Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 16, 2015

ထိခိုက်နာကျင်ခြင်းမရှိစေပဲ ဂိမ်းထဲကလို အနိုင်အရှုံးသတ်မှတ်ပေးနိုင်မယ့် တိုက်ခိုက်ရေး ၀တ်စုံ


အခုထွက်ပေါ်လာတဲ့ တိုက်ခိုက်ရေး ၀တ်စုံ တွေဟာ ရိုးရာကိုယ်ခံပညာ တိုက်ခိုက်ရေးသမား တွေကို 
Mortal-Kombat ဂိမ်း ထဲကလိုပုံစံမျိုးနဲ့ ထိခိုက်နာကျင်ခြင်း မရှိစေပဲ တိုက်ခိုက်နိုင်အောင် ဖန်တီးပေးလိုက်
ပါတယ်။

ထို နည်းပညာ မြင့် ၀တ်စုံဟာ ဂိမ်းတွေထဲမှာလို မိမိရဲ့ အသက်ကို ပြသမယ့် "Health Bar" တစ်ခုပါဝင်ပြီး 
ဆင်ဆာ စနစ်နဲ့ မိမိရဲ့ အသက်ကို သတ်မှတ် ပေးမှာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီ မြို့မှာ အခြေစိုက်တဲ့ နည်းပညာ ကုမ္မဏီ ဟာ ထို ၀တ်စုံကို ဖိအား နဲ့ လှုပ်ရှားမှု 
ဆင်ဆာ တွေနဲ့အတူ ကွန်ပျူတာ ဆော့ဖ်ဝဲ တစ်ခုကို ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ 
အကယ်၍ တစ်ဖက်က တိုက်ခိုက်ရေးသမား ရဲ့ ရာဘာ လက်နက် နဲ့ တိုက်ခိုက်မှု ဟာ ပြင်းထန်ရင်
 ပြင်းထန်သလို မိမိရဲ့ အသက်ကိုပြသတဲ့ Health Bar မှာ လျော့ကျသွားမှာ ဖြစ်ပါတယ်။

မိမိရဲ့ အသက်ကိုပြတဲ့ ဘားဟာ အစိမ်းရောင်တစ်ဖြည်းဖြည်း လျော့လာပြီး အနီရောင်ပြသသွားရင်တော့
 ထို ပုဂ္ဂိုလ် ဆက်လက် တိုက်ခိုက်လို့မရနိုင်တော့ပဲ ရှုံးနိမ့်သွားပြီလို့သတ်မှတ်ထားတာဖြစ်ပါတယ်။ 
ကုမ္မဏီဟာ ကမ္ဘာတစ်ဝှမ်းက တိုက်ခိုက်ရေး အားကစားပြိုင်ပွဲတွေမှာပါ အသုံးဝင်ဖို့ ရည်ရွယ်ပြီး 
ထုတ်လုပ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို ၀တ်စုံမှာ တော့ ခေါင်းစွပ် တစ်ခု ၊ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်မယ့် Biometric Data တွေနဲ့ 
အသံကို ပြောင်းလဲပေးမယ့် မိုက်ကရိုဖုန်း တစ်လုံးလည်း ပါဝင်တာကြောင့် ထိုဝတ်စုံ ၀တ်ဆင်ထားသူဟာ 
Mortal Kombat ထဲက Scorpion ဆိုတဲ့ ဇာတ်ကောင်လို အသံမျိုးနဲ့ တစ်ဖက် တိုက်ခိုက်သူကို
 လေတိုက်နိုင်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment