Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 16, 2015

အားလုံးမျှော်လင့် စောင့်စားနေတဲ့ Dislike button ကို Facebook မှာ မကြာမီ သုံးနိုင်တော့မည်

Facebook အသုံးပြုသူတွေဟာ မကြာမီမှာ တခြား user တွေရဲ့ ပို့ စ်တွေ၊ဓာတ်ပုံတွေကို ‘dislike’
လုပ်နိုင်တော့မှာဖြစ်ကြောင်း Facebook တည်ထောင်သူ Mark Zuckerberg က တရားဝင်ကြေငြာ လိုက်ပါတယ်။

အသုံးပြုသူတွေရဲ့တောင်းဆိုမှုကြောင့် Facebook ဟာ dislike ခလုတ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Zuckerberg က ပြောကြားခဲ့ပါတယ်။ User တွေဟ ‘Like’ လုပ်ရတာထက် တခြား ခံစားချက်
ဖီလင်တွေကိုလည်း ထုတ်ဖော်ပြချင်ကြတယ်လို့ သူက ဆိုပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေရဲ့ မိသားစုဝင်တစ်ဦးဦးသေဆုံးသွားပြီဆိုတာ တင်တဲ့ပို့ စ်တွေမျိုးမှာ user
 တွေအနေနဲ့ dislike လုပ်နိုင်မှာဖြစ်ကြောင်း ဥပမာပေးပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Facebook အသုံးပြုသူ user တွေ အနေနဲ့  ‘dislike’ ကို တခြားလူတွေအတွက် အပျက်သဘော အနုတ်လက္ခဏာဆောင်တဲ့
အနေနဲ့ တော့ အသုံးပြုကြမှာမဟုတ်ဘူးလို့ သူယုံကြည်ကြောင်း Mark Zuckerberg က Facebook ရုံးချုပ်မှာပြုလုပ်တဲ့ အင်္ဂါနေ့ အမေးအဖြေ ကဏ္ဍမှာ ပြောကြားခဲ့ပါတယ်။

‘Dislike’ ခလုတ်ကို ဘယ်တော့အသုံးပြုနိုင်မလဲဆိုတာကိုတော့ အချိန်အတိအကျမပြောကြားခဲ့ဘဲ မကြာခင်မှာအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

trend myanmar

No comments:

Post a Comment