Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

ေရြးေကာက္ပြဲမတုိင္ခင္ ႏုိင္ငံေရး အက်ဥ္းသားေတြ လႊတ္ေပးဖုိ႔ ေတာင္းဆုိ

 ၂ဝ၁၃ ခုႏွစ္ ေမလ ၁၇ ရက္ေန႔က သမၼတရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန္႔နဲ႔ အင္းစိန္ေထာင္က လြတ္ေျမာက္လာတဲ့ ႏိုင္ငံေရး အက်ဥ္းသားမ်ားကို လာႀကိဳသူမ်ားနဲ႔အတူ ေတြ႕ရစဥ္။ Photo: Kyaw Zaw Win/RFA
 လာမယ့္ ေရြးေကာက္ပြဲ မတိုင္ခင္ ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးဖို႔အတြက္ AAPP ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔နဲ႔ FPPS ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႔တို႔က ပူးတဲြေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္ပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားအားလံုးကို လႊတ္ေပးမွသာ လာမယ့္ေရြးေကာက္ပဲြဟာ အားလံုးပါ၀င္ခြင့္ ရွိတဲ့ ေရြးေကာက္ပဲြ ျဖစ္လာႏုိင္မွာျဖစ္တယ္လို႔ AAPP အေထြေထြ အတြင္းေရးမွဴး ဦးတိတ္ႏိုင္က ေျပာပါတယ္။

"ေၾကညာခ်က္ထုတ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ၂ဝ၁၅ ခုနွစ္ အေထြေထြေရြးေကာက္ပြဲကလည္း လုပ္ေတာ့မယ္ဆိုေတာ့ က်ေနာ္တို႔အတြက္ ဒီလိုမ်ဳိးအေျပာင္းအလဲ ကာလမ်ဳိးေတြမွာ အမ်ဳိးသားျပန္လည္ သင့္ျမတ္ေရးအတြက္ကိုေသာ္၄င္း၊ ဒီမိုကေရစီေရးအတြက္ေသာ္၄င္း ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးျခင္းအားျဖင့္ လြတ္လပ္မယ္ဆိုတဲ့ အျမင္မ်ဳိးကို ျပည္သူေတြ ျမင္လာဖို႔ရွိပါတယ္၊ ထို႔အတူပဲ ႏိုင္ငံတကာကလည္း အဲ့လိုအျမင္မ်ဳိးေတြ ျမင္လာဖို႔ရွိပါတယ္"

မၾကာခင္မွာ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ အစိုးရတုိ႔ အပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုေတာ့ မွာျဖစ္တဲ့အတြက္ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ဆက္သြယ္လို႔ဆုိၿပီး ဖမ္းဆီးခံထားရသူေတြကို လႊတ္ေပး ဖို႔လည္းလိုတယ္လို႔ ဦးတိတ္ႏိုင္က ေျပာပါတယ္။ AAPP က ျပဳစုထားတဲ့ စာရင္းေတြအရ လက္ရွိအက်ဥ္းေထာင္ အသီးသီးမွာ ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေရးအက်ဥ္းသား ၁၀၀ေက်ာ္ ရွိၿပီး တရားရင္ဆုိင္ေနရသူ ၅၀၀ နီးပါး ရွိတယ္လို႔ သိရပါတယ္။

BBC Burmese
http://www.rfa.org/burmese
............................................

 ၂ဝ၁၃ ခုနှစ် မေလ ၁၇ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
 လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ FPPS နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှသာ လာမယ့်ရွေးကောက်ပွဲဟာ အားလုံးပါ၀င်ခွင့် ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မှာဖြစ်တယ်လို့ AAPP အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

"ကြေညာချက်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကလည်း လုပ်တော့မယ်ဆိုတော့ ကျနော်တို့အတွက် ဒီလိုမျိုးအပြောင်းအလဲ ကာလမျိုးတွေမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ကိုသော်၄င်း၊ ဒီမိုကရေစီရေးအတွက်သော်၄င်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် လွတ်လပ်မယ်ဆိုတဲ့ အမြင်မျိုးကို ပြည်သူတွေ မြင်လာဖို့ရှိပါတယ်၊ ထို့အတူပဲ နိုင်ငံတကာကလည်း အဲ့လိုအမြင်မျိုးတွေ မြင်လာဖို့ရှိပါတယ်"

မကြာခင်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုတော့ မှာဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေး ဖို့လည်းလိုတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။ AAPP က ပြုစုထားတဲ့ စာရင်းတွေအရ လက်ရှိအကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော် ရှိပြီး တရားရင်ဆိုင်နေရသူ ၅၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

BBC Burmese
http://www.rfa.org/burmese

No comments:

Post a Comment