Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 14, 2015

တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှုမှာ လက်ခံနိုင်ဖွယ် မရှိဟု အမေရိကန်သမ္မတ ပြောကြား


ဝါရှင်တန် ၊ ၁၄-၉-၂၀၁၅

အမေရိကန်နိုင်ငံ အပေါ် တရုတ်နိုင်ငံက ဆိုက်ဘာ တိုက်ခိုက်မှု များသည် လက်ခံနိုင်ဖွယ် မရှိဟု အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ပြောကြား လိုက်ကြောင်း စက် တင်ဘာ ၁၂ ရက် BBC သတင်း ထုတ်ပြန်ချက် အရ သိရသည်။

နိုင်ငံအတွင်းရှိ အစိုးရနှင့် အခြား အဖွဲ့အစည်းများ အပေါ် ပြုလုပ်လျက် ရှိသည့် ဆိုက်ဘာ တိုက်ခိုက်မှု များမှာ တရုတ်နိုင်ငံ ၏ လက်ချက် ဖြစ်သည်ကို မိမိတို့ အနေဖြင့် ရှင်းရှင်းလင်းလင်း တွေ့ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန် ပြည်ထောင်စု အနေဖြင့် အဆိုပါ လုပ်ရပ်များကို လက်ခံမည် မဟုတ်ကြောင်း နှင့် နှစ်နိုင်ငံ အစိုးရ အဖွဲ့များ အနေဖြင့် ၄င်းတို့၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှု များကို ဟန့်တားနိုင် ရေးအတွက် ဆိုက်ဘာ အာကာသ ကွန်ရက် ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို လိုက်နာရန် လိုအပ်ကြောင်း အိုဘားမား က ပြောကြားသည်။

အိုဘားမား၏ အဆိုပါ ပြောကြားချက်သည် အမေရိကန် ပြည်ထောင်စုသို့ လာရောက် လည်ပတ်မည့် တရုတ် သမ္မတ ရှီကျင့်ဖျင် ၏ ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် တာဝန်ရှိ သူများသည် နိုင်ငံအတွင်းရှိ ပုဂ္ဂလိက စီမံခန့်ခွဲမှုရုံး ဆိုက်ဘာ တိုက်ခိုက်ခံရမှု တွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ တရုတ်စစ်ဘက် အရာရှိ ငါးဦးကို လွန်ခဲ့သည့် နှစ်က တရားစွဲဆို ခဲ့သော်လည်း ယင်းဆိုက်ဘာ တိုက်ခိုက်မှုသည် အမေရိကန် ဟက်ကာ များ၏ လက်ချက် ဖြစ်ကြောင်း တရုတ် အစိုးရက ပြောကြားပြီး အမေရိကန် အစိုးရ၏ စွပ်စွဲချက် များကို ငြင်းဆို ခဲ့ကြောင်း သိရသည်။

Obama says cyber-attacks emanating from China 'not acceptable'

#PyiChitThar

No comments:

Post a Comment