Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, September 19, 2015
မဲစာရင်းများဆုတ်ဖြဲခံရမှုရှိနေ၍ မဲစာရင်းကြည့်ချိန် ည ၇ နာရီအထိ သတ်မှတ်ရန်ညွှန်ကြား
Byဖြိုးဖြိုးဇော်
မန္တလေးတိုင်းတွင်ဆုတ်ဖြဲခံရသော မဲစာရင်းများ ဓာတ်ပုံ−(ပုသိမ်ကြီး)
 မန္တလေးတိုင်းဒေသကြီး အတွင်း မဲပေးခွင့်ရရှိမည့်အမည် စာရင်းစာရွက်များ ဆုတ်ဖြဲခံရမှုရှိ နေ၍ ည ၇ နာရီနောက်ဆုံးထား ကြည့်ရှုခွင့်ပေးရန် အုပ်ချုပ်ရေး မှူးရုံးများကို ညွှန်ကြားထား ကြောင်း မန္တလေးတိုင်း ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော် ကျော်စိုးက ပြောသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ပုသိမ်လေးကျေးရွာအုပ်ချုပ်ရေး မှူးရုံးကြော်ငြာသင်ပုန်းတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲပေးခွင့်ရရှိမည့် အမည်စာရင်း စာရွက်ပေါင်း ၈၆ ရွက်အနက် ၅၄ ရွက်ကို ယင်းကျေးရွာမှ အမျိုး သားနှစ်ဦးက  စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခွဲတွင် ဆုတ်ဖြဲခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
http://7daydaily.com/story/46793
.........................................
မန္တလေးတိုင်းဒေသကြီး အတွင်း မဲပေးခွင့်ရရှိမည့်အမည် စာရင်းစာရွက်များ ဆုတ်ဖြဲခံရမှုရှိ နေ၍ ည ရ နာရီနောက်ဆုံးထား ကြည့်ရှုခွင့်ပေးရန် အုပ်ချုပ်ရေး မှူးရုံးများကို ညွှန်ကြားထား ကြောင်း မန္တလေးတိုင်း ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော် ကျော်စိုးက ပြောသည်။
‘‘ကော်မရှင်ကလည်း မနက် ၉ နာရီကနေ ည ရ နာရီအထိပဲ ကြေညာပေးဖို့ မှာကြားထား တယ်။ တစ်နယ်နဲ့ တစ်နယ်မတူ ဘူး။ တချို့ကတော့လည်း ည ရ နာရီနောက်ပိုင်းမှ အလုပ်အား တာတွေလည်း ရှိတယ်။ အခုပြန် ပြီး မှာထားတယ်။ ည ရ နာရီအ ထိပဲ ကြေညာပေးပါ။ လုံခြုံရေး ကိုလည်း အရင်ကထက် ဂရုစိုက် ဖို့ ပြောထားပါတယ်’’ဟု ဦးကျော် ကျော်စိုးက ပြောသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ပုသိမ်လေးကျေးရွာအုပ်ချုပ်ရေး မှူးရုံးကြော်ငြာသင်ပုန်းတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲပေးခွင့်ရရှိမည့် အမည်စာရင်း စာရွက်ပေါင်း ၈၆ ရွက်အနက် ၅၄ ရွက်ကို ယင်းကျေးရွာမှ အမျိုး သားနှစ်ဦးက  စက်တင်ဘာ ၁၆ ရက် ည ရ နာရီခွဲတွင် ဆုတ်ဖြဲခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
‘‘အမျိုးသားနှစ်ဦးက အရက် မူးပြီးဆုတ်ဖြဲပစ်လိုက်တာ။ ကျေး ရွာအုပ်စုကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ကနေ အမှုဖွင့်ပြီး အရေးယူထား တယ်။ ပျက်စီးသွားတဲ့ မဲစာရင်း စာရွက်တွေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေ ပြန်တောင်းပြီး ပြန်ကပ်ထားပါတယ်’’ဟု ပုသိမ် လေးကျေးရွာအုပ်ချုပ်ရေးမှူး ဦး တင်ကိုက ပြောသည်။
မဲပေးခွင့်ရှိသူ အမည်စာရင်း စာရွက်များကို ဆုတ်ဖြဲခဲ့သည့် အ မျိုးသားနှစ်ဦးကို ပုသိမ်ကြီးမြို့မ ရဲတပ်ဖွဲ့စခန်းတွင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉(က) အရ အမှုဖွင့် ခဲ့ပြီး ၎င်းတို့ကို စက်တင်ဘာ ၁၇ ရက်၌    ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး   ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများက ထုတ် ပြန်ထားသောစာရင်း၊ အကြောင်း  ကြားစာ(သို့မဟုတ်)ရွေးကောက် ပွဲဆိုင်ရာ အခြားစာရွက်စာတမ်း များကို တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း(သို့မဟုတ်)ဖတ်ရှု၍ မရစေရန် ပြုလုပ်လျှင် ရွေး ကောက်ပွဲဥပဒေပုဒ်မ ၅၉(က) ဖြင့် အရေးယူမည်ဖြစ်ကာ အဆို ပါပုဒ်မကို ကျူးလွန်ပါက တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။
No comments:
Post a Comment