Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 11, 2015

ဂျပန်အရှေ့ပိုင်း ရေကြီးမှု သုံးဦးသေဆုံး၊ ၂၃ ဦးပျောက်ဆုံး


တိုကျို စက်တင်ဘာ ၁၁

ဂျပန်နိုင်ငံတွင် စံချိန်ချိုး မိုးရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပွားပြီး လူသုံးဦးသေဆုံးကာ ၂၃ ဦး ပျောက်ဆုံးနေကြောင်း ဂျပန်နိုင်ငံ အရှေ့ ဘက်ဒေသရှိ အရာရှိများက ပြောသည်။

ကယ်ဆယ်ရေးလုပ်သားများသည် ပျောက်ဆုံး နေသူများကို ရှာဖွေနေကြောင်း ပျောက်ဆုံးသူ ၂၂ ဦးမှာ ဂျပန်နိုင်ငံမြောက်ဘက် အီဘရာ ကီ ဒေသ ဂျိုဇိုမြို့မှဖြစ်ကြောင်း သိရသည်။

မြို့တော်အရာရှိများက လူ ၂၅ ဦး ပျောက် ဆုံးနေကြောင်း၊ နောက်ပိုင်းတွင် ပျောက်ဆုံးနေသူ များမှ လူသုံးဦးနှင့် အဆက်အသွယ်လုပ်နိုင်ခဲ့ ကြောင်း သိရသည်။ အခြားပျောက်ဆုံးသူ တစ်ဦး မှာ မီရာဂီဒေသ ကူရီဟာရာမြို့မှဖြစ်ကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment