Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

ပညာေရးဥပေဒ ဆႏၵျပေက်ာင္းသားမ်ားေရွ႕ေန တရားစြဲခံရ


 ပညာေရးဥပေဒ ဆႏၵျပေက်ာင္းသားမ်ားေရွ႕ေန တရားစြဲခံရ 
 ပညာေရးဥပေဒ ျပင္ဆင္ေရးဆြဲေပးဖုိ႔ ေတာင္းဆုိဆႏၵျပၾကတဲ့ ေက်ာင္းသားေတြနဲ႔ သူတုိ႔ကုိ ပ့ံ့ပုိး ကူညီေပးခဲ့ၾကသူေတြရဲ႕ အမႈကုိ စက္တင္ဘာလ ၂၂ ရက္ေန႔က သာယာ၀တီတရား႐ုံးမွာ ႐ုံးထုတ္ စစ္ေဆးခဲ့ေပမဲ့့ အမႈတြဲမရွိတဲ့အတြက္ စက္တင္ဘာလ ၂၉ ရက္ေန႔မွာ ၾကားနာဖုိ႔ ျပန္လည္ ခ်ိန္းဆုိလုိက္ပါတယ္။

ဒီအေတာအတြင္း ေက်ာင္းသားေတြရဲ႕ အက်ဳိးေဆာင္ေရွ႕ေနတဦးျဖစ္တဲ့ ေဒၚခင္ခင္ေက်ာ္ကုိ ပုဒ္မ ၂၂၈ - တရားစီရင္ေရး ေႏွာင့္ယွက္မႈနဲ႔ သာယာ၀တီၿမိဳ႕နယ္ တရားသူႀကီးက တရားစြဲဆုိလုိက္ပါတယ္။ အျပည့္အစုံကုိေတာ့ ဆက္သြယ္ စုံစမ္းထားတဲ့ ကုိေဇာ္၀င္းလႈိင္က တင္ျပထားပါတယ္။

ပညာေရးဥပေဒ ျပင္ဆင္ေရးအတြက္ ေတာင္းဆုိဆႏၵျပၾကတဲ့ ေက်ာင္းသားေတြရဲ႕ ပင္မသပိတ္စခန္းကုိ လုံၿခံဳေရးတပ္ဖြဲ႔ေတြက အင္အားသုံး ၿဖိဳခြင္းၿပီး ဖမ္းဆီးထိန္းသိမ္းခဲ့တာ ၆ လ ေက်ာ္သြားၿပီ ျဖစ္ေပမဲ့့ အခုခ်ိန္ထိ သက္ေသတေယာက္ကုိသာ စစ္ေဆးၿပီးပါေသးတယ္။

ေက်ာင္းသားေတြနဲ႔ သူတုိ႔ကုိ ကူညီပ့ံပိုးေပးခဲ့ၾကသူေတြကုိ ႐ုံးခ်ိန္း အႀကိမ္ႀကိမ္ ခ်ိန္းဆုိခဲ့ေပမဲ့ အခုခ်ိန္ထိ အမႈဟာ သိသိသာသာ တုိးတက္မႈ မရွိေသးပါဘူး။ အခုတခါလည္း စက္တင္ဘာ ၂၂ ရက္၊ အဂၤါေန႔က သူတုိ႔အမႈကုိ သာယာ၀တီၿမိဳ႕နယ္ တရား႐ုံးမွာ စစ္ေဆးဖုိ႔ ရွိေပမဲ့ အမႈတြဲမရွိတဲ့အတြက္ စက္တင္ဘာလ ၂၉ ရက္ေန႔ကုိ ျပန္လည္ ခ်ိန္းဆုိလုိက္တယ္လုိ႔ အက်ဳိးေဆာင္ ေရွ႕ေနတဦးျဖစ္တဲ့ ေဒၚခင္ခင္ေက်ာ္က ေျပာပါတယ္။

“ဒီေန႔ကေတာ့ မူလ႐ံုးအမႈတြဲမရွိလို႔ မစစ္ျဖစ္တာေလ။ မူလ႐ံုးအမႈတြဲက ျပင္ဆင္မႈတခု တက္ထားတဲ့အတြက္ေၾကာင့္မို႔လို႔ ပဲခူးတုိင္းေဒသႀကီး တရားလႊတ္ေတာ္ကို ေရာက္သြားတယ္ေလ။ အဲဒါေၾကာင့္မို႔လို႔ က်မတို႔ရဲ႕ ေအာက္႐ံုးမွာေတာ့ မစစ္ျဖစ္တာေပါ့ေနာ္။ အခုက ၿမိဳ႕နယ္၊ ၿမိဳ႕နယ္ကေနၿပီးေတာ့ ခ႐ိုင္ကိုတက္တယ္။ ခ႐ိုင္ကိုတက္ေတာ့ ခ႐ိုင္ကလည္း မရတဲ့အတြက္ေၾကာင့္မို႔ သူက ပဲခူးတုိင္းေဒသႀကီး တရားလႊတ္ေတာ္ကို တက္ထားတာေပါ့ေနာ္။ အဲဒီထဲက ယာဥ္ပိုင္ရွင္ကေလ။ ကားအာမခံမရလို႔ဆုိၿပီး တက္သြားတာ။ သာမန္အားျဖင့္ဆုိရင္ေတာ့ အဲ့လိုအေပၚ ႐ံုးေတြတက္တယ္ဆုိရင္ေတာ့ ႏွစ္လ၊ သံုးလေလာက္ေတာ့ ၾကာတတ္တယ္။ သာမန္အမႈေတြဆုိရင္ေတာ့ ဒီအမႈကိုေတာ့ မေျပာတတ္ဘူး။ က်မကေတာ့ေလ။ အဲဒါက သူတို႔႐ံုးေတာ္က လုပ္ေဆာင္ခ်က္အေပၚ မူတည္တာေပါ့ေနာ္။”

ေက်ာင္းသားေတြရဲ႕အမႈကုိ ေလာေလာဆယ္မွာ တုိင္းတရား႐ုံးကုိ လႊဲထားတဲ့အတြက္ ၃ - ၄ လေလာက္ ၾကာႏုိင္တယ္လုိ႔ ဆုိျပန္တဲ့အတြက္ စက္တင္ဘာလ ၂၉ ရက္ေန႔မွာ ႐ုံးခ်ိန္း ခ်ိန္းထားတာဟာလည္း ေနာက္ထပ္ ရက္ထပ္တုိးရဖုိ႔ ေသခ်ာသေလာက္ ရွိေနပါတယ္။

ေက်ာင္းသားေတြအေနနဲ႔ သူတုိ႔အမႈကုိ ၁ ပတ္တခါ ႐ုံးခ်ိန္းတက္မလား၊ သုိ႔တည္းမဟုတ္ ၂ ပတ္တခါ ႐ုံးခ်ိန္းတက္မလား ဆုိတာကုိ ေရြးခ်ယ္ပုိင္ခြင့္ ရွိမွာျဖစ္ၿပီး သူတုိ႔ ေရွ႕ဆက္ ဘယ္လုိ လုပ္ေဆာင္မယ္ ဆုိတာကုိေတာ့ လာမယ့္ ၂၉ ရက္ေန႔ ႐ုံးခ်ိန္းက်မွ ဆုံးျဖတ္သြားမယ္လုိ႔ ဆုိပါတယ္။ အက်ဳိးေဆာင္ေရွ႕ေန ေဒၚခင္ခင္ေက်ာ္ဟာလည္း ဒီအမႈကုိ ၾကားနာစစ္ေဆးေနတဲ့ ကာလအတြင္းမွာပဲ တရားစီရင္ေရး ေႏွာင့္ယွက္မႈနဲ႔ တရားသူႀကီးကုိယ္တုိင္က တရားစြဲဆုိတာကုိ ခံထားရတာ ျဖစ္ပါတယ္။

“၂၂၈ ဟုတ္ကဲ့ရွင့္။ အဲဒါက တရားစီရင္ေရး ေႏွာင့္ယွက္မႈေပါ့။ က်မကို စြဲတယ္ဆုိတာကလည္းပဲ တရားစီရင္ေရးကို ဆက္လက္ ေဆာင္ရြက္လို႔မရေအာင္ ေႏွာင့္ယွက္တယ္ဆိုတဲ့ အဲဒီအေၾကာင္းျပခ်က္နဲ႔ က်မကို စြဲထားတာေပါ့ေနာ္ အခု။ က်မအမႈကေတာ့ ၅ ရက္ေန႔ကို ျပန္ခ်ိန္းတယ္ရွင့္။ ၅ ရက္ေန႔မွာေတာ့ တရားလိုေပါ့ေနာ္ သာယာ၀တီၿမိဳ႕နယ္ တရားသူႀကီး ဦးခ်စ္ျမတ္ကို စစ္မယ္ေပါ့။”

အမႈကုိ ၾကားနာစစ္ေဆးတဲ့ တရားသူႀကီးက သူ႔အေပၚ ဘာေၾကာင့္ တရားစြဲတယ္ဆုိတာကုိလည္း ေဒၚခင္ခင္ေက်ာ္ က အခုလုိ ရွင္းျပပါတယ္။

“ဟုတ္ကဲ့ အဲဒီေန႔ကက်ေတာ့ က်မက ဒုရဲမွဴး နႏၵာ၀င္းရဲ႕ေနရာမွာ ဒုရဲမွဴးႀကီး နႏၵာ၀င္းဆုိၿပီးေတာ့ ရာထူးေလးေျပာင္းတာေလ။ အဲဒီျပင္ဆင္ေလွ်ာက္လႊာကို က်မက အဲဒီေန႔က ႐ံုးေတာ္ကိုတင္တယ္။ တင္တဲ့အခါမွာ တရားသူႀကီးက သူက အမိန္႔ပဲခ်မယ္။ ဒီဟာ ျပင္ဆင္တာကို လက္မခံဘူး။ က်မကို ေဆာင္ရြက္ တင္ျပခြင့္လည္း မေပးဘူး။ ႏႈတ္နဲ႔လည္း တင္ျပခြင့္မေပးဘဲနဲ႔ ဒီေလွ်ာက္လႊာႀကီးကို က်မကို တန္းေပးလိုက္တယ္ေပါ့ေနာ္။ က်မကေတာ့ မဟုတ္ဘူး။ ဒါက က်မက ဒီ ၅၈ ဦးစာလံုးကုိ က်မက ပါ၀ါယူထားတဲ့ ေရွ႕ေနတေယာက္အေနနဲ႔ က်မက ေရွ႕ေန၀တၱရားရွိတယ္ေလ။ က်မေဆာင္ရြက္ရမယ့္ဟာ ဒါေလးကိုေတာ့ တင္ျပခြင့္ေပးပါ။ ေနာက္ၿပီးေတာ့ ဒီကေလးေတြလည္း ၾကားသိဖုိ႔ လိုတယ္ေလ။ ဒါေၾကာင့္မို႔လို႔ က်မက ႐ံုးေတာ္ကို တင္တာ ဒါေပမဲ့ သူက လံုး၀ လက္မခံဘူး။ လံုး၀ ျပင္းျပင္းထန္ထန္ကို ေပးလိုက္တယ္ေပါ့ေနာ္။ အဲဒီအေပၚမွာ က်မက ေဆာင္ရြက္ဖို႔ တင္ျပတာေပါ့။ တင္ျပတဲ့အေပၚမွာကို သူက အမိန္႔အျမန္ခ်မယ္ဆုိၿပီးေတာ့ သူက စိတ္ဆိုးၿပီးေတာ့ တရားခြင္ကို ဆင္းသြားတာရွင့္။”

ေဒၚခင္ခင္ေက်ာ္ အခုလုိ တရားစြဲခံရတာဟာ ၿခိမ္းေျခာက္တဲ့အေနနဲ႔ လုပ္ေဆာင္ျခင္းျဖစ္တယ္လုိ႔ ေက်ာင္းသားေတြက ထင္ျမင္ယူဆေၾကာင္းလည္း သူက အခုလုိ ရွင္းျပပါတယ္။

“ဒီ တရားစြဲထားတဲ့ ကိစၥအေပၚမွာေတာ့ သူတုိ႔ကေတာ့ ဒါက ၿခိမ္းေျခာက္တယ္ေပါ့ေနာ္။ သူတုိ႔အတြက္ကို တမင္ ဒီဘက္ကပဲ လုပ္ခ်င္တာေတြလုပ္တယ္ေပါ့ေနာ္ သူတုိ႔ဘက္ကို ဖိႏွိပ္တယ္ေပါ့ အဲလိုမ်ိဳး သေဘာေတြေတာ့ အျမင္ေလးေတြေတာ့ ရွိတယ္ေပါ့ေနာ္။ က်မကေတာ့ သေဘာ႐ိုးနဲ႔ပဲ ျပဳမူေဆာင္ရြက္ခဲ့တာပဲေလ။ ဒီအေပၚမွာ က်မကေတာ့ ရင္ဆုိင္ထုေခ်သြားမွာပဲ။ က်မကေတာ့ အခု အလုပ္ေတြလည္း ႐ႈပ္သြားတယ္။ က်မတို႔အတြက္လည္း နစ္နာတယ္။ ဒီေက်ာင္းသား ကေလးေတြအတြက္ နစ္နာတယ္ေပါ့ေနာ္။ က်မတို႔ ဒီလုပ္ငန္းေဆာင္ရြက္တဲ့အေပၚမွာ ကေလးေတြအတြက္ကို ကိုယ္က လုိက္ပါ ေဆာင္ရြက္ေပးေနတာေလ။”

ေဒၚခင္ခင္ေက်ာ္ကေတာ့ သူ႔ဘက္က အမွားအယြင္း တစုံတရာ လုပ္ခဲ့ျခင္းမရွိတဲ့အတြက္ ဥပေဒနဲ႔အညီ ဆက္လက္ ရင္ဆုိင္သြားမယ္လုိ႔ ေျပာပါတယ္။ ပညာေရး ဥပေဒ ျပဳျပင္ ေျပာင္းလဲဖုိ႔အတြက္ ဆႏၵျပခဲ့ၾကတဲ့ လက္ပံတန္းေက်ာင္းသား၊ ေက်ာင္းသူေတြကို ရဲအာဏာပိုင္ေတြက အၾကမ္းဖက္ ၿဖိဳခြင္း ႐ိုက္ႏွက္မႈနဲ႔ ပတ္သက္လို႔ ေက်ာင္းသားေတြရဲ႕ ဥပေဒ အက်ဳိးေဆာင္ေတြဘက္က တရားစြဲဆိုထားမႈကို သာယာဝတီခ႐ိုင္ တရား႐ံုးက ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၁ ရက္ေန႔က ပယ္ခ်ခဲ့ၿပီး ျဖစ္ပါတယ္။

ပညာေရးဥပေဒ ျပဳျပင္ ေျပာင္းလဲဖုိ႔ ဆႏၵျပ ေတာင္းဆုိၾကတဲ့ ေက်ာင္းသားေတြ အပါအ၀င္၊ လယ္သမားေတြ၊ အလုပ္သမားအေရး လႈပ္ရွားသူေတြ၊ လူ႔အခြင့္အေရး ကာကြယ္ ေစာင့္ေရွာက္သူေတြကုိ ဖမ္းဆီး အေရးယူ အျပစ္ေပးျခင္းဟာ ႏုိ၀င္ဘာလ ေရြးေကာက္ပြဲ က်င္းပၿပီး ဒီမုိကေရစီ ကူးေျပာင္းမယ္ဆုိတဲ့ ကတိစကားကုိ ခ်ဳိးေဖာက္ရာ ေရာက္ေစတဲ့အေၾကာင္း၊ မတရားမႈအေပၚ ဆႏၵျပ ကန္႔ကြက္မႈ၊ ႏုိင္ငံေရး လႈပ္ရွားမႈမွာ ပါ၀င္ၿပီး လြတ္လပ္စြာ ေျပာဆုိခြင့္၊ လြတ္လပ္စြာ စု႐ုံးခြင့္ စတာေတြကုိ သူတုိ႔အေနနဲ႔ လက္ေတြ႔ ေဖာ္ေဆာင္ေနတာျဖစ္ေၾကာင္း လူ႔အခြင့္အေရးဆုိင္ရာ မဟာမင္ႀကီး Zeid Raad Al-Hussein က လက္ရွိ က်င္းပေနတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ၃၀ ႀကိမ္ေျမာက္ ညီလာခံ အဖြင့္မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားသြားပါတယ္။

ကိုုေဇာ္၀င္းလႈိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................................................

 ပညာရေးဥပဒေ ဆန္ဒပြကျောင်းသားများရှေ့နေ တရားစွဲခံရ
 ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲပေးဖို့ တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားတွေနဲ့ သူတို့ကို ပ့ံ့ပိုး ကူညီပေးခဲ့ကြသူတွေရဲ့ အမှုကို စက်တင်ဘာလ ၂၂ ရက်နေ့က သာယာဝတီတရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပေမဲ့့ အမှုတွဲမရှိတဲ့အတွက် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကြားနာဖို့ ပြန်လည် ချိန်းဆိုလိုက်ပါတယ်။

ဒီအတောအတွင်း ကျောင်းသားတွေရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ခင်ခင်ကျော်ကို ပုဒ်မ ၂၂၈ - တရားစီရင်ရေး နှောင့်ယှက်မှုနဲ့ သာယာဝတီမြို့နယ် တရားသူကြီးက တရားစွဲဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားတွေရဲ့ ပင်မသပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာ ၆ လ ကျော်သွားပြီ ဖြစ်ပေမဲ့့ အခုချိန်ထိ သက်သေတယောက်ကိုသာ စစ်ဆေးပြီးပါသေးတယ်။

ကျောင်းသားတွေနဲ့ သူတို့ကို ကူညီပ့ံပိုးပေးခဲ့ကြသူတွေကို ရုံးချိန်း အကြိမ်ကြိမ် ချိန်းဆိုခဲ့ပေမဲ့ အခုချိန်ထိ အမှုဟာ သိသိသာသာ တိုးတက်မှု မရှိသေးပါဘူး။ အခုတခါလည်း စက်တင်ဘာ ၂၂ ရက်၊ အင်္ဂါနေ့က သူတို့အမှုကို သာယာဝတီမြို့နယ် တရားရုံးမှာ စစ်ဆေးဖို့ ရှိပေမဲ့ အမှုတွဲမရှိတဲ့အတွက် စက်တင်ဘာလ ၂၉ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်တယ်လို့ အကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

“ဒီနေ့ကတော့ မူလရုံးအမှုတွဲမရှိလို့ မစစ်ဖြစ်တာလေ။ မူလရုံးအမှုတွဲက ပြင်ဆင်မှုတခု တက်ထားတဲ့အတွက်ကြောင့်မို့လို့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို ရောက်သွားတယ်လေ။ အဲဒါကြောင့်မို့လို့ ကျမတို့ရဲ့ အောက်ရုံးမှာတော့ မစစ်ဖြစ်တာပေါ့နော်။ အခုက မြို့နယ်၊ မြို့နယ်ကနေပြီးတော့ ခရိုင်ကိုတက်တယ်။ ခရိုင်ကိုတက်တော့ ခရိုင်ကလည်း မရတဲ့အတွက်ကြောင့်မို့ သူက ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို တက်ထားတာပေါ့နော်။ အဲဒီထဲက ယာဉ်ပိုင်ရှင်ကလေ။ ကားအာမခံမရလို့ဆိုပြီး တက်သွားတာ။ သာမန်အားဖြင့်ဆိုရင်တော့ အဲ့လိုအပေါ် ရုံးတွေတက်တယ်ဆိုရင်တော့ နှစ်လ၊ သုံးလလောက်တော့ ကြာတတ်တယ်။ သာမန်အမှုတွေဆိုရင်တော့ ဒီအမှုကိုတော့ မပြောတတ်ဘူး။ ကျမကတော့လေ။ အဲဒါက သူတို့ရုံးတော်က လုပ်ဆောင်ချက်အပေါ် မူတည်တာပေါ့နော်။”

ကျောင်းသားတွေရဲ့အမှုကို လောလောဆယ်မှာ တိုင်းတရားရုံးကို လွှဲထားတဲ့အတွက် ၃ - ၄ လလောက် ကြာနိုင်တယ်လို့ ဆိုပြန်တဲ့အတွက် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရုံးချိန်း ချိန်းထားတာဟာလည်း နောက်ထပ် ရက်ထပ်တိုးရဖို့ သေချာသလောက် ရှိနေပါတယ်။

ကျောင်းသားတွေအနေနဲ့ သူတို့အမှုကို ၁ ပတ်တခါ ရုံးချိန်းတက်မလား၊ သို့တည်းမဟုတ် ၂ ပတ်တခါ ရုံးချိန်းတက်မလား ဆိုတာကို ရွေးချယ်ပိုင်ခွင့် ရှိမှာဖြစ်ပြီး သူတို့ ရှေ့ဆက် ဘယ်လို လုပ်ဆောင်မယ် ဆိုတာကိုတော့ လာမယ့် ၂၉ ရက်နေ့ ရုံးချိန်းကျမှ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ အကျိုးဆောင်ရှေ့နေ ဒေါ်ခင်ခင်ကျော်ဟာလည်း ဒီအမှုကို ကြားနာစစ်ဆေးနေတဲ့ ကာလအတွင်းမှာပဲ တရားစီရင်ရေး နှောင့်ယှက်မှုနဲ့ တရားသူကြီးကိုယ်တိုင်က တရားစွဲဆိုတာကို ခံထားရတာ ဖြစ်ပါတယ်။

“၂၂၈ ဟုတ်ကဲ့ရှင့်။ အဲဒါက တရားစီရင်ရေး နှောင့်ယှက်မှုပေါ့။ ကျမကို စွဲတယ်ဆိုတာကလည်းပဲ တရားစီရင်ရေးကို ဆက်လက် ဆောင်ရွက်လို့မရအောင် နှောင့်ယှက်တယ်ဆိုတဲ့ အဲဒီအကြောင်းပြချက်နဲ့ ကျမကို စွဲထားတာပေါ့နော် အခု။ ကျမအမှုကတော့ ၅ ရက်နေ့ကို ပြန်ချိန်းတယ်ရှင့်။ ၅ ရက်နေ့မှာတော့ တရားလိုပေါ့နော် သာယာဝတီမြို့နယ် တရားသူကြီး ဦးချစ်မြတ်ကို စစ်မယ်ပေါ့။”

အမှုကို ကြားနာစစ်ဆေးတဲ့ တရားသူကြီးက သူ့အပေါ် ဘာကြောင့် တရားစွဲတယ်ဆိုတာကိုလည်း ဒေါ်ခင်ခင်ကျော် က အခုလို ရှင်းပြပါတယ်။

“ဟုတ်ကဲ့ အဲဒီနေ့ကကျတော့ ကျမက ဒုရဲမှူး နန္ဒာဝင်းရဲ့နေရာမှာ ဒုရဲမှူးကြီး နန္ဒာဝင်းဆိုပြီးတော့ ရာထူးလေးပြောင်းတာလေ။ အဲဒီပြင်ဆင်လျှောက်လွှာကို ကျမက အဲဒီနေ့က ရုံးတော်ကိုတင်တယ်။ တင်တဲ့အခါမှာ တရားသူကြီးက သူက အမိန့်ပဲချမယ်။ ဒီဟာ ပြင်ဆင်တာကို လက်မခံဘူး။ ကျမကို ဆောင်ရွက် တင်ပြခွင့်လည်း မပေးဘူး။ နှုတ်နဲ့လည်း တင်ပြခွင့်မပေးဘဲနဲ့ ဒီလျှောက်လွှာကြီးကို ကျမကို တန်းပေးလိုက်တယ်ပေါ့နော်။ ကျမကတော့ မဟုတ်ဘူး။ ဒါက ကျမက ဒီ ၅၈ ဦးစာလုံးကို ကျမက ပါ၀ါယူထားတဲ့ ရှေ့နေတယောက်အနေနဲ့ ကျမက ရှေ့နေဝတ္တရားရှိတယ်လေ။ ကျမဆောင်ရွက်ရမယ့်ဟာ ဒါလေးကိုတော့ တင်ပြခွင့်ပေးပါ။ နောက်ပြီးတော့ ဒီကလေးတွေလည်း ကြားသိဖို့ လိုတယ်လေ။ ဒါကြောင့်မို့လို့ ကျမက ရုံးတော်ကို တင်တာ ဒါပေမဲ့ သူက လုံးဝ လက်မခံဘူး။ လုံးဝ ပြင်းပြင်းထန်ထန်ကို ပေးလိုက်တယ်ပေါ့နော်။ အဲဒီအပေါ်မှာ ကျမက ဆောင်ရွက်ဖို့ တင်ပြတာပေါ့။ တင်ပြတဲ့အပေါ်မှာကို သူက အမိန့်အမြန်ချမယ်ဆိုပြီးတော့ သူက စိတ်ဆိုးပြီးတော့ တရားခွင်ကို ဆင်းသွားတာရှင့်။”

ဒေါ်ခင်ခင်ကျော် အခုလို တရားစွဲခံရတာဟာ ခြိမ်းခြောက်တဲ့အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ကျောင်းသားတွေက ထင်မြင်ယူဆကြောင်းလည်း သူက အခုလို ရှင်းပြပါတယ်။

“ဒီ တရားစွဲထားတဲ့ ကိစ္စအပေါ်မှာတော့ သူတို့ကတော့ ဒါက ခြိမ်းခြောက်တယ်ပေါ့နော်။ သူတို့အတွက်ကို တမင် ဒီဘက်ကပဲ လုပ်ချင်တာတွေလုပ်တယ်ပေါ့နော် သူတို့ဘက်ကို ဖိနှိပ်တယ်ပေါ့ အဲလိုမျိုး သဘောတွေတော့ အမြင်လေးတွေတော့ ရှိတယ်ပေါ့နော်။ ကျမကတော့ သဘောရိုးနဲ့ပဲ ပြုမူဆောင်ရွက်ခဲ့တာပဲလေ။ ဒီအပေါ်မှာ ကျမကတော့ ရင်ဆိုင်ထုချေသွားမှာပဲ။ ကျမကတော့ အခု အလုပ်တွေလည်း ရှုပ်သွားတယ်။ ကျမတို့အတွက်လည်း နစ်နာတယ်။ ဒီကျောင်းသား ကလေးတွေအတွက် နစ်နာတယ်ပေါ့နော်။ ကျမတို့ ဒီလုပ်ငန်းဆောင်ရွက်တဲ့အပေါ်မှာ ကလေးတွေအတွက်ကို ကိုယ်က လိုက်ပါ ဆောင်ရွက်ပေးနေတာလေ။”

ဒေါ်ခင်ခင်ကျော်ကတော့ သူ့ဘက်က အမှားအယွင်း တစုံတရာ လုပ်ခဲ့ခြင်းမရှိတဲ့အတွက် ဥပဒေနဲ့အညီ ဆက်လက် ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။ ပညာရေး ဥပဒေ ပြုပြင် ပြောင်းလဲဖို့အတွက် ဆန္ဒပြခဲ့ကြတဲ့ လက်ပံတန်းကျောင်းသား၊ ကျောင်းသူတွေကို ရဲအာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်း ရိုက်နှက်မှုနဲ့ ပတ်သက်လို့ ကျောင်းသားတွေရဲ့ ဥပဒေ အကျိုးဆောင်တွေဘက်က တရားစွဲဆိုထားမှုကို သာယာဝတီခရိုင် တရားရုံးက ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။

ပညာရေးဥပဒေ ပြုပြင် ပြောင်းလဲဖို့ ဆန္ဒပြ တောင်းဆိုကြတဲ့ ကျောင်းသားတွေ အပါအဝင်၊ လယ်သမားတွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေကို ဖမ်းဆီး အရေးယူ အပြစ်ပေးခြင်းဟာ နို၀င်ဘာလ ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီ ကူးပြောင်းမယ်ဆိုတဲ့ ကတိစကားကို ချိုးဖောက်ရာ ရောက်စေတဲ့အကြောင်း၊ မတရားမှုအပေါ် ဆန္ဒပြ ကန့်ကွက်မှု၊ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါ၀င်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးခွင့် စတာတွေကို သူတို့အနေနဲ့ လက်တွေ့ ဖော်ဆောင်နေတာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီး Zeid Raad Al-Hussein က လက်ရှိ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၀ ကြိမ်မြောက် ညီလာခံ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပညာေရးဥပေဒ ဆႏၵျပေက်ာင္းသားမ်ားေရွ႕ေန တရားစြဲခံရhttps://www.youtube.com/watch?v=WTE57aF7cB4&index=204&list=PLzl2CAwehuoyw5H2qVrbucEGv9AyRajtM

Posted by The Melting Pot 4 U on Tuesday, 22 September 2015

No comments:

Post a Comment