Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

ဒေါက်တာစိုင်းမောက်ခမ်း တရုတ်စာတမ်း ထည့်သွင်း မဲဆွယ်မှု အပေါ် ဒေသခံတို့ ဝေဖန်နေ

 ပြည်သူ့လွှတ်ေ တ်ာကိုယ်စားလှယ်အဖြစ် လားရှိုးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းဓါတ်ပုံပါ မဲဆွယ်ဗွီနိုင်းပိုစတာများပေါ်တွင် တရုတ်စာနှင့် အင်္ဂလိပ်စာတမ်းများ ထည့်သွင်းထား သည့်အပေါ် လားရှိုးဒေသခံများက ဝေဖန်နေမှုများရှိလာကြောင်း သိရှိရသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက လားရှိုးမြို့ ရပ်ကွက်(၁၁)ရှိ တရုတ် စာသင်ကျောင်းတွင် ပြုလုပ်သော မဲဆွယ်စည်းရုံးဟောပြောပွဲတွင် အဆိုပါဘာသာ(၂)မျိုးကို ချိတ်ဆွဲ ထားသော ဗွီနိုင်း ပိုစတာများနှင့် လိုက်လံဝေငှသည့်သော့ချိတ်များတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

“ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မဲဆွယ်စည်းရုံးရာမှာ လက်ကမ်းစာစောင်တွေဝေတယ်။ သော့ချိတ် လည်း ဝေတယ်။ သော့ချိတ် တဖက်က ကချင်တိုင်းရင်းသားဝတ်စုံနဲ့ မြန်မာစာရေးထားတယ်။ တဖက်က အနောက် တိုင်းဝတ်စုံဝတ်ထားတဲ့ဓါတ်ပုံတဖက်ဘေးမှာ အင်္ဂလိပ်စာ Vote for Dr.Sai Mawk Kham နဲ့ တဖက်ဘေးမှာ တရုတ် စာရေးထားတယ်”ဟု မဲဆွယ်ပွဲတက်ရောက်ခဲ့သူ ဦးသန်းမြင့်က ပြောသည်။

နိုင်ငံတော်ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများသည် လားရှိုး မြို့၌ မဲဆွယ်စည်းရုံးမှုများကို လားရှိုးမြို့ပေါ်ရပ်ကွက်များတွင် စက်တင်ဘာ ၈ ရက်မှစတင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ရှမ်းအမျိုးသားဝတ်စုံကိုဝတ်ပြီး မဲဆွယ်တာ ဗမာစကားနဲ့လည်း ပြောတယ်။ အချို့နေရာမှာ ရှမ်းလိုပြောတယ်။ တရုတ်တွေများတဲ့ ရပ်ကွက်မှာတော့ တရုတ်စကားပြန်နဲ့ပြောတာ ချိတ်ထားတဲ့ပိုစတာမှာလည်း တရုတ်စာ ရေးထားတယ်။ ကျွန်မက တရုတ်စာမတတ်တော့ ဘာရေးထားလည်း မသိဘူး”ဟု လားရှိုးမြို့ ရပ်ကွက်(၁၁) နမ့်ပါချီးရပ်ကွက်တွင် နေထိုင်သူဒေါ်အားဖျင်က ပြောသည်။

လားရှိုးမြို့ပေါ်တွင်ရှိသော တရုတ်လူမျိုးများအား မဲဆွယ်ရန် တရုတ်ဘာသာစကားအသုံးပြုခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာစိုင်းမောက်ခမ်းနှင့် ယှဉ်ပြိုင်ရမည့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီကိုယ်စားလှယ် ဦးခင်မောင် အေးကပြောသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အမှတ်(၁)တွင် ပါတီကြီး(၅)ခုဖြစ် သည့် NLD၊ SNLD၊ ကျားဖြူပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစိုင်းဇော်မင်းက ပြောသည်။

နိုင်ငံတော်သမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများက လားရှိုးမြို့ပေါ်၌ မဲဆွယ် စည်းရုံးမှုများကို တစ်ရက်လျှင်(၄)နေရာ ဟောပြောခြင်းပြုလုပ်နေသဖြင့် စက်တင်ဘာ ၁၄ ရက်နေ့အထိ (၂၈)နေရာ၌ မဲဆွယ်စည်းရုံးဟောပြောပြီးဖြစ်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment