Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, September 20, 2015

အနက္ေရာင္ဖဲႀကိဳးလႈပ္ရွားမႈ ဆရာဝန္ေတြ ဆက္လုပ္ေဆာင္ သြားမည္

အနက္ေရာင္ဖဲႀကိဳးလႈပ္ရွားမႈ သတင္းစာရွင္းလင္းပြဲကို စက္တင္ဘာလ ၂၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဒဂံုၿမိဳ႕နယ္က မင္းကြန္းတိပိဋကတ္ေက်ာင္းတိုက္မွာျပဳလုပ္ေနစဥ္။ Photo: Aung Thain Kha/ RFA
 က်န္းမာေရးဝန္ႀကီးဌာနကို တပ္မေတာ္အရာရွိေတြက ဝင္ေရာက္တာဝန္ထမ္းေဆာင္ တာကို ကန္႔ကြက္တဲ့ အနက္ေရာင္ဖဲႀကိဳးလႈပ္ရွားမႈေတြကို တစ္ျပည္လံုး အတိုင္းအတာနဲ႔ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ဆရာဝန္ေတြက ေျပာပါတယ္။

ဒီကေန႔ ရန္ကုန္ၿမိဳ႕ ဒဂံုၿမိဳ႕နယ္က မင္းကြန္းတိပိဋကတ္ေက်ာင္းတိုက္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အနက္ေရာင္ဖဲႀကိဳးလႈပ္ရွားမႈမွာ ဦးေဆာင္ပါဝင္ တဲ့ ေမာ္လၿမိဳင္ကၽြန္းၿမိဳ႕ ေဆးရံုႀကီးက ခြဲစိတ္ဆရာဝန္ေဒါက္ တာ ေက်ာ္ဆန္းသင္းက ေျပာပါတယ္။

"က်ေနာ္တို႔ရဲ႕အခုရည္မွန္းခ်က္၊ ေရွ႕ဆက္လုပ္မယ့္လမ္းစဥ္အကုန္လံုးကို က်ေနာ္တို႔က ခ်ျပသြားမွာပါ၊ ကန္႔ကြက္တဲ့အေၾကာင္းကိုေတာ့ ဆက္လက္ၿပီးတင္ျပသြား ဖို႔ရွိပါတယ္၊ ျမန္မာျပည္တျပည္လံုးမွာ ရသမွ်ရက္ပိုင္းအတြင္းမွာ လက္မွတ္ ၃ ေထာင္ေက်ာ္ ေကာက္ၿပီးမွာေတာ့ ႏိုင္ငံေတာ္သမၼတ၊ ကာကြယ္ေရးဦးစီးခ်ဳပ္၊ လႊတ္ေတာ္ဥကၠဌ၊ တရားဥပေဒစိုးမိုးေရးဥကၠဌ၊ က်ေနာ္တို႔အားလံုးက ဦးေဆာင္တဲ့သူေတြရယ္၊ က်ေနာ္တို႔ပို႔ထားၿပီးပါၿပီ၊ စက္တင္ဘာလဆန္းပိုင္း ကပို႔ထားပါတယ္"

လက္ရွိမွာ တပ္မေတာ္အရာရွိ ၁၇ ဦးဟာ ရန္ကုန္ေဆးရံုႀကီး၊ ေနျပည္ေတာ္န႔ဲ မႏၱေလးေဆးရံုႀကီးေတြမွာ အုပ္ခ်ဳပ္ေရးနဲ႔ ကုသေရးပိုင္းဆိုင္ရာေတြမွာ ဝင္ေရာက္ တာဝန္ထမ္းေဆာင္ေနၾကတယ္လို႔ ေျပာပါတယ္။

လက္ရွိတာဝန္ထမ္းေဆာင္ေနတဲ့ တပ္မေတာ္အရာရွိေတြကို တာဝန္ကေန ျပန္ရုတ္သိမ္းေပးဖို႔နဲ႔ ေနာက္ထပ္ လည္းခန္႔အပ္တာဝန္မေပးဖို႔အတြက္ ႏိုင္ငံေတာ္ သမၼတ၊ ကာကြယ္ေရးဦးစီးခ်ဳပ္၊ လႊတ္ေတာ္ဥကၠဌ ႏွစ္ဦးတို႔ဆီ ကို တစ္ျပည္လံုးက က်န္းမာေရးဝန္ထမ္း ၃၀၀၀ (သံုးေထာင္) ေလာက္ရဲ႕ လက္မွတ္ေတြ နဲ႔ ေပးပို႔ထားတယ္လို႔ သိရပါတယ္။

အနက္ေရာင္ဖဲႀကိဳးလႈပ္ရွားမႈမွာ ဆရာဝန္ေတြအျပင္ သူနာျပဳဆရာမေတြလည္း ပါဝင္ၾကတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............................................

အနက်ရောင်ဖဲကြိုးလှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်က မင်းကွန်းတိပိဋကတ်ကျောင်းတိုက်မှာပြုလုပ်နေစဉ်။ Photo: Aung Thain Kha/ RFA
 ကျန်းမာရေးဝန်ကြီးဌာနကို တပ်မတော်အရာရှိတွေက ဝင်ရောက်တာဝန်ထမ်းဆောင် တာကို ကန့်ကွက်တဲ့ အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုတွေကို တစ်ပြည်လုံး အတိုင်းအတာနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်က မင်းကွန်းတိပိဋကတ်ကျောင်းတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင် တဲ့ မော်လမြိုင်ကျွန်းမြို့ ဆေးရုံကြီးက ခွဲစိတ်ဆရာဝန်ဒေါက် တာ ကျော်ဆန်းသင်းက ပြောပါတယ်။

"ကျနော်တို့ရဲ့အခုရည်မှန်းချက်၊ ရှေ့ဆက်လုပ်မယ့်လမ်းစဉ်အကုန်လုံးကို ကျနော်တို့က ချပြသွားမှာပါ၊ ကန့်ကွက်တဲ့အကြောင်းကိုတော့ ဆက်လက်ပြီးတင်ပြသွား ဖို့ရှိပါတယ်၊ မြန်မာပြည်တပြည်လုံးမှာ ရသမျှရက်ပိုင်းအတွင်းမှာ လက်မှတ် ၃ ထောင်ကျော် ကောက်ပြီးမှာတော့ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားဥပဒေစိုးမိုးရေးဥက္ကဌ၊ ကျနော်တို့အားလုံးက ဦးဆောင်တဲ့သူတွေရယ်၊ ကျနော်တို့ပို့ထားပြီးပါပြီ၊ စက်တင်ဘာလဆန်းပိုင်း ကပို့ထားပါတယ်"

လက်ရှိမှာ တပ်မတော်အရာရှိ ၁၇ ဦးဟာ ရန်ကုန်ဆေးရုံကြီး၊ နေပြည်တော်နဲ့ မန္တလေးဆေးရုံကြီးတွေမှာ အုပ်ချုပ်ရေးနဲ့ ကုသရေးပိုင်းဆိုင်ရာတွေမှာ ဝင်ရောက် တာဝန်ထမ်းဆောင်နေကြတယ်လို့ ပြောပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်အရာရှိတွေကို တာဝန်ကနေ ပြန်ရုတ်သိမ်းပေးဖို့နဲ့ နောက်ထပ် လည်းခန့်အပ်တာဝန်မပေးဖို့အတွက် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦးတို့ဆီ ကို တစ်ပြည်လုံးက ကျန်းမာရေးဝန်ထမ်း ၃၀၀၀ (သုံးထောင်) လောက်ရဲ့ လက်မှတ်တွေ နဲ့ ပေးပို့ထားတယ်လို့ သိရပါတယ်။

အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုမှာ ဆရာဝန်တွေအပြင် သူနာပြုဆရာမတွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment