ABC Radio Australia
...................................
မြန်မာရဲတပ်ဖွဲ့ (Credit: ABC)
မြန်မာအာဏာပိုင်တွေက လူပေါင်း လေးသောင်းကို ရွေးကောက်ပွဲအတွက် အထူးရဲတွေအဖြစ် ခန့်အပ်မယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလလယ်က စပြီး လူပေါင်း လေးသောင်းကျော်ကို ရွေးကောက်ပွဲ အထူးရဲအဖြစ် တစ်လကြာ ခန့်အပ်မယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
အဲဒီလူတွေကို လက်နက်တွေ ကိုင်ခွင့်ပေးထားမှာ မဟုတ်သလို ရဲတွေလောက် အာဏာရှိမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ရွေးကောက်ပွဲမှာ ပြဿနာတွေ ဖြစ်မလာအောင် လုံခြုံရေးအင်အား တိုးချဲ့တဲ့ သဘောဖြစ်မယ်လို့ ဆိုပါတယ်။
အဲဒီ အထူးတပ်ဖွဲ့ဝင်တွေကို ရဲအရာရှိတွေနဲ့ ရပ်ကွက်၊ မြို့နယ်လူကြီးတွေက ရွေးချယ်မှာ ဖြစ်ပြီး တစ်လစာ လုပ်အားခကတော့ ရဲတွေကို ပေးတဲ့ လစာလိုပဲ ပေးမယ်လို့ သိရပါတယ်။
အဲဒီလို လုံခြုံရေးအင်အား တိုးချဲ့တဲ့အပေါ် စိုးရိမ်မကင်းမှုတွေ ရှိနေပါတယ်။ တချို့ကလည်း ဒီလို အဖွဲ့အစည်းတွေကို အသုံးပြုပြီး အာဏာပိုင်က လိုသလို အသုံးပြုမှာကို စိုးရိမ်တာလည်း ရှိပါတယ်။
NLD ပါတီကတော့ ဘာကြောင့် အဲဒီလို အထူးရဲတွေကို ခန့်အပ်ရသလဲ ဆိုတာကို မသိရဘူးလို့ ပြောဆိုပြီး အကောင်းကို ရည်ရွယ်ပြီး ခန့်အပ်တာမျိုး ဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment