Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

လူ႔အခြင့္အေရးဆုိင္ရာ ေဝဖန္မႈ ဦးဝဏၰေမာင္လြင္ ေခ်ပ


 ျပည္ပႏိုင္ငံေတြက လူေတြ တရားမဝင္ေျပာင္းေရႊ႕ ဝင္ေရာက္ လာတဲ့ျပႆနာ၊ ဒုကၡသည္ ျပႆနာ ေတြ ဟာ ျမန္မာႏိုင္ငံမွာ သာျဖစ္ေနတဲ့ျပႆနာမဟုတ္ပဲ ဥေရာပနဲ႕ အေမရိကန္ျပည္ေထာင္စု အပါအ၀င္ ကမာၻ႔ႏိုင္ငံ အမ်ားအျပားမွာ ေလာေလာဆယ္ ႀကံဳေနရတဲ့ ျပႆနာျဖစ္ေနတယ္ လို႔ ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာၾကား လိုက္ပါတယ္။ အေမရိကန္ျပည္ေထာင္စု နယူးေရာက္ၿမိဳ႕မွာ ႏိုင္ငံျခား ဆက္ဆံေရးေကာင္စီ ကျပဳလုပ္တဲ့ ေဆြးေႏြးပဲြမွာ ဦး၀ဏၰေမာင္လြင္ က အဲဒီလိုေျပာၾကား သြားတာျဖစ္ပါတယ္။

ဒီေဆြးေႏြးပဲြကို အင္တာနက္အြန္လိုင္းကေန တိုက္ရိုက္ေစာင့္ၾကည့္ေနခဲ့တဲ့ ဦးေက်ာ္ဇံသာက အခုလို သတင္းတင္ျပထားပါတယ္။

ျမန္မာႏုိင္ငံ "Reform and Democratization" ျပဳျပင္ေျပာင္းလဲေရးနဲ႔ ဒီမိုကေရစီေဖာ္ေဆာင္ေရး ေဆြးေႏြးပြဲလို႔ ေခါင္းစဥ္ တပ္ထားတဲ့ ဒီအေမး အေျဖ ျပဳလုပ္ခန္းမွာ ေရြးေကာက္ပြဲ ကိစၥ၊ အာဏာ လႊဲေျပာင္းေရး ကိစၥ ၊ အပစ္အခတ္ ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရး ၊ ျမန္မာ-တရုတ္ ဆက္ဆံေရး စတဲ့ အေရးကိစၥ အေတာ္မ်ားမ်ားကို ေမးျမန္းခဲ့ၾကတာ ေတြ႔ရပါတယ္။

ေရြးေကာက္ပြဲမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အႏုိင္ရရင္ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ခြင့္ရွိေအာင္ ဖြဲ႔စည္းပံုျပင္ဆင္ႏုိင္မယ့္ အလားအလာ ဘယ္လိုရွိသလဲ ဆိုတဲ့ ေမးခြန္းကိုေတာ့ ဦးဝဏၰေမာင္လြင္က အခုလိုေျဖၾကားသြားပါတယ္။

"အခိုက္အတန္႔အားျဖင့္ က်ေနာ္တို႔ဟာ တည္ဆဲဥပေဒအတုိင္း လိုက္နာၾကရမွာျဖစ္ပါတယ္။ ဒီဖြဲ႔စည္းပံုဟာ ေဒၚေအာင္ဆန္းစုၾကည္ကို သာမက သမၼတျဖစ္ႏုိင္ခြင့္အတြက္ သတ္မွတ္ျခင္းနဲ႔ ကိုက္ညီျခင္း မရွိတဲ့ ဘယ္သူ႔ကိုမဆို တားျမစ္ထားတာျဖစ္ပါတယ္။ ေရြးေကာက္ပြဲၿပီးရင္ ရလဒ္ ဘယ္လိုျဖစ္လာမယ္ဆိုတာ က်ေနာ္ မသိပါဘူး။ ဒါေပမဲ့ ေရြးေကာက္ပြဲၿပီးရင္ အစိုးရသစ္ တရပ္ကို ဒီဖြဲ႔စည္းပံုနဲ႔ အညီ ဖြဲ႔စည္းမွာပဲ ျဖစ္ပါတယ္။"

ဒီလိုဆိုရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဟာ ေရြးေကာက္ပြဲမွာ အႏိုင္ရေပမဲ့ အဲ့ဒီ့အဖြဲ႔ခ်ဳပ္ရဲ႕ ေခါင္းေဆာင္ဟာ သမၼတ ျဖစ္လာႏုိင္မယ့္ အလားအလာ မရွိဘူးဆိုတဲ့ သေဘာလားလို႔ ေမးတဲ့အခါမွာေတာ့-ဦးဝဏၰေမာင္လြင္က ေနာက္လူေတြက စဥ္းစားပါလိမ့္မယ္လို႔ေျပာပါတယ္။

"ေရြးေကာက္ပြဲ ရလဒ္ကိုေတာ့ က်ေနာ္ မသိပါဘူး။ ဖြဲ႔စည္းပံုနဲ႔ ေရြးေကာက္ပြဲျဖစ္စဥ္ ကိစၥေတြကို ဘယ္လို ဆက္လုပ္မလဲ ဆိုတာ ေရြးေကာက္ပြဲမွာ အႏုိင္ရတဲ့သူေတြ ဆံုးျဖတ္ၾကပါလိမ့္မယ္။ "

ေနာက္တခါ လူ႔အခြင့္အေရးအဖြဲ႔ေတြက ျမန္မာႏုိင္ငံမွာ ရိုဟင္ဂ်ာေတြကို မ်ိဳးသုန္း သတ္ျဖတ္ေနတယ္။ အိမ္နီးခ်င္း ႏုိင္ငံေတြကို ေသာင္းနဲ႔ခ်ီ ထြက္ေျပးေနၾကရတယ္လို႔ စြပ္စြဲၾကတယ္။ ဒါဟာ ႏုိင္ငံတကာ ဆက္ဆံေရး ျပသနာတရပ္ျဖစ္ေနပါတယ္။ ဒီျပသနာအတြက္ ျမန္မာအစိုးရက ဘယ္လိုမူဝါဒမ်ိဳး ခ်မွတ္ထားသလဲ ဆိုတဲ့ ေမးခြန္း ကိုေတာ့-ဝန္ႀကီး ဦးဝဏၰေမာင္လြင္ က ရိုဟင္ဂ်ာဆိုတဲ့ အမည္ကို အသိအမွတ္ မျပဳေၾကာင္း ပထမဦးစြာ ပယ္ခ်ၿပီးေတာ့ ဒီလူေတြ ဝင္ေရာက္လာပံုကို သမုိင္းေၾကာင္းနဲ႔တကြ ဆက္လက္ရွင္းျပပါတယ္။ အဲ့ဒီ့ေနာက္ အခုလက္ရွိေဆာင္ရြက္ေနတဲ့အေျခအေနကို အခုလို ေျဖၾကားသြားပါတယ္။

"အခုလက္ရွိမွာလဲ က်ေနာ္တို႔က ႏုိင္ငံသားစိစစ္ေရးလုပ္ေတာ့ တရားမဝင္ လာေရာက္သူအခ်ိဳ႕ ထြက္သြားၾကပါတယ္။ တခ်ိဳ႕လည္း ေရၾကည္ရာ ျမက္ႏုရာ ရွာရင္း လူေမွာင္ခိုေတြလက္ထဲ ဆက္သြယ္ထြက္ခြာၾကတာရွိပါတယ္။ ေဒသတြင္း အလုပ္အကိုင္ရွာရင္း သြားၾကတာပါ။ မၾကာခင္က ကပၸလီ ပင္လယ္ထဲက ေလွစီးေျပးေတြ ထိုင္း၊ မေလးရွား၊ အင္ဒိုနီးရွားတို႔ကို ေရာက္သြားတဲ့ သူေတြဟာ ဒီလို အလုပ္ရွာဖို႔ ဘဂၤလားေဒ့ရွ္က လူေမွာင္ခိုေတြနဲ႔ ခိုးထြက္လာၾကသူေတြပါ။ ဒီျပသနာကို က်ေနာ္တို႔ အိမ္နီးခ်င္း ႏုိင္ငံေတြနဲ႔ ေဆြးေႏြးၿပီး ဒီႏွစ္ ေမလနဲ႔ ဇြန္လ အတြင္းကပဲ က်ေနာ္တို႔ ေရပိုင္နက္ထဲက ေလွတခ်ိဳ႕ ကို ျမန္မာေရတပ္က ကယ္တင္ခဲ့ပါတယ္။ ကိုးရာေလာက္ရွိပါတယ္။ သူတို႔ကို ယာယီေနစရာေပးထားပါတယ္။ ေသေသခ်ာခ်ာ စံုစမ္းစစ္ေဆးၿပီး ၈၀%ေလာက္ဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံသားေတြ ျဖစ္ေနတဲ့အတြက္ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ညိႇႏိႈင္းၿပီး ျပန္ပို႔ခဲ့ပါတယ္။ ဒီျပသနာဟာ ျမန္မာႏုိင္ငံမွာ သာမက ႏိုင္ငံတကာ မွာ ျဖစ္ေန တဲ့ ျပသနာပါ။ အခုေလာေလာဆယ္ ဥေရာပကို ၾကည့္ပါ။ ေရႊြ႔ေျပာင္း ဝင္ေရာက္လာသူေတြ အမ်ားႀကီးပါ။ အေမရိကား မွာ လည္း မကၠဆီကို နယ္စပ္မွာ ဒီလိုျပသနာမ်ိဳး ရွိေနတာပါပဲ။"

ဆက္လက္ၿပီး မ်ိဳးေစာင့္ဥပေဒလို႔ေခၚတဲ့ ဥပေဒေတြနဲ႔ပတ္သက္လို႔လည္း ဒါေတြဟာ မူဆလင္ေတြကို ခြဲျခားႏွိမ့္ခ်ထားျခင္း မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒီဥပေဒၾကမ္းေလးခု ကို လူထုရဲ႕ေတာင္းဆိုခ်က္အရ အစိုးရက ေရးဆြဲၿပီး လႊတ္ေတာ္က အတည္ျပဳခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ေနာက္ဆံုးအေနနဲ႔ ျမန္မာႏုိင္ငံမွာ ယာယီအသိအမွတ္ျပဳ ကိုင္ေဆာင္ထားတဲ့သူေတြ မဲေပးခြင့္မရဘူးဆိုတဲ့ ေမးခြန္းကို ေျဖၾကားရင္း အေမရိကန္ျပည္ေထာင္စုမွာေရာ Green Card ကိုင္ေဆာင္ထားတဲ့သူေတြ မဲေပးခြင့္ရပါသလားလို႔ ဦးဝဏၰေမာင္လြင္ က ျပန္လည္ေမးခြန္းထုတ္သြားပါတယ္။

ဦးေက်ာ္ဇံသာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............................

 ပြည်ပနိုင်ငံတွေက လူတွေ တရားမဝင်ပြောင်းရွှေ့ ဝင်ရောက် လာတဲ့ပြဿနာ၊ ဒုက္ခသည် ပြဿနာ တွေ ဟာ မြန်မာနိုင်ငံမှာ သာဖြစ်နေတဲ့ပြဿနာမဟုတ်ပဲ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားမှာ လောလောဆယ် ကြုံနေရတဲ့ ပြဿနာဖြစ်နေတယ် လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ပြောကြား လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့မှာ နိုင်ငံခြား ဆက်ဆံရေးကောင်စီ ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဦးဝဏ္ဏမောင်လွင် က အဲဒီလိုပြောကြား သွားတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို အင်တာနက်အွန်လိုင်းကနေ တိုက်ရိုက်စောင့်ကြည့်နေခဲ့တဲ့ ဦးကျော်ဇံသာက အခုလို သတင်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ "Reform and Democratization" ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ဆွေးနွေးပွဲလို့ ခေါင်းစဉ် တပ်ထားတဲ့ ဒီအမေး အဖြေ ပြုလုပ်ခန်းမှာ ရွေးကောက်ပွဲ ကိစ္စ၊ အာဏာ လွှဲပြောင်းရေး ကိစ္စ ၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ၊ မြန်မာ-တရုတ် ဆက်ဆံရေး စတဲ့ အရေးကိစ္စ အတော်များများကို မေးမြန်းခဲ့ကြတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရှိအောင် ဖွဲ့စည်းပုံပြင်ဆင်နိုင်မယ့် အလားအလာ ဘယ်လိုရှိသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးဝဏ္ဏမောင်လွင်က အခုလိုဖြေကြားသွားပါတယ်။

"အခိုက်အတန့်အားဖြင့် ကျနော်တို့ဟာ တည်ဆဲဥပဒေအတိုင်း လိုက်နာကြရမှာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံဟာ ဒေါ်အောင်ဆန်းစုကြည်ကို သာမက သမ္မတဖြစ်နိုင်ခွင့်အတွက် သတ်မှတ်ခြင်းနဲ့ ကိုက်ညီခြင်း မရှိတဲ့ ဘယ်သူ့ကိုမဆို တားမြစ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးရင် ရလဒ် ဘယ်လိုဖြစ်လာမယ်ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးရင် အစိုးရသစ် တရပ်ကို ဒီဖွဲ့စည်းပုံနဲ့ အညီ ဖွဲ့စည်းမှာပဲ ဖြစ်ပါတယ်။"

ဒီလိုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့ အဲ့ဒီ့အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဟာ သမ္မတ ဖြစ်လာနိုင်မယ့် အလားအလာ မရှိဘူးဆိုတဲ့ သဘောလားလို့ မေးတဲ့အခါမှာတော့-ဦးဝဏ္ဏမောင်လွင်က နောက်လူတွေက စဉ်းစားပါလိမ့်မယ်လို့ပြောပါတယ်။

"ရွေးကောက်ပွဲ ရလဒ်ကိုတော့ ကျနော် မသိပါဘူး။ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဖြစ်စဉ် ကိစ္စတွေကို ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူတွေ ဆုံးဖြတ်ကြပါလိမ့်မယ်။ "

နောက်တခါ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို မျိုးသုန်း သတ်ဖြတ်နေတယ်။ အိမ်နီးချင်း နိုင်ငံတွေကို သောင်းနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ စွပ်စွဲကြတယ်။ ဒါဟာ နိုင်ငံတကာ ဆက်ဆံရေး ပြသနာတရပ်ဖြစ်နေပါတယ်။ ဒီပြသနာအတွက် မြန်မာအစိုးရက ဘယ်လိုမူဝါဒမျိုး ချမှတ်ထားသလဲ ဆိုတဲ့ မေးခွန်း ကိုတော့-ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ် မပြုကြောင်း ပထမဦးစွာ ပယ်ချပြီးတော့ ဒီလူတွေ ဝင်ရောက်လာပုံကို သမိုင်းကြောင်းနဲ့တကွ ဆက်လက်ရှင်းပြပါတယ်။ အဲ့ဒီ့နောက် အခုလက်ရှိဆောင်ရွက်နေတဲ့အခြေအနေကို အခုလို ဖြေကြားသွားပါတယ်။

"အခုလက်ရှိမှာလဲ ကျနော်တို့က နိုင်ငံသားစိစစ်ရေးလုပ်တော့ တရားမဝင် လာရောက်သူအချို့ ထွက်သွားကြပါတယ်။ တချို့လည်း ရေကြည်ရာ မြက်နုရာ ရှာရင်း လူမှောင်ခိုတွေလက်ထဲ ဆက်သွယ်ထွက်ခွာကြတာရှိပါတယ်။ ဒေသတွင်း အလုပ်အကိုင်ရှာရင်း သွားကြတာပါ။ မကြာခင်က ကပ္ပလီ ပင်လယ်ထဲက လှေစီးပြေးတွေ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ကို ရောက်သွားတဲ့ သူတွေဟာ ဒီလို အလုပ်ရှာဖို့ ဘင်္ဂလားဒေ့ရှ်က လူမှောင်ခိုတွေနဲ့ ခိုးထွက်လာကြသူတွေပါ။ ဒီပြသနာကို ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြီး ဒီနှစ် မေလနဲ့ ဇွန်လ အတွင်းကပဲ ကျနော်တို့ ရေပိုင်နက်ထဲက လှေတချို့ ကို မြန်မာရေတပ်က ကယ်တင်ခဲ့ပါတယ်။ ကိုးရာလောက်ရှိပါတယ်။ သူတို့ကို ယာယီနေစရာပေးထားပါတယ်။ သေသေချာချာ စုံစမ်းစစ်ဆေးပြီး ၈၀%လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းပြီး ပြန်ပို့ခဲ့ပါတယ်။ ဒီပြသနာဟာ မြန်မာနိုင်ငံမှာ သာမက နိုင်ငံတကာ မှာ ဖြစ်နေ တဲ့ ပြသနာပါ။ အခုလောလောဆယ် ဥရောပကို ကြည့်ပါ။ ရွွှေ့ပြောင်း ဝင်ရောက်လာသူတွေ အများကြီးပါ။ အမေရိကား မှာ လည်း မက္ကဆီကို နယ်စပ်မှာ ဒီလိုပြသနာမျိုး ရှိနေတာပါပဲ။"

ဆက်လက်ပြီး မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ဥပဒေတွေနဲ့ပတ်သက်လို့လည်း ဒါတွေဟာ မူဆလင်တွေကို ခွဲခြားနှိမ့်ချထားခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီဥပဒေကြမ်းလေးခု ကို လူထုရဲ့တောင်းဆိုချက်အရ အစိုးရက ရေးဆွဲပြီး လွှတ်တော်က အတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ယာယီအသိအမှတ်ပြု ကိုင်ဆောင်ထားတဲ့သူတွေ မဲပေးခွင့်မရဘူးဆိုတဲ့ မေးခွန်းကို ဖြေကြားရင်း အမေရိကန်ပြည်ထောင်စုမှာရော Green Card ကိုင်ဆောင်ထားတဲ့သူတွေ မဲပေးခွင့်ရပါသလားလို့ ဦးဝဏ္ဏမောင်လွင် က ပြန်လည်မေးခွန်းထုတ်သွားပါတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment