Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

လိပ္ကၽြန္းလူသတ္မႈ သက္ေသခံပစၥည္းမွာ ျမန္မာႏွစ္ဦး DNA မေတြ႔ရ


 ထုိင္းႏိုင္ငံ ေကာ့ေတာင္ကၽြန္းလို႔ေခၚတဲ့ လိပ္ကၽြန္းမွာ ၿပီးခဲ့တဲ့ႏွစ္က သတ္ျဖတ္ခံခဲ့ရတဲ့ ၿဗိတိိန္ႏို္င္ငံသား ၂ ဦးနဲ႔ ပတ္သက္လုိ႔ ထိုင္းႏိုင္ငံက နာမည္ေက်ာ္ မႈခင္းစစ္ေဆးေရးဌာနက ဆရာ၀န္ေတြနဲ႔ မႈခင္းတပ္ဖဲြ႔မွာ တာ၀န္ထမ္းေဆာင္ဖူးတဲ့ ရဲအရာရွိ အပါအ၀င္ တရားခံျပ သက္ေသ ၃ ဦးကို ဒီကေန႔ စစ္ေဆးခဲ့ပါတယ္။

လူသတ္မႈနဲ႔ပတ္သက္လို႔ သတ္ျဖတ္ရာမွာ အသံုးျပဳခဲ့တယ္လုိ႔ ရဲအာဏာပိုင္ေတြ သက္ေသတင္ထားတဲ့ ေပါက္တူးမွာ စြပ္စဲြခံထားရတဲ့ လူငယ္ ၂ ဦးရဲ ့DNA မ်ိဳး႐ိုးဗီဇ မေတြ႔ရဘဲ ေသဆံုးသူ ၂ ဦးရဲ႕ DNA အျပင္ အမည္မသိသူ ၂ ဦးရဲ ့DNA ေတြကို ေတြ႔ရတယ္လုိ႔ ထြက္ဆုိသြားပါတယ္။ အျပည့္အစံုကို မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

တႏွစ္ေက်ာ္ၾကာၿပီျဖစ္တဲ့ လိပ္ကၽြန္းလူသတ္မႈနဲ႔ ပတ္သက္လို႔ ထုိင္းႏိုင္ငံ ေကာ့စေမြတရား႐ံုးမွာ တရားခံျပ သက္ေသေတြကို ထပ္မံစစ္ေဆးရာမွာ  အဂၤါေန႔မွာေတာ့ ထိုင္းႏိုင္ငံ အမ်ိဳးသား မႈခင္း စစ္ေဆးေရးဌာနက ဆရာ၀န္ေတြနဲ႔ မႈခင္းတပ္ဖဲြ႔မွာ တာ၀န္ထမ္းေဆာင္ခဲ့ဖူးတဲ့ ရဲမွဴးႀကီးတဦးကို စစ္ေဆးခဲ့တာပါ။ တရားခံျပသက္ေသေတြရဲ႕ ထြက္ဆုိခ်က္နဲ႔ ပတ္သက္လုိ႔ တရားခံေတြရဲ႕ အက်ိဳးေဆာင္ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔ က အခုလို ေျပာပါတယ္။

“အမ်ိဳးသား မႈခင္း စစ္ေဆးေရးဌာနက ဆရာ၀န္၊ ဒုတိယက ရဲမႈခင္းတပ္ဖြဲ႔မွာ တာ၀န္ထမ္းေဆာင္ခဲ့ဖူးတဲ့ ရဲမွဴးႀကီး၊ ေနာက္ တတိယက အဲဒီ ေထာင္ထဲမွာ ကေလးေတြကို သြားၿပီးေတာ့ စစ္တဲ့ ဆရာ၀န္ ဒီ ၃ ေယာက္ေပါ့ ပထမဆံုးစစ္တဲ့ဆရာ၀န္က ေဒါက္တာပြန္ထစ္တို႔ ဌာနကပဲေလ။ သူကလည္း အဲဒီ ေျပာခ်င္တဲ့အတုိင္းကေတာ့ ဒီကေလးေတြရဲ႕ DNA က မတူဘူးဆုိတာနဲ႔ ေပါက္တူးမွာရွိတဲ့ ပထမဆံုး DNA ၂ ခုက မိန္းမနဲ႔ ေယာက်ာ္း DNA အဲဒါကေတာ့ ေသတဲ့လူ ၂ ေယာက္ရဲ႕ ေဒးဗစ္နဲ႔ ဟန္နာရဲ႕ DNA ေနာက္တခါ အမည္မသိတဲ့ ေယာက်ာ္း DNA ႏွစ္ခု၊ တခုက ျပည့္စံုတယ္၊ တခုက မျပည့္စံုဘူး။ အဲဒီ DNA ႏွစ္ခုက ကေလးေတြရဲ႕ DNA နဲ႔မတူဘူး။ ဒါကိုပဲ ထြက္ဆုိသြားတာပါ။”

မုဒိမ္းက်င့္ၿပီး သတ္ျဖတ္ခဲ့တဲ့ လူသတ္မႈေတြနဲ႔ ပတ္သက္လို႔ DNA စစ္ေဆးရာမွာ ေဆး႐ံုေတြကေန ေသခ်ာစစ္ေဆးဖို႔ လိုအပ္တဲ့အေၾကာင္း မႈခင္းရဲအရာရွိအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ဖူးတဲ့ ရဲမွဴးႀကီးကလည္း ထြက္ဆုိသြားတယ္လုိ႔ အခုလို ေျပာပါတယ္။

“ရဲမႈခင္းတပ္ဖြဲ႔မွာ တာ၀န္ထမ္းေဆာင္ခဲ့ဖူးတဲ့ ရဲမွဴးႀကီးထြက္ဆိုတာကေတာ့ ဒီလိုမ်က္ျမင္သက္ေသမရွိတဲ့ မုဒိမ္းမႈျဖစ္တ့ဲ အမႈေတြမွာ မိန္းကေလးကို စစ္ေဆးတဲ့အခါမွာ အခ်င္းျဖစ္တဲ့ေနရာတင္ မကဘဲနဲ႔ ဆရာ၀န္ေတြ၊ ေဆး႐ံုေတြမွာလည္း လိုက္စစ္သင့္တယ္ေပါ့။ ဘယ္လိုစစ္ရမလဲဆုိရင္ သူ႔ရဲ႕တန္ဆာေပၚမွာရွိတဲ့ အေမႊးအမွ်င္ေတြကို ဘီးနဲ႔ၿဖီးရမယ္ေပါ့ေလ။ အဲ့လုိ ဘီးနဲ႔ၿဖီးလို႔ရွိရင္ အဲဒီမွာ မုဒိမ္းက်င့္တဲ့ေယာက်ာ္းရဲ႕ အေမႊးအမွ်င္ ပတ္သက္လာလို႔ရွိရင္ တရားခံလုိက္ရလြယ္တယ္ ဆုိတဲ့ဟာကို လာထြက္သြားတာ သူက။”

ၿပီးခဲ့တဲ့့ ၾသဂုတ္လ ၈ ရက္ေန႔တုန္းကေတာ့ ထုိင္းႏိုင္ငံရဲ႕ တရားမွ်တေရး ၀န္ႀကီးဌာနက ၀န္ထမ္းေတြဟာ ျမန္မာလူငယ္ ၂ ဦးရဲ ့DNA ကို ထပ္မံစစ္ေဆးဖို႔အတြက္ တရားခြင္မွာပဲ တံေတြးေတြကို ရယူသြားခဲ့ပါတယ္။ ဒီစစ္ေဆးမႈကို ထိုင္းႏိုင္ငံ အမ်ိဳးသားမႈခင္းစစ္ေဆးေရးဌာနက ထုိင္းႏိုင္ငံက မႈခင္းေဆးဆရာ၀န္ႀကီး ေဒါက္တာပြန္ထစ္ က စစ္ေဆးခဲ့ပါတယ္။ သတ္ျဖတ္မႈမွာ အသံုးျပဳတယ္လို႔ ရဲအာဏာပုိင္ေတြက သက္ေသအျဖစ္ တရား႐ံုးမွာတင္ျပထားတဲ့ ေပါက္တူးမွာ တရားခံအျဖစ္ စြပ္စဲြခံထားရတဲ့ ျမန္မာလူငယ္ ၂ ဦးရဲ ့DNA ေတြကို မေတြ႔ရဘူးလ႔ို ၿပီးခဲ့တဲ့ တရားခြင္မွာ ေဒါက္တာပြန္ထစ္က ထြက္ဆိုသြားခဲ့တာပါ။ ဒီအမႈနဲ႔ပတ္သက္လို႔ ထုိင္းႏိုင္ငံတြင္းမွာ ေ၀ဖန္မႈေတြလည္း ရွိွေနတာပါ။

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၄၀၀၀ ခန္႔ အလုပ္လုပ္ကိုင္ေနတဲ့ လိပ္ကၽြန္းမွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေန႔က လူသတ္မႈျဖစ္ပြားၿပီး ရက္ပိုင္းအတြင္းမွာ လက္ရွိ တရားခံေတြအျဖစ္ စြပ္စဲြခံရသူ ကို၀င္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္းတို႔ကို တျခားေရႊ႕ေျပာင္းအလုပ္သမားေတြနဲ႔အတူ သံသယရွိသူေတြအျဖစ္ ရဲေတြက DNA စစ္ေဆးရယူခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက DNA တူညီမႈ မရွိဘူးဆိုကာ ျပန္လႊတ္ေပးခဲ့ၿပီး၊ ၂ ပတ္ခန္႔အၾကာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ လကုန္ပိုင္းမွာပဲ ျမန္မာလူငယ္ ၂ ဦးကိုု ျပန္လည္ဖမ္းဆီးၿပီး လူသတ္မႈနဲ႔ တရားစဲြဆုိထားတာ ျဖစ္ပါတယ္ရွင္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........................................

 ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့နှစ်က သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိိန်နို်င်ငံသား ၂ ဦးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက နာမည်ကျော် မှုခင်းစစ်ဆေးရေးဌာနက ဆရာဝန်တွေနဲ့ မှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ရဲအရာရှိ အပါအဝင် တရားခံပြ သက်သေ ၃ ဦးကို ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။

လူသတ်မှုနဲ့ပတ်သက်လို့ သတ်ဖြတ်ရာမှာ အသုံးပြုခဲ့တယ်လို့ ရဲအာဏာပိုင်တွေ သက်သေတင်ထားတဲ့ ပေါက်တူးမှာ စွပ်စွဲခံထားရတဲ့ လူငယ် ၂ ဦးရဲ ့DNA မျိုးရိုးဗီဇ မတွေ့ရဘဲ သေဆုံးသူ ၂ ဦးရဲ့ DNA အပြင် အမည်မသိသူ ၂ ဦးရဲ ့DNA တွေကို တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တနှစ်ကျော်ကြာပြီဖြစ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ကော့စမွေတရားရုံးမှာ တရားခံပြ သက်သေတွေကို ထပ်မံစစ်ဆေးရာမှာ  အင်္ဂါနေ့မှာတော့ ထိုင်းနိုင်ငံ အမျိုးသား မှုခင်း စစ်ဆေးရေးဌာနက ဆရာဝန်တွေနဲ့ မှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီးတဦးကို စစ်ဆေးခဲ့တာပါ။ တရားခံပြသက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က အခုလို ပြောပါတယ်။

“အမျိုးသား မှုခင်း စစ်ဆေးရေးဌာနက ဆရာဝန်၊ ဒုတိယက ရဲမှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီး၊ နောက် တတိယက အဲဒီ ထောင်ထဲမှာ ကလေးတွေကို သွားပြီးတော့ စစ်တဲ့ ဆရာဝန် ဒီ ၃ ယောက်ပေါ့ ပထမဆုံးစစ်တဲ့ဆရာဝန်က ဒေါက်တာပွန်ထစ်တို့ ဌာနကပဲလေ။ သူကလည်း အဲဒီ ပြောချင်တဲ့အတိုင်းကတော့ ဒီကလေးတွေရဲ့ DNA က မတူဘူးဆိုတာနဲ့ ပေါက်တူးမှာရှိတဲ့ ပထမဆုံး DNA ၂ ခုက မိန်းမနဲ့ ယောကျာ်း DNA အဲဒါကတော့ သေတဲ့လူ ၂ ယောက်ရဲ့ ဒေးဗစ်နဲ့ ဟန်နာရဲ့ DNA နောက်တခါ အမည်မသိတဲ့ ယောကျာ်း DNA နှစ်ခု၊ တခုက ပြည့်စုံတယ်၊ တခုက မပြည့်စုံဘူး။ အဲဒီ DNA နှစ်ခုက ကလေးတွေရဲ့ DNA နဲ့မတူဘူး။ ဒါကိုပဲ ထွက်ဆိုသွားတာပါ။”

မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်လို့ DNA စစ်ဆေးရာမှာ ဆေးရုံတွေကနေ သေချာစစ်ဆေးဖို့ လိုအပ်တဲ့အကြောင်း မှုခင်းရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီးကလည်း ထွက်ဆိုသွားတယ်လို့ အခုလို ပြောပါတယ်။

“ရဲမှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီးထွက်ဆိုတာကတော့ ဒီလိုမျက်မြင်သက်သေမရှိတဲ့ မုဒိမ်းမှုဖြစ်တဲ့ အမှုတွေမှာ မိန်းကလေးကို စစ်ဆေးတဲ့အခါမှာ အချင်းဖြစ်တဲ့နေရာတင် မကဘဲနဲ့ ဆရာဝန်တွေ၊ ဆေးရုံတွေမှာလည်း လိုက်စစ်သင့်တယ်ပေါ့။ ဘယ်လိုစစ်ရမလဲဆိုရင် သူ့ရဲ့တန်ဆာပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေကို ဘီးနဲ့ဖြီးရမယ်ပေါ့လေ။ အဲ့လို ဘီးနဲ့ဖြီးလို့ရှိရင် အဲဒီမှာ မုဒိမ်းကျင့်တဲ့ယောကျာ်းရဲ့ အမွှေးအမျှင် ပတ်သက်လာလို့ရှိရင် တရားခံလိုက်ရလွယ်တယ် ဆိုတဲ့ဟာကို လာထွက်သွားတာ သူက။”

ပြီးခဲ့တဲ့့ သြဂုတ်လ ၈ ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံရဲ့ တရားမျှတရေး ၀န်ကြီးဌာနက ၀န်ထမ်းတွေဟာ မြန်မာလူငယ် ၂ ဦးရဲ ့DNA ကို ထပ်မံစစ်ဆေးဖို့အတွက် တရားခွင်မှာပဲ တံတွေးတွေကို ရယူသွားခဲ့ပါတယ်။ ဒီစစ်ဆေးမှုကို ထိုင်းနိုင်ငံ အမျိုးသားမှုခင်းစစ်ဆေးရေးဌာနက ထိုင်းနိုင်ငံက မှုခင်းဆေးဆရာဝန်ကြီး ဒေါက်တာပွန်ထစ် က စစ်ဆေးခဲ့ပါတယ်။ သတ်ဖြတ်မှုမှာ အသုံးပြုတယ်လို့ ရဲအာဏာပိုင်တွေက သက်သေအဖြစ် တရားရုံးမှာတင်ပြထားတဲ့ ပေါက်တူးမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ ့DNA တွေကို မတွေ့ရဘူးလိ့ု ပြီးခဲ့တဲ့ တရားခွင်မှာ ဒေါက်တာပွန်ထစ်က ထွက်ဆိုသွားခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံတွင်းမှာ ဝေဖန်မှုတွေလည်း ရှိှနေတာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ခန့် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာ လက်ရှိ တရားခံတွေအဖြစ် စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို တခြားရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ သံသယရှိသူတွေအဖြစ် ရဲတွေက DNA စစ်ဆေးရယူခဲ့တာပါ။ အဲဒီအချိန်တုန်းက DNA တူညီမှု မရှိဘူးဆိုကာ ပြန်လွှတ်ပေးခဲ့ပြီး၊ ၂ ပတ်ခန့်အကြာ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာပဲ မြန်မာလူငယ် ၂ ဦးကိုု ပြန်လည်ဖမ်းဆီးပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment