Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 9, 2015

မြက်ရိတ်စက်ဖြင့်မြက်ရှင်းရာမှကိုယ့်သားကို ကိုယ်ပြန်သတ်သလိုဖြစ်

ကသာမြို့နယ်၊ကျောက်ထုံးကြီးကျေးရွာ၊ရဲစခန်းမှရဲဒု-တပ်ကြပ်အောင်မျိုးမင်းဟာ၈.၉.၂၀၁၅
နေ့၊နေ့လည်အိမ်ပြန်ပြီးထမင်းစားခဲ့ရာမှာခြံထဲမြက်တွေထူနေလို့မြက်ရိတ်စက်နဲ့မြက်ရှင်းခဲ့
တယ်လို့သိရပါတယ်။
မြက်ရှင်းနေတုံးသူ့ရဲ့ဇနီးမသူဇာကကံ့ကော်ပင်အောက် ကပေ ၃၀ ခန့်အကွာမှာ ကလေးကိုနို့တိုက်နေပါတယ်။မြက်ရိတ်စက်ကဒါးသွားဟာမြေကြီးပေါ်ရှိတဲ့သွပ်ကြေးနန်းကြိုးကိုထိမိပြီးလွင့်စင်သွားကာ
နို့စို့နေတဲ့အသက်၉လသားအရွယ်အောင်ကောင်းချစ်ရဲ့ဦးခေါင်းညာချိုစောင်းကိုစိုက်ဝင်
သွားတယ်လို့သိရပါတယ်။
ကိုအောင်မျိုးမင်းနဲ့မသူဇာတို့ကကလေးကိုပြုစုသော်လည်းမရတဲ့အတွက်ကျေးလက်ဆေးပေးခန်းကို
သွားတော့ကသာဆေးရုံကိုအမြန်ပို့ခိုင်းလို့ကသာကိုလာခဲ့ပါတယ်။ကသာဆေးရုံအရောက်မှာကလေးငယ်
အောင်ကောင်းချစ်အသက်၉လဟာသေဆုံးသွားတယ်လို့သိရပါတယ်။ဖြစ်ပွားချိန်က
၈.၉.၂၀၁၅နေ့၊နေ့လည်၁၁နာရီခွဲပါ။မသူဇာရဲ့အစ်မ၊ကလေးရဲ့အဒေါ်ဖြစ်သူမဥမ္မာ
ကမြက်ရိတ်စက်ကိုမဆင်မခြင်၊ပေါ့ဆစွာသုံးလို့ကလေးသေဆုံးရမှုအပေါ်ရဲဒုတပ်ကြပ်
အောင်မျိုးမင်းကိုအရေးယူပေးပါရန်ကသာမြို့မရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါတယ်။
ကသာမြို့မရဲစခန်းမှရဲဒုတပ်ကြပ်အောင်မျိုးမင်းကိုပြစ်မှုဆိုင်ရာပုဒ်မ၃၀၄-ကနဲ့အရေးယူထား
တယ်လို့သိရပါတယ်။'
Credit Aye Lwin Katha

No comments:

Post a Comment