Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

​ႏိုင္​ငံ​ေရး​အ​က်ဥ္း​သား ​အ​ေရ​အ​တြက္ ​ရာ​ေက်ာ္​ထိ​ေအာင္ ​ျပန္​မ်ား​လာ

​ႏိုင္​ငံ​ေရး ​ေၾကာင့္ ​ဖမ္း​ဆီး ​အ​က်ဥ္း​ခ် ​ခံ​ရ​သူ ​အ​ေရ​အ​တြက္ ​ျပန္​လည္ ​မ်ား​ျပား ​လာ။
 ​ျမန္​မာ ​ႏိုင္​ငံ ​မွာ ​ႏိုင္​ငံ​ေရး ​အ​ရ ​အ​က်ဥ္း​က်​ခံ​ေန​ရ​တဲ့ ​ဦး​ေရ ​ျပန္​လည္ ​တိုး​ပြား ​လာ​ေန​ၿပီး ​အ​ခု ​ဆို​ရင္ ​အ​ေယာက္ ၁၀၀ ​ေက်ာ္ ​ရွိ​ေန​တဲ့ ​အ​ျပင္ ​ႏိုင္​ငံ​ေရး ​ယံု​ၾကည္​မႈ ​ေၾကာင့္ ​တ​ရား ​ရင္​ဆိုင္ ​ေန​ရ​သူ ​ေတြ ​လည္း ​အ​ေယာက္ ၅၀၀ ​ဝန္း​က်င္ ​ရွိ​တယ္ ​လို႔ ​ႏိုင္​ငံ​ေရး ​အ​က်ဥ္း​သား ​ေဟာင္း​မ်ား ​အ​ဖြဲ႕ FPPS ​က ​ေျပာ​ပါ​တယ္။

​ျမန္​မာ ​အ​စိုး​ရ ​အ​ေန​နဲ႔ ​ျပည္​တြင္း ​ၿငိမ္း​ခ်မ္း​ေရး ​ရ​ရွိ ​ဖို႔ ​လုပ္​ေဆာင္ ​ေန​တဲ့ ​ကာ​လ ​ျဖစ္​သ​လို ၊ ​လာ​မယ့္ ၂၀၁၅ ​ေရြး​ေကာက္​ပြဲ ​ကို​လည္း ​လြတ္​လပ္ ​ၿပီး ​တ​ရား​မ်ွ​တ ​မႈ ​ရွိ​ရ​ေစ​မယ္ ​ဆို​ၿပီး ​အာ​မ​ခံ ​ထား​တဲ့ ​အ​တြက္ ​အ​ခု​လို ​ႏိုင္​ငံ​ေရး ​အ​က်ဥ္း​သား ​ေတြ ​ရွိ ​ေန​တာ ​ဟာ ​မ​ျဖစ္​သင့္ ​ဘူး ​လို႔ FPPS ​အ​ဖြဲ႕ ​က ​ဦး​ေဆာင္ ​ေကာ္​မ​တီ​ဝင္ ​တစ္​ဦး ​ျဖစ္​တဲ့ ​ကို​တင္​ေမာင္​ဦး ​က ​ဘီ​ဘီ​စီ ​ကို ​ေျပာ​ပါ​တယ္။

​သ​မၼ​တ​ဦး​စိန္ ​အ​စိုး​ရ ​တက္​လာ ​ခဲ့​ၿပီး​တဲ့ ​ေနာက္ ​ႏိုင္​ငံ​ေရး ​အ​က်ဥ္း​သား ​ေတြ ​ကို ​လြွတ္​ေပး ​ခဲ့ ​တာ​မွာ ၂၀၁၃ ​အ​ကုန္​ပိုင္း ​မွာ​ေတာ့ ​အ​က်ဥ္း​သား ၂၇ ​ဦး ​ပဲ ​က်န္ ​ေတာ့ ​တာ​က​ေန ​ႏိုင္​ငံ​ေရး ​ေၾကာင့္ ​ဖမ္း​ဆီး ​အ​က်ဥ္း​ခ် ​ခံ​ရ​သူ ​အ​ေရ​အ​တြက္ ​ျပန္​လည္ ​မ်ား​ျပား ​လာ​တာ ​ျဖစ္​တယ္ ​လို႔​လည္း ​ကို​တင္​ေမာင္​ဦး ​က ​ဆို​ပါ​တယ္။

​ျပည္​တြင္း ​ၿငိမ္း​ခ်မ္း​ေရး ​လုပ္​ငန္း​ေတြ ​နဲ႔ ​ႏိုင္​ငံ​ေရး ​ျဖစ္​စဥ္ ​ေတြ ​မွာ ​ပါ​ဝင္ ​ႏိုင္​ဖို႔ ​ဖမ္း​ဆီး ​ခံ​ထား​ရ​တဲ့ ​ႏိုင္​ငံ​ေရး ​အ​က်ဥ္း​သား​ေတြ ​အား​လံုး ​ကို ​အ​ျမန္​ဆံုး ​ျပန္​လြွတ္ ​ေပး​ပါ ​ဆို​ၿပီး ​ႏိုင္​ငံ​ေရး ​အ​က်ဥ္း​သား​မ်ား ​ေစာင့္​ေရွာက္​ေရး ​အ​ဖြဲ႕ AAPP ​နဲ႔ ​ႏိုင္​ငံ​ေရး ​အ​က်ဥ္း​သား ​ေဟာင္း​မ်ား ​အ​ဖြဲ႕ FPPS ​က ​စက္​တင္​ဘာ ၂၈ ​ရက္​စြဲ ​နဲ႔ ​ေၾက​ညာ​ခ်က္ ​ထုတ္​ျပန္ ​ေတာင္း​ဆို ​ထား​ပါ​တယ္။

BBC Burmese
http://www.bbc.com/burmese
.......................................................


​နိုင်​ငံ​ရေး ​ကြောင့် ​ဖမ်း​ဆီး ​အ​ကျဉ်း​ချ ​ခံ​ရ​သူ ​အ​ရေ​အ​တွက် ​ပြန်​လည် ​များ​ပြား ​လာ။
 ​မြန်​မာ ​နိုင်​ငံ ​မှာ ​နိုင်​ငံ​ရေး ​အ​ရ ​အ​ကျဉ်း​ကျ​ခံ​နေ​ရ​တဲ့ ​ဦး​ရေ ​ပြန်​လည် ​တိုး​ပွား ​လာ​နေ​ပြီး ​အ​ခု ​ဆို​ရင် ​အ​ယောက် ၁၀၀ ​ကျော် ​ရှိ​နေ​တဲ့ ​အ​ပြင် ​နိုင်​ငံ​ရေး ​ယုံ​ကြည်​မှု ​ကြောင့် ​တ​ရား ​ရင်​ဆိုင် ​နေ​ရ​သူ ​တွေ ​လည်း ​အ​ယောက် ၅၀၀ ​ဝန်း​ကျင် ​ရှိ​တယ် ​လို့ ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား ​ဟောင်း​များ ​အ​ဖွဲ့ FPPS ​က ​ပြော​ပါ​တယ်။

​မြန်​မာ ​အ​စိုး​ရ ​အ​နေ​နဲ့ ​ပြည်​တွင်း ​ငြိမ်း​ချမ်း​ရေး ​ရ​ရှိ ​ဖို့ ​လုပ်​ဆောင် ​နေ​တဲ့ ​ကာ​လ ​ဖြစ်​သ​လို ၊ ​လာ​မယ့် ၂၀၁၅ ​ရွေး​ကောက်​ပွဲ ​ကို​လည်း ​လွတ်​လပ် ​ပြီး ​တ​ရား​မျှ​တ ​မှု ​ရှိ​ရ​စေ​မယ် ​ဆို​ပြီး ​အာ​မ​ခံ ​ထား​တဲ့ ​အ​တွက် ​အ​ခု​လို ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား ​တွေ ​ရှိ ​နေ​တာ ​ဟာ ​မ​ဖြစ်​သင့် ​ဘူး ​လို့ FPPS ​အ​ဖွဲ့ ​က ​ဦး​ဆောင် ​ကော်​မ​တီ​ဝင် ​တစ်​ဦး ​ဖြစ်​တဲ့ ​ကို​တင်​မောင်​ဦး ​က ​ဘီ​ဘီ​စီ ​ကို ​ပြော​ပါ​တယ်။

​သ​မ္မ​တ​ဦး​စိန် ​အ​စိုး​ရ ​တက်​လာ ​ခဲ့​ပြီး​တဲ့ ​နောက် ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား ​တွေ ​ကို ​လွှတ်​ပေး ​ခဲ့ ​တာ​မှာ ၂၀၁၃ ​အ​ကုန်​ပိုင်း ​မှာ​တော့ ​အ​ကျဉ်း​သား ၂၇ ​ဦး ​ပဲ ​ကျန် ​တော့ ​တာ​က​နေ ​နိုင်​ငံ​ရေး ​ကြောင့် ​ဖမ်း​ဆီး ​အ​ကျဉ်း​ချ ​ခံ​ရ​သူ ​အ​ရေ​အ​တွက် ​ပြန်​လည် ​များ​ပြား ​လာ​တာ ​ဖြစ်​တယ် ​လို့​လည်း ​ကို​တင်​မောင်​ဦး ​က ​ဆို​ပါ​တယ်။

​ပြည်​တွင်း ​ငြိမ်း​ချမ်း​ရေး ​လုပ်​ငန်း​တွေ ​နဲ့ ​နိုင်​ငံ​ရေး ​ဖြစ်​စဉ် ​တွေ ​မှာ ​ပါ​ဝင် ​နိုင်​ဖို့ ​ဖမ်း​ဆီး ​ခံ​ထား​ရ​တဲ့ ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား​တွေ ​အား​လုံး ​ကို ​အ​မြန်​ဆုံး ​ပြန်​လွှတ် ​ပေး​ပါ ​ဆို​ပြီး ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား​များ ​စောင့်​ရှောက်​ရေး ​အ​ဖွဲ့ AAPP ​နဲ့ ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား ​ဟောင်း​များ ​အ​ဖွဲ့ FPPS ​က ​စက်​တင်​ဘာ ၂၈ ​ရက်​စွဲ ​နဲ့ ​ကြေ​ညာ​ချက် ​ထုတ်​ပြန် ​တောင်း​ဆို ​ထား​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment