Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 8, 2015

ပေါင်တံမှ အရေပြားကြမ်းထော်စေတဲ့ cellulite အဆီများ ဖယ်ရှားနည်း




လူအများစုမှာ (အသားရေ ကြမ်းထော်စေတဲ့ အရပြားအောက်က အဆီတစ်မျိုး) cellulite အဆီများတဲ့ရောဂါ ခံစားရလေ့ရှိကြပေမယ့် ဘယ်လိုဖြေရှင်းရမှန်း မသိဖြစ်ကြပါတယ်။ ယင်း cellulite အဆီတွေကို သဘာဝနည်းဖြင့် ဖြေရှင်းနိုင်မယ့် နည်းလေးတွေရှိပါတယ်။
၁။ ပေါင်တံကို နှိပ်နယ်ပေးပါ
မိမိပေါင်တံကို နှိပ်နယ်ပေးတာ သွေးလည်ပတ်မှု ကောင်းမွန်စေတာကြောင့် cellulite ဖြစ်ပေါ်မှု လျော့နည်းစေပါတယ်။ ဖြစ်နေတဲ့နေရာတွေကို လက်ချောင်းလေးတွေနဲ့ နေ့စဉ် ၁၀ မိနစ်ခန့် နှိပ်ပေးပါ။
၂။ အရေပြားဆဲလ်သေများ ဖယ်ရှားပါ
အသားရေ ချောမွတ်ပြေပြစ်ဖို့ အနှောင့်အယှက်ဖြစ်စေတဲ့ ဆဲလ်သေများကို ဆားနဲ့ သကြား အသုံးပြုပြီး ဖယ်ရှားပါ။ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်မှ အရေပြားကြမ်းတမ်းမှုဖြစ်စေနိုင်တဲ့ အဆိပ်အတောက်များ ရှင်းထုတ်ပေးပါတယ်။
၃။ ရေများများသောက်ပါ
ရေသောက်ခြင်းက အရေပြားကြမ်းထော်မှုလျော့နည်းစေမယ့် ခန္ဓာကိုယ်မှ အဆိပ်အတောက်များ ဖယ်ရှားပေးပါလိမ့်မယ်။ ရေက အရေပြားတွန့်လိမ်ခြင်း လျော့နည်းစေတာကြောင့် အသားရေကို ပြေပြစ်ချောမွတ်စေပါတယ်။
၎။လေ့ကျင့်ခန်းလုပ်ပါ
နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့လေ့ကျင့်ခန်းက သွေးလည်ပတ်မှုပိုမိုကောင်းမွန်စေကာ အဆီပိုမိုလျော့နည်းစေနိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် ဖြည်းဖြည်းနဲ့ မှန်မှန်ပြေးခြင်းစတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။ ပေါင်ကြွက်သားတွေ သန်မာစေပါလိမ့်မယ်။ 
Ref: Standardmedia
http://www.trend.com.mm/2015/09/08/beauty-7604

No comments:

Post a Comment