ဘာ့ကြောင့်လဲ ဆိုတာတော့…
ခေါင်းလျှော်တဲ့အခါ ဖုန်နဲ့ အညစ်အကြေးတွေ သန့်ရှင်းသွားပြီး ဆံပင်အရင်းကို ကြမ်းထော်သွားစေပါတယ်။ အဲဒီကြမ်းထော်တဲ့ ဆံပင်ရင်းများက ဆံပင်ကို လိမ်ရှုပ်ပြီး ငြိနေစေပါတယ်။ conditioner သုံးတဲ့အခါ ချောမွေ့နူးညံ့စေပြီး ခေါင်းဖြီးရ လွယ်ကူစေပါတယ်။ conditioner က ဆံပင်အရင်းကို ချောမွေ့စေတာကြောင့် ဆံကေသာကို တောက်ပြောင်လာစေမှာဖြစ်ပါတယ်။
ဆံပင်ကို အရောင်ဆိုးမယ်ဆိုရင် conditioner သုံးကို သုံးပေးရပါလိမ့်မယ်။ ခေါင်းလျှော်ရတာကြောင့် အရောင်က အနည်းအကျဉ်းတော့ ဖျော့လာလေ့ရှိပါတယ်။ ဒါပေမယ့် ခေါင်းလျှော်ပြီးတိုင်း conditioner လိမ်းတဲ့အခါ အရောင်နဲ့ တစ်သားတည်းဖြစ်ပြီး ပြန်လည်တောက်ပ လာစေပါတယ်။
Ref: TOI
http://www.trend.com.mm/2015/09/14/beauty-7646
No comments:
Post a Comment