသုံးျပဳမႈ ျမင့္ တက္လာျခင္းေၾကာင့္ လာဘ္ထိုး ရာတြင္ ေရႊေခ်ာင္းမ်ားကို သုံးစဲြ လာျခင္း ျဖစ္သည္။

အဆုိပါ အုပ္စုသည္ ကိုယ္ တုိင္သစ္ကုန္သြယ္ျခင္း၊ သစ္ကုန္ ေခ်ာထုတ္လုပ္ျခင္းမ်ားကို လုပ္ ကိုင္သည့္အျပင္ ဘာပါ-ဘန္ လင္းနယ္စပ္ကို အသုံးျပဳ၍ ျဖတ္ သန္းလာေသာ သစ္မ်ားအား အခြန္ေကာက္ျခင္း လုပ္ကိုင္ခြင့္ ကိုလည္း ေကအုိင္အိုက ရရွိထား သည္ဟု EIA က ေျပာသည္။

ဘာပါ-ဘန္လင္းနယ္စပ္ ကို ျဖတ္သန္းသည့္ တမလန္းႏွင့္ ပိေတာက္တစ္တန္လွ်င္ ျဖတ္ သန္းခ ယြမ္ေငြရွစ္ေထာင္ (အေမ ရိကန္ေဒၚလာ ၁,၂၅၀ ခန္႔) ရွိ သည္။

ဘီဒီ၀ိုင္ေအဂိုဏ္း၀င္ မစၥ အလီက်ဲသည္ ေကအုိင္အုိ၊ ျမန္မာစစ္တပ္တို႔ႏွင့္ အဆက္အ သြယ္ရွိေနသူျဖစ္ၿပီး ႏုိင္ငံျဖတ္ ေက်ာ္သစ္ကုန္သြယ္မႈကို ဆယ္စု ႏွစ္ေက်ာ္လုပ္ကိုင္ေနသူ တစ္ဦး ျဖစ္သည္ဟု EIA က ဆုိသည္။ အဆိုပါ အမ်ဳိးသမီးက ေကအုိင္ အိုထိန္းခ်ဳပ္နယ္ေျမ လုိင္ဇာတြင္ အခြန္ေကာက္ခြင့္ႏွင့္ ဟိုတယ္ မ်ားတည္ေဆာက္ခြင့္ ရရွိသူ လည္း ျဖစ္သည္ဟုဆုိသည္။

ဘီဒီ၀ုိင္ေအဂိုဏ္း၏ ဒုတိယ အဓိက်ကသူမွာ ေရာင္ေမာ္ကုမၸ ဏီျဖစ္ၿပီး ၂၀၁၄ တြင္ ျမန္မာ ႏုိင္ငံမွ ကြၽန္းသစ္လုံးတန္ခ်ိန္ တစ္ ေသာင္းေက်ာ္ႏွင့္ တမလန္းသစ္ တန္ခ်ိန္ တစ္ေသာင္းသုံးေထာင္ခန္႔ တင္သြင္းႏုိင္ခဲ့သူျဖစ္ကာ တ႐ုတ္တစ္ႏုိင္ငံလုံးတြင္ စတုတၳေျမာက္သစ္အမ်ားဆုံး တင္သြင္းခဲ့သူျဖစ္ သည္ဟု EIA က ဆုိသည္။ ၂၀၁၅ တြင္လည္း ေကအုိင္ေအကို ေငြေၾကးေျမာက္ျမားစြာ ေပးေခ်ခဲ့ၿပီး သစ္ခုတ္ခြင့္ႏွင့္ သစ္ကုန္သြယ္ခြင့္မ်ားကို ေရာင္ေမာ္ကုမၸဏီက လုပ္ကိုင္ခြင့္ရရွိခ့ဲသည္ဟု    ေဖာ္ျပ သည္။

ဘီဒီ၀ုိင္ေအကို အခြန္မေပး ေဆာင္လိုေသာ သစ္ေမွာင္ခုိ ဂုိဏ္းအုပ္စုငယ္ ငါးခုက ျမန္မာ စစ္တပ္ထိန္းခ်ဳပ္ေသာ နယ္ေျမ ကို သစ္ကားတစ္စီးလွ်င္ စစ္တပ္ အား ယြမ္ေငြသုံးေသာင္း (အေမ ရိကန္ေဒၚလာ ၄,၇၀၀ ) ေပး၍ ျဖတ္သန္းၾကသည္ဟု EIA က ဆုိ သည္။ ျမန္မာႏုိင္ငံမွ ၀င္ေရာက္ လာေသာ သစ္မ်ားသည္ တမ လန္းႏွင့္ ပိေတာက္သစ္မ်ားျဖစ္ ၾကၿပီး     အဆုိပါသစ္မ်ားသည္ မႏၲေလးတုိင္းေဒသႀကီး၊ စစ္ကိုင္း တုိင္းေဒသႀကီးႏွင့္ ကခ်င္ျပည္ နယ္ေတာင္ပိုင္းမွ လာေရာက္ပို႔ ေဆာင္ေသာ သစ္မ်ားျဖစ္သည္။

မည္သည့္ေနရာမွ   ျဖတ္ သန္းသယ္ေဆာင္လာသည့္ျဖစ္ ေစ ျမန္မာႏုိင္ငံမွ ၀င္ေရာက္လာ ေသာ သစ္မ်ားသည္ တ႐ုတ္ႏုိင္ငံ  သို႔ သြင္းကုန္အခြန္ေဆာင္ေနသ မွ် တ႐ုတ္ႏုိင္ငံက ကုန္သြယ္ေရး ႏွင့္ ျဖန္႔ခ်ိေရးကို တရား၀င္အျဖစ္ သတ္မွတ္ထားသည္။
http://www.7daydaily.com/story/46993
..................................................
မြန်မာမှတရုတ်သို့ သစ်ခိုးသွင်းမှုကို တရုတ်သစ်မှောင်ခိုဂိုဏ်းတစ်ခုက ထိန်းချုပ်လုပ်ကိုင်နေဟု EIA ထုတ်ပြန်

Byအိဖြူမွန်On  Wed, 2015-09-23 11:19Location ရန်ကုန်Issue No.No.865 Wednesday, September 23, 2015

တရုတ်သို့မှောင်ခိုတင်ပို့မည့် သစ်ကားများကိုတွေ့ရစဉ် (ဓာတ်ပုံ−EIA Report)
 ပြည်ပသို့  သစ်အလုံးလိုက် တင်ပို့မှုကို    တားမြစ်ထားသော် လည်း   တရုတ်-မြန်မာနယ်စပ် တွင် တရားမဝင်သစ်အလုံးလိုက် တင်ပို့မှုများ ရှိနေပြီး သစ်ခိုးတင်သွင်းမှုကို   တရုတ်မှောင်ခိုဂိုဏ်း တစ်ခုက ထိန်းချုပ်ထားကြောင်း  လန်ဒန်မြို့  အခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ(EIA)က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၂၀၁၅ အတွင်း စုံစမ်းတွေ့ရှိချက်များ ထုတ်ပြန်ခဲ့ပြီး EIA အဖွဲ့က သစ် ကုန်သည်အယောင်ဆောင် စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့သည့် အစီရင် ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာသော   တရားမဝင် သစ်အများဆုံးဝင်ရောက်သည် ယူနန်ပြည်နယ်အတွင်းရှိ ဒိန် ဟောင်၊ နောင်တောင်နှင့် ရွှေလီ မြို့သုံးခုကို အဓိကထား စုံစမ်း စစ်ဆေးခဲ့ကာ   ယင်းနေရာများ တွင်  မြန်မာနိုင်ငံမှ  ၀င်ရောက် လာသည့် သစ်များကို လွတ်လပ် စွာကုန်သွယ်မှုပြုလုပ်ကြသည်ဟု EIA က ဆိုသည်။

‘‘တရုတ်နဲ့ မြန်မာနိုင်ငံ နှစ် နိုင်ငံစလုံးက နှစ်နိုင်ငံဆက်နေတဲ့နယ်စပ်ကိုဖြတ်ပြီး အသွားအလာရှိနေတဲ့ တရားမဝင် သစ်တွေဝင် ရောက်နေတာကို တားဆီးဖို့ ထိရောက်တဲ့ ချက်ချင်းလုပ်ငန်း ဆောင်မှုတွေ လုပ်ဖို့လိုပါတယ်။ ဒါမှ မဟုတ်ရင် ဒီကိစ္စနဲ့ ပတ်သက် တဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှု တွေ၊ သစ်တောပျက်စီးမှုတွေ ဆက်ဖြစ်နေတာကို ငုတ်တုတ် ထိုင်ကြည့်နေရပါလိမ့်မယ်’’ဟု EIA သစ်တောရေးရာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ခေါင်းဆောင် ဖိတ်သ်ဒိုဟာသီက ပြောကြား သည်။

တရုတ်နိုင်ငံသို့ မှောင်ခိုတင်သွင်းသစ်များသည် ဖြတ်သန်းမှုမပြတ်ရှိသော ဘာပါ-ဘန်လင်း ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ နယ်စပ်ဖြတ်ကျော်ဂိတ်ပေါက်၊   မြန်မာအစိုးရထိန်းချုပ်နယ်မြေ နှင့်    စစ်တပ်ထိန်းချုပ်ထားသော နယ်မြေများမှ    လာရောက်ကြသည်ဟု EIAက ဆိုသည်။

ဘာပါနယ်စပ်ကို် ဖြတ်ကျော်၍ ၀င်ရောက်လာသော သစ်များကို ဘီဒီဝိုင်အေဂိုဏ်းဟု လူသိများသော ဘရန်နု၊ တန်ပေါင်ဂွန်း၊ လီမော်ရန်နှင့်  အလီကျဲ  (ထိုနာမည်များ၏   အတိုကောက်စကားလုံးများဖြင့်    ဘီဒီဝိုင်အေ ဂိုဏ်းဟု အများကခေါ်ကြသည်) ကုမ္ပဏီတို့က    ထိန်းချုပ်ထား သည်။     ဘီဒီဝိုင်အေဂိုဏ်းကို အများက တာဇူး(သို့မဟုတ်)အုပ်စုကြီးဟုလည်း ခေါ်ကြသည်။

ကေအိုင်အို၊ မြန်မာအစိုးရ နှင့် စစ်တပ်၊ တရုတ်ဒေသတွင်း အရာရှိများပါ၀င်သော အသေး စိတ်တိကျရှုပ်ထွေးသည့် အဆက် အသွယ်များကို အသုံးပြုပြီး အဆို ပါအုပ်စုက မြန်မာနိုင်ငံမှ သစ် များကို နယ်စပ်မှ ပြဿနာမရှိ ဖြတ်ကျော်နိုင်အောင် ဆောင်ရွက် ကြသည်ဟု EIA က ဆိုသည်။

အဆိုပါ အုပ်စုက မြန်မာ အစိုးရထိန်းချုပ်နယ်မြေများမှ သစ်များ နယ်စပ်ရောက်ရှိရေးအ တွက် စစ်တပ်အရာရှိများကို ရွှေ ချောင်းများပေး၍   လာဘ်ထိုးမှု ပြုလုပ်ခဲ့သည်ဟု EIA အဖွဲ့က ဆို သည်။ သစ်ရောင်းဝယ်မှုတွင် ငွေစက္ကူအတုများ အသုံးပြုမှု မြင့် တက်လာခြင်းကြောင့် လာဘ်ထိုး ရာတွင် ရွှေချောင်းများကို သုံးစွဲ လာခြင်း ဖြစ်သည်။

အဆိုပါ အုပ်စုသည် ကိုယ် တိုင်သစ်ကုန်သွယ်ခြင်း၊ သစ်ကုန် ချောထုတ်လုပ်ခြင်းများကို လုပ် ကိုင်သည့်အပြင် ဘာပါ-ဘန် လင်းနယ်စပ်ကို အသုံးပြု၍ ဖြတ် သန်းလာသော သစ်များအား အခွန်ကောက်ခြင်း လုပ်ကိုင်ခွင့် ကိုလည်း ကေအိုင်အိုက ရရှိထား သည်ဟု EIA က ပြောသည်။

ဘာပါ-ဘန်လင်းနယ်စပ် ကို ဖြတ်သန်းသည့် တမလန်းနှင့် ပိတောက်တစ်တန်လျှင် ဖြတ် သန်းခ ယွမ်ငွေရှစ်ထောင် (အမေ ရိကန်ဒေါ်လာ ၁,၂၅၀ ခန့်) ရှိ သည်။

ဘီဒီဝိုင်အေဂိုဏ်းဝင် မစ္စ အလီကျဲသည် ကေအိုင်အို၊ မြန်မာစစ်တပ်တို့နှင့် အဆက်အ သွယ်ရှိနေသူဖြစ်ပြီး နိုင်ငံဖြတ် ကျော်သစ်ကုန်သွယ်မှုကို ဆယ်စု နှစ်ကျော်လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သည်ဟု EIA က ဆိုသည်။ အဆိုပါ အမျိုးသမီးက ကေအိုင် အိုထိန်းချုပ်နယ်မြေ လိုင်ဇာတွင် အခွန်ကောက်ခွင့်နှင့် ဟိုတယ် များတည်ဆောက်ခွင့် ရရှိသူ လည်း ဖြစ်သည်ဟုဆိုသည်။

ဘီဒီဝိုင်အေဂိုဏ်း၏ ဒုတိယ အဓိကျကသူမှာ ရောင်မော်ကုမ္ပ ဏီဖြစ်ပြီး ၂၀၁၄ တွင် မြန်မာ နိုင်ငံမှ ကျွန်းသစ်လုံးတန်ချိန် တစ် သောင်းကျော်နှင့် တမလန်းသစ် တန်ချိန် တစ်သောင်းသုံးထောင်ခန့် တင်သွင်းနိုင်ခဲ့သူဖြစ်ကာ တရုတ်တစ်နိုင်ငံလုံးတွင် စတုတ္ထမြောက်သစ်အများဆုံး တင်သွင်းခဲ့သူဖြစ် သည်ဟု EIA က ဆိုသည်။ ၂၀၁၅ တွင်လည်း ကေအိုင်အေကို ငွေကြေးမြောက်မြားစွာ ပေးချေခဲ့ပြီး သစ်ခုတ်ခွင့်နှင့် သစ်ကုန်သွယ်ခွင့်များကို ရောင်မော်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု    ဖော်ပြ သည်။

ဘီဒီဝိုင်အေကို အခွန်မပေး ဆောင်လိုသော သစ်မှောင်ခို ဂိုဏ်းအုပ်စုငယ် ငါးခုက မြန်မာ စစ်တပ်ထိန်းချုပ်သော နယ်မြေ ကို သစ်ကားတစ်စီးလျှင် စစ်တပ် အား ယွမ်ငွေသုံးသောင်း (အမေ ရိကန်ဒေါ်လာ ၄,၇၀၀ ) ပေး၍ ဖြတ်သန်းကြသည်ဟု EIA က ဆို သည်။ မြန်မာနိုင်ငံမှ ၀င်ရောက် လာသော သစ်များသည် တမ လန်းနှင့် ပိတောက်သစ်များဖြစ် ကြပြီး     အဆိုပါသစ်များသည် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ကချင်ပြည် နယ်တောင်ပိုင်းမှ လာရောက်ပို့ ဆောင်သော သစ်များဖြစ်သည်။

မည်သည့်နေရာမှ   ဖြတ် သန်းသယ်ဆောင်လာသည့်ဖြစ် စေ မြန်မာနိုင်ငံမှ ၀င်ရောက်လာ သော သစ်များသည် တရုတ်နိုင်ငံ  သို့ သွင်းကုန်အခွန်ဆောင်နေသ မျှ တရုတ်နိုင်ငံက ကုန်သွယ်ရေး နှင့် ဖြန့်ချိရေးကို တရားဝင်အဖြစ် သတ်မှတ်ထားသည်။

No comments:

Post a Comment