Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 19, 2015

ဦးတင်ဦး ဟင်္သာတမှာ ဟောပြော



 ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့်သူဆိုတာ မှတ်ကျောက်တင်ခံနိုင်တယ်လို့ NLD နာယက သူရဦးတင်ဦးက ပြောပါတယ်။

ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ် ဟုန်ဆန်စီခန်းမမှာကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ NLD နာယက သူရဦးတင်ဦးက ပြောလိုက်တာဖြစ်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ မဲစာရင်းတွေမှာ အမှားအယွင်းတွေများနေပေမယ့် ပြည်သူတွေအနေနဲ့ မဲစာရင်းတွေကို သွားရောက်စစ်ဆေးကြဖို့ကိုလည်း ပြောပါတယ်။

ဟင်္သာတမြို့နယ် မဲဆန္ဒနယ်ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးဌေးဦးရဲ့ မဲဆန္ဒနယ်မြေဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့ ဟင်္သာတမြို့က အခမ်းအနားကို ဒေသခံ တစ်ထောင်ကျော်လောက် တက်ရောက်ကြပြီး ဟသာင်္တမြို့နယ်ကနေ ရွေးကောက်ပွဲကို ဝင်ရောက်ရွေးချယ်ခံကြမယ့် NLD ပါတီက ကိုယ်စားလှယ်လောင်းတွေကိုလည်း ဒေသခံတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment